ဆာလံကျမ်း 130
ကူ​မ​တော်​မူ​ရန်​ဆု​တောင်း​
အိုထာဝရဘုရား၊ နက်နဲရာထဲက ကိုယ်တော်ကို အကျွန်ုပ်အော်ဟစ်ပါ၏။ အို ထာဝရဘုရား၊ အကျွန်ုပ်၏စကားသံကိုကြား၍၊ အကျွန်ုပ် ဆုတောင်းပတ္ထနာပြုသံကို နားညောင်းတော်မူပါ။ အို ဘုရားရှင်ထာဝရဘုရား၊ ကိုယ်တော်သည် ဒုစရိုက်အပြစ်များကို မှတ်တော်မူလျှင် အဘယ်သူသည် ခံရပ်နိုင်ပါမည်နည်း။ ကိုယ်တော်ကို ကြောက်ရွံ့စရာအကြောင်း ရှိစေခြင်းငှာ၊ အပြစ်လွှတ်ခြင်းအခွင့်ကို ပိုင်တော်မူ၏။ ထာဝရဘုရားကို ငါစောင့်လျက်နေ၏။ ငါ့ဝိညာဉ်သည် စောင့်လျက်နေ၏။ နှုတ်ကပတ်တော်ကို ငါမျှော်လင့်၏။ နံနက်ကိုမျှော်လင့်သော သူတို့ထက်မက၊ ငါ့ဝိညာဉ်သည် ဘုရားရှင်ကိုမျှော်လင့်လျက်နေ၏။ ဣသရေလအမျိုးသည် ထာဝရဘုရားကို မျှော်လင့်ပါစေ။ အကြောင်းမူကား၊ ထာဝရဘုရား၌ကရုဏာရှိ၏။ များစွာသော ရွေးနုတ်ခြင်းကျေးဇူးရှိ၏။ ဣသရေလအမျိုးကို ခပ်သိမ်းသော ဒုစရိုက်အပြစ်တို့အထဲက ရွေးနုတ်တော်မူလိမ့်မည်။Ref ၁၃၀:၈။ မ ၁:၂၁။ တိ၊ ၂:၁၄။