ဆာလံကျမ်း 131
ကိုး​စား​သူ​၏​ဆု​တောင်း
အိုထာဝရဘုရား၊ အကျွန်ုပ်သည် စိတ်မမြင့်ပါ။ မျက်နှာလည်းမမော်ပါ။ ကိုယ်နှင့်မတန်၊ ကြီးမြင့်သောအမှုတို့၌ မကျင်လည်ပါ။ အကယ်စင်စစ် အကျွန်ုပ်သည် အမိနို့နှင့် ကွာသော သူငယ်ကဲ့သို့၊ ကိုယ်စိတ်ကိုဖြေ၍ ငြိမ်းစေပါပြီ။ အကျွန်ုပ်စိတ်နှလုံးသည် နို့ကွာသောသူငယ်ကဲ့သို့ ဖြစ်ပါ၏။ ဣသရေလအမျိုးသည် ယခုမှစ၍၊ ကာလအစဉ်မပြတ် ထာဝရဘုရားကို မျှော်လင့်ပါစေ။