14
1-2 ထာဝရဘုရားသည်။ လူမျိုးခြားခပ်သိမ်းတို့ကို၊ သင်ယေရုရှလင်မြို့နှင့်တိုက်ခိုက်ရန် စုရုံးတော်မူသဖြင့်။ မြို့အလယ်တွင်။ သင့်ပစ္စည်းကို လုယက်ဝေဖန်မည့်နေ့ရက် တော်ရောက်လိမ့်တကား။ မြို့တော်သည် သိမ်းယူခြင်း၊ အိမ်များသည် လုယက်ခြင်း၊ မိန်းမတို့သည် မုဒိမ်းကျင့်ခြင်း၊ မြို့သူမြို့သားတဝက်သည် သုံ့ဘမ်းသိမ်းသွားခြင်းများကို၊ခံရ ကြသော်လည်း။ ကျန်တဝက်ကား။ မြို့တော်မှ ပယ်ရှားမခံရသည့်အတိုင်း။
3 ထာဝရဘုရားသည်။ စစ်တိုက်လေ့ရှိသည့်နည်းသူ။ ထိုနေ့ရက်ကာလချီထွက်၍။ ဆိုခဲ့သည့်လူမျိုးခြားတို့နှင့်တိုက်ခိုက်ရာ။
4-5 ယေရုရှလင်မြို့အရှေ့မျက်နှာရင်ဆိုင်သောသံလွင်တောင်ပေါ်တွင်၊ ခြေတော်ကိုချတော်မူသဖြင့်။ သံလွင်တောင်သည် အရှေ့အနောက်ထက်ခြမ်းကွဲလျက်။ တခြမ်း ကား မြောက်မျက်နှာသို့၎င်း၊ တခြမ်းကားတောင်မျက်နှာသို့၎င်း၊ ရွေ့သွားသည့်အလျောက်။ အာဇလမြို့သို့ပေါက်သောတောင်ကြားကြီးရှိမည်ဖြစ်၍။ တောင်တော်ကြား လမ်းဖြင့် ပြေးကြသောသင်တို့သည်။ ယုဒဘုရင်ဩဇိမင်းလက်ထက်၊ ငလျင်လှုပ်ခြင်းကြောင့်ပြေးရကြသည့်နည်းတူ။ ပြေးလွတ်ခွင့်ရကြဦးမည်။ ငါ၏ဘုရားသခင် ထာဝရဘုရားသည်။ သန့်ရှင်းသောအခြွေအရံတို့ပါ။ ကြွလာတော်မူမည့်အလျောက်။
6-7 ထိုနေ့ရက်တော်အလင်းသည်။ နေ့အချိန်၊ ညဉ့်အချိန်မပြောင်းဘဲ။ တောက်ပခြင်း၊ မှောင်ကျခြင်းကင်းလျက်။ ထာဝရဘုရားသိမှတ်တော်မူသော တရက်တည်း ဖြစ်သည့်အတိုင်း။ ညဉ့်ဦးယံအချိန်၌ပင်လင်းအံ့သေး၏။ ။
8 ထိုနေ့ရက်ကာလ၌။ ယေရုရှလင်မြို့မှထွက်သောစမ်းရေသည်။ နွေဥတု၊ မိုဃ်းဥတု မခြား။ တဝက်အရှေ့ပင်လယ်၊ တဝက်အနောက်ပင်လယ်သို့စီးဆင်းလိမ့်မည်။ ။
9 ထိုနေ့ရက်ကာလ။ ဧကနာမတော်ရှိလျက်၊ တဆူတည်းသော ထာဝရဘုရားသည်။ မြေတပြင်လုံးကိုအုပ်စိုးသော ဘုရင်မင်းမြတ်ဖြစ်တော်မူလျက်။
10-11 ဂေဘမြို့မှ ယေရုရှလင်မြို့တောင်ဘက်ရိမ္မုန်မြို့အထိ၊ ပြည်တရှောက်သည် လွင်ပြင်အဖြစ်သို့ရောက်ရာ။ မြို့တော်သည်။ ဗင်္ယာမိန်တံခါးမှ ထောင့်တံခါးဟောင်း အထိ၎င်း၊ ဟာနနေလပြအိုးမှစပျစ်ကျင်းတော်ထိ၎င်း၊ ရှိရင်းအရပ်၌မြေလှန်မခံရဘဲ။ အမောက်အမာလုံခြုံစွာတည်မြဲစည်ကားလိမ့်မည်။ ။
12 ယေရုရှလင်မြို့ကို တိုက်ခိုက်သောလူအမျိုးမျိုးတို့၌ ထာဝရဘုရားသင့်စေတော်မူသည့်ဘေးဒဏ်ဟူမူကား။ ခြေစုံရပ်လျက်ပင် အသားကွက်ခြင်း၊ မျက်ကွင်း၌ မျက်လုံး ကွက်ခြင်း၊ ခံတွင်း၌ လျှာကွက်ခြင်းများတည်း။ ။
13 ထိုနေ့ရက်၌။ ထာဝရဘုရားထံမှ ထိန့်လန့်သောစိတ်ရောက်လျက်။ အသီးသီးတို့သည် ရဲမက်ချင်းတို့ကို ကိုင်ဘမ်း၍လက်ရောက်ပြုကြရာ။
14 ယုဒလူမျိုးသည် ယေရုရှလင်မြို့ဘက်၌တိုက်ခိုက်သဖြင့်။ ဝန်းဝိုင်းသောလူမျိုးခြားတို့ရွှေငွေအဝတ်တန်ဆာမှစသောစည်းစိမ်အမြောက်အမြားကို စုသိမ်းကြလိမ့်မည်။ ။
15 ရန်ဘက်တပ်များရှိမြင်း၊ လား၊ ကုလားအုပ်၊ မြည်းမှစသောတိရစ္ဆာန်အပေါင်းတို့ခံရသောဘေးဒဏ်သည်။ ထိုအတိုင်းဖြစ်လိမ့်သတည်း။ ။
16 ထို့နောက်။ ယေရုရှလင်မြို့ကိုတိုက်လာခဲ့သောလူမျိုးခြားတို့အနက် ကြွင်းကျန်သူအပေါင်းတို့သည်။ ဘုရင်မင်းမြတ်ဖြစ်သော ဗိုလ်ခြေတို့အရှင်ထာဝရဘုရားကို ရှိခိုး အံ့သောငှာ၎င်း၊ တဲနေပွဲကျင်းပအံ့သောငှာ၎င်း၊ ယေရုရှလင်မြို့သို့နှစ်စဉ်မပြတ် လာရောက်ကြရလိမ့်မည်။ ။
17 ဘုရင်မင်းမြတ်ဖြစ်သော၊ ဗိုလ်ခြေတို့အရှင်ထာဝရဘုရားကို ရှိခိုးအံ့သောငှာ။ ယေရုရှလင်မြို့သို့ မလာမရောက်ဘဲနေသော၊ မြေတပြင်လုံးရှိလူမျိုးဟူသမျှအပေါ်တွင်။ မိုဃ်းခေါင်ဘေးသင့်လိမ့်မည်။ ။
18 အိဂျစ်လူမျိုး၌လည်း။ မလာမရောက်မတိုးမဝင်ဘဲနေကြလျှင်။ တဲနေပွဲကျင်းပအံ့သောငှာ၊ မလာမရောက်သောလူမျိုးခြားတို့ကို၊ ထာဝရဘုရားသင့်စေတော်မူသော ထိုဘေးသည်။ သင့်ရောက်လိမ့်မည်။ ။
19 အိဂျစ်လူမျိုးမှာစ၍။ တဲနေပွဲကျင်းပရန်၊ မလာမရောက်သော လူမျိုးခြားအပေါင်းတို့ခံရသောပြစ်ဒဏ်ကား။ ထိုသို့ပင်တည်း။ ။
20 ထိုနေ့ရက်ကာလ၌။ မြင်းတန်ဆာချူများပေါ်တွင်။ ထာဝရဘုရားအဘို့သီးသန့်ထားပြီဟု အက္ခရာတင်သည့်ပြင်။ ထာဝရဘုရား၏ဗိမာန်တော်ရှိအိုးခွက်များပင်။ ပူဇော်ရာ ပလ္လင်တော်ဆိုင်သောအင်တုံများကဲ့သို့ဖြစ်လျက်။
21 ယေရုရှလင်မြို့မှ၍။ ယုဒတပြည်လုံးတွင်ရှိသော အိုးတိုင်းလည်း။ ဗိုလ်ခြေတို့အရှင်ထာဝရဘုရားအဘို့ သီးသန့်ရာရောက်မည့်အလျောက်။ ပူဇော်လိုသူတို့သည်။ လာရောက်ရွေးကောက်လျက် ချက်ပြုတ်ခွင့်ရကြလတံ့။ ထိုနေ့ရက်ကာလ။ ဗိုလ်ခြေတို့အရှင်ထာဝရဘုရား၏ ဗိမာန်တော်အတွင်း။ ရောင်းဝယ်သူရှိရတော့မည်မဟုတ်။