မာလခိကျမ်း
1
ဣသရေလလူမျိုးကိုရည်လျက်၊ မာလခိအားဖြင့်ရောက်လာသောအခါ၊ ထာဝရဘုရား၏ဗျာဒိတ်ဝန်တင်ချက်ကား၊
ငါသည် သင်တို့ကိုချစ်ခင်လေပြီဟု ထာဝရဘုရားမိန့်တော်မူရာ၌၊ သင်တို့က၊ မည်သို့ချစ်တော်မူသနည်းဟု ငြင်းခုံကြလေစွ။ ဧသောသည် ယာကုပ်၏အစ်ကိုဖြစ်သည် မဟုတ်လော။ ငါသည် ယာကုပ်ကိုမေတ္တာရှိသော်လည်း ဧသောကိုမေတ္တာမဲ့လျက်၊ တောင်တန်းကိုဆိတ်ညံရာ၊ ပိုင်ပြည်ကိုတောရှိ ခွေးအတို့နေရာအဖြစ်ထားခဲ့သည်ဟု၊ ထာဝရ ဘုရားမိန့်တော်မူ၏။ ရှုံးနိမ့်ခံရသောငါတို့သည်၊ မြို့ဆိုးကုန်းများကိုပြုပြင်ဦးမည်ဟု၊ ဧဒုံအမျိုးဝါကြွားကြရာ၊ ဗိုလ်ခြေတို့အရှင် ထာဝရဘုရားက၊ သူတို့ပြုပြင်ကြသော်လည်း၊ ငါဖြိုလဲမည့် အလျောက် ဆိုးသွမ်းရာပြည်ဟူ၍လည်းေကာင်း၊ အမျက်တော်ကို ထာဝရဘုရားအစဉ်ထားတော်မူရာ လူမျိုးဟူ၍လည်းေကာင်း သမုတ်ခံရကြလတ္တံ့။ သင်တို့လည်း။ ဒိဋ္ဌမြင်ရသဖြင့်။ ဣသရေလပြည်ပတိုင်အောင် ထာဝရဘုရားကြီးမြတ်တော်မူကြောင်းဝန်ခံရကြလတ္တံ့ဟု မိန့်တော်မူ၏။
သားသည် အဘအားလည်းေကာင်း၊ ကျွန်သည် အရှင်အားလည်းေကာင်း၊ ရိုသေကြသည်မှန်က၊ ငါသည် အဘမှန်လျှင်၊ ရိုသေခြင်း၊ အရှင်မှန်လျှင်၊ ကြောက်ရွံ့ခြင်းကား၊ အဘယ်မှာ နည်းဟု၊ ငါ့နာမကိုမထီလေးစားပြုသောအိုပရောဟိတ်တို့၊ သင်တို့အား ဗိုလ်ခြေတို့အရှင်ငါထာဝရဘုရားမေးလေ၏။ နာမတော်ကိုမည်သို့မထီလေးစားပြုဘိသနည်းဟု မေးကြရာ၌၊ ပူဇော်ရာပလ္လင်တော့်ပေါ်တွင်၊ မသန့်သောအသားကိုဆက်ကပ်ကြသတည်း။ ကိုယ်တော်အား မသန့် ရာကိုမည်သို့ရောက်စေဘိသနည်းဟု မေးပြန်ကြရာ၌၊ ထာဝရဘုရား၏ စားပွဲတော်သည်၊ မထီလေးစားဖွယ်ဖြစ်သည်ထင်သည့်အတိုင်း၊ အပြစ်မမှတ်ဘဲပူဇော်သက္ကာအဖြစ်၊ ကန်းသောအကောင်၊ ခြေဆွံ့သောအကောင်၊ နာသောအကောင်များကို၊ ဆက်ကပ်ကြလေစွ။ ဘုရင်ခံမင်းထံ၊ ထိုသို့ဆက်သကြ လျှင်၊ လက်ခံ၍မျက်နှာသာပေးမည်လောဟု ဗိုလ်ခြေတို့အရှင်ထာဝရဘုရားမေးတော်မူ၏။ ယခုမှာမူ၊ ထိုသို့သောလက်ဆောင်ပေးခဲ့သည့်အလျောက်၊ ငါတို့အား ထာဝရဘုရားသနားတော်မူစေခြင်းငှာ၊ မျက်နှာတော်ကိုဖူးမြော်ကြဦး။ တစ်စုံတစ်ယောက်အား၊ မျက်နှာသာပေးတော်မူမည်လောဟု၊ ဗိုလ်ခြေတို့အရှင်ထာဝရဘုရားမေးတော်မူ၏။ 10 ပူဇော်ရာပလ္လင်တော့်ပေါ်တွင်၊ အကျိုးမဲ့သောမီးရှို့ခွင့်ကို၊ သင်တို့မရစေခြင်းငှာ၊ တံခါးတော်များကိုတစ်စုံတစ်ယောက် ပိတ်ထားပါစေသော။ သင်တို့ကိုငါမနှစ်သက်။ အလှူကိုလည်း ငါလက်မခံဟု၊ ဗိုလ်ခြေတို့အရှင်ထာဝရဘုရားမိန့်တော်မူ၏။ 11 အသို့ဆိုသော်၊ နေထွက်ရာအရပ်မှနေဝင်ရာအရပ်တိုင်အောင်၊ လူမျိုးခြားတို့တွင်နာမတော်ကြီးမြတ်လှ၏။ နာမတော်သည်၊ လူမျိုးခြားတို့တွင် ကြီးမြတ်သည့် အတိုင်း၊ အရပ်ရပ်၌ ပူဇော်သက္ကာနှင့်သန့်သောအလှူများကို၊ နာမတော်အား ဆက်ကပ်လေ့ရှိသည်ဟု၊ ဗိုလ်ခြေတို့အရှင်ထာဝရဘုရားမိန့်တော်မူ၏။ 12 သင်တို့မူကား၊ ထာဝရဘုရား၏ စားပွဲတော်သည် မသန့်ရာ၊ တင်ဆက်သောအစာအာဟာရတော်လည်း မထီလေးစားဖွယ်ရာရောက်ပြီဟုဆိုလျက်၊ နာမတော် ကိုရှုတ်ချလေစွ။ 13 သင်တို့ကလည်း၊ ညီးငွေ့လှပြီဟုဆိုလျက်၊ မထီမဲ့မြင်ပြု၍ လုယူသောအကောင်၊ ခြေဆွံ့သောအကောင်၊ နာသောအကောင်များကို တင်သွင်းကြသည်ဟု၊ ဗိုလ်ခြေ တို့အရှင် ထာဝရဘုရားမိန့်တော်မူ၏။ ထိုသို့သောအလှူကိုတင်သွင်းကြသော်၊ ငါလက်ခံအပ်သလောဟု၊ ထာဝရဘုရားမေးတော်မူ၏။ 14 သိုးထီး၊ ဆိတ်ထီးရှိလျက်၊ သစ္စာဝတ်ထားသော်လည်း၊ ကြန်အင်ယွင်းသောအကောင်ကို ငါထာဝရဘုရားထံ လိမ်လည်ပူဇော်သူသည် အမင်္ဂလာရှိ၏။ ငါသည်၊ မဟာ ဘုရင်မင်းမြတ်ဖြစ်လျက်၊ နာမတော်လည်း၊ လူမျိုးခြားတို့တွင် ရိုသေရာရိုသေကြောင်းဖြစ်သည်ဟု ဗိုလ်ခြေတို့အရှင်ထာဝရဘုရားမိန့်တော်မူ၏။