8
အရှင်သည်၊ ကျွန်မမိခင်၏နို့ကိုသောက်စို့သောမောင်ရင်းကဲ့သို့ဖြစ်စေလိုပါ၏။ သို့ဖြစ်လျှင်၊ ပြင်ပမှာ တွေ့၍ ကျွန်မနမ်းရှုပ်သော်လည်း၊ သူတစ်ပါးကဲ့ရဲ့မည်မဟုတ်ပါ။ ကျွန်မသည် အရှင်ကိုလမ်းပြ၍၊ ကျွန်မကိုသွန်သင်စေရန်၊ မိခင့်တိုက်ခန်းသို့ခေါ်သွင်းပြီးလျှင်၊ အနံ့ဆေးကူသော စပျစ်ရည်နှင့် သလဲရည်ကို ကျွန်မတိုက်ပါမည်။ အရှင်၏ လက်ဝဲလက်သည် ဦးခေါင်းကိုထူမလျက်၊ လက်ျာလက်လည်းပိုက်ဘက်ပါစေ။
အချင်း ယေရုရှလင်မြို့သူတို့၊ ချစ်ခြင်းမေတ္တာအလိုအလျောက်မဖြစ်ပွားမီ၊ မထကြွမနှိုးဆော်စေခြင်းငှာ၊ ကျွန်မတောင်းပန်ပါ၏။
ကိုယ့်ချစ်သူနှင့် ယှဉ်၍၊ တောမှလာသောသူကား၊ မည်သူနည်း။
သင့်အမိသည်၊ ဝေဒနာခံ၍ သင့်ကို မွေးဘွားရာအရပ်၊ သစ်သော့ပင်အောက်တွင် သင့်ကိုမေတ္တာ နှိုးဆော်ခဲ့ပြီ။
ကျွန်မကို၊ အရှင့်နှလုံးပေါ်၌လည်းေကာင်း လက်ရုံးတော်ပေါ်၌လည်းေကာင်း၊ တံဆိပ်ကဲ့သို့ဆောင်တော်မူပါ။ အသို့ဆိုသော်။ မေတ္တာသည် သေခြင်းနှင့် အမျှတန်ခိုးကြီးပါ၏။ မရှုဆိတ်နိုင် ခြင်းလည်း၊ မရဏာ့နိုင်ငံနှင့်အမျှ ရက်စက်လျက်၊ အရှိန်လည်း၊ မီးအရှိန်၊ ထာဝရဘုရား၏အရှိန်တော်ဖြစ်၏။
ရေများသည်၊ မေတ္တာရှိန်ကို မသတ်နိုင်။ ရေအယဉ်လည်း မလွှမ်းမိုးနိုင်။ လူသည်၊ မေတ္တာကိုပိုင်သမျှဥစ္စာပစ္စည်းများနှင့်လဲလှယ်ခဲ့လျှင်၊ မုချမထီမဲ့မြင် ပြုရာရောက် လိမ့်မည်။
ငါတို့၌ရင်သားမပေါ်သေးသောညီမတစ်ယောက်ရှိ၏။ တောင်းရမ်းသောနေ့ရက်တွင်၊ ထိုညီမအတွက်မည်သို့ပြုရမည်နည်း။ မြို့ရိုးသဖွယ်ဖြစ်လျှင်၊ ငွေပြအိုးတည်ဆောက်လိမ့်မည်။ တံခါးသဖွယ်ဖြစ်လျှင်မူကား၊ ထင်းရူးပျဉ်ဖြင့် ကာရံလိမ့်မည်။
10 ကျွန်မသည် မြို့ရိုးသဖွယ်၊ ရင်သားလည်းရဲတိုက်သဖွယ်ဖြစ်ပါ၍၊ အရှင့်မျက်မှောက်၌ ငြိမ်သက်ရာရောက်၏။
11 ရှောလမုန်မင်းသည်၊ ဗာလဟာမုန် ခရိုင်၌ပိုင်ရှိသောစပျစ်ဥယျာဉ်ကို၊ ဥယျာဉ့်စောင့်တို့အား၊ အငှားချထားသည့်အတိုင်း၊ အသီးအနှံအတွက်ငွေတစ်ထောင်စီ၊ အသီးသီး ဆက်သွင်းရကြ၏။ 12 အိုရှောလမုန်မင်း၊ ကိုယ်တော်သည် ထိုငွေတစ်ထောင်စီကို ခံယူလျက်၊ အသီးစောင့်ထိန်းသူတို့၌၊ နှစ်ရာစီရပါလေစေ။ အကျွန်ုပ်ပိုင်သောစပျစ်ဥယျာဉ်ကိုကား၊ လက်ဝယ် သိမ်းထားတော့မည်။
13 ဥယျာဉ်များ၌ နေတတ်သူ၊ သင့်အပေါင်းအေဖာ်တို့သည်၊ သင့်စကားသံကိုကြားနာခွင့်ရကြ၏။ ငါလည်းကြားပါရစေ။ 14 ကျွန်မ၏ချစ်သူ အလျင်အမြန်လာ၍ နံ့သာတောင်ပေါ်မှာ၊ ပျိုရွယ်သောသမင်ဒရယ်ကဲ့သို့ပြုတော်မူပါ။