ဟေရှာယကျမ်း
1
ယုဒဘုရင်ဩဇိမင်း၊ ယောသံမင်း၊ အာခတ်မင်း၊ ဟေဇကိမင်းတို့လက်ထက် ယေရုရှလင်မြို့မှစသောယုဒပြည်ကိုရည်၍ အာမုတ်သားဟေရှာယမြော်မြင်ရသည့်ဗျာဒိတ် ရူပါရုံကား။ အချင်းကောင်းကင်နှင့်မြေကြီးတို့၊ ထာဝရဘုရား၏အမိန့်ေတာ်ကိုနားထောင်နာယူကြလော့။ငါမွေးမြူချီးမြှောက်ခဲ့သောသားသမီးတို့သည် ငါ့ကိုပုန်ကန်ကြပြီ။ နွားသည် ကိုယ့်အရှင်ကိုလည်း‌ေကာင်း၊ မြည်းသည် ကိုယ့်သခင်ကျွေးရာကိုလည်း‌ေကာင်း၊ သိတတ်၏။ ငါ့လူမျိုးတော်ဣသရေလမှာမူ မသိကျွမ်း၊ မချင့်ချိန်တတ်ဟူ၍တည်း။ အပြစ်ပြု၍ဒုစရိုက်ဝန်ကို ထမ်းဆောင်တတ်သော လူမျိုး၊ အဆိုးပြု၍ ဖောက်ပြန်တတ်သော အနွယ်သားတို့သည် အမင်္ဂလာရှိကြ၏။ ထာဝရဘုရားကိုစွန့်ပယ်လျက်၊ ဣသရေလလူမျိုး၏ သန့်ရှင်းသောအရှင်ကိုမထီလေးစားပြုလျက်ဆုတ်ခွာကြလေပြီ။ သင်တို့သည် ဆက်လက်ေဖာက်ပြန်သဖြင့်၊ အဘယ့်ကြောင့်ဒဏ်ခံလိုသေးသနည်း။ တစ်ခေါင်းလုံးနာ၍ စိတ်အကြွင်းမဲ့ပူပန်ကြသည့်ပြင်၊ ခြေဖဝါးမှဦးခေါင်းထိသန်စွမ်းတော့သည်မဟုတ်။ ရိုက်နှက်ခြင်း၊ နာကျင်ခြင်းနှင့်တကွ သွေးစိမ်းတည်သောအနာသက်သက်ဖြစ်လျက် မညှစ်မစည်း၊ ဆီမလူးကြပါတကား။ သင်တို့ပြည်သည်လူဆိတ်ညံလျက်၊ မြို့များလည်းမီးလောင်ပြီးဖြစ်လျက်၊ မြေကားသင်တို့ရှေ့လူမျိုးခြားတို့မျိုစားကြ၏။ လူမျိုးခြားတို့ဖြိုဖျက်သည့်နည်းတူဆိတ်ညံခဲ့လေပြီ။ သတို့သမီးဇိအုန်မှာ၊ စပျစ်ဥယျာဉ်ရာ၌တဲကဲ့သို့ လည်း‌ေကာင်း၊ သခွားခင်းရာ၌ လင့်စင်ကဲ့သို့လည်း‌ေကာင်း၊ ဝိုင်းဝန်းခံရသောမြို့ကဲ့သို့လည်း‌ေကာင်း၊ ကျန်ရစ်ရှာလေ၏။ ဗိုလ်ခြေတို့အရှင်ထာဝရဘုရားသည်၊ ငါတို့၌အနည်းငယ်ကိုချန်ထားတော်မမူလျှင်၊ ငါတို့သည် သောဒုံမြို့ကဲ့သို့လည်း‌ေကာင်း၊ ဂေါမောရမြို့ကဲ့သို့လည်း‌ေကာင်း၊ ဖြစ်ခဲ့ကြလေပြီ။
10 သောဒုံမင်းတို့ထာဝရဘုရား၏နှုတ်ကပတ်တော်ကိုနားထောင်ကြလော့။ ဂေါမောရမြို့သူမြို့သားတို့၊ ငါတို့ဘုရားသခင်၏တရားတော်ကိုနာယူကြလော့။ 11 ထာဝရဘုရားမိန့်တော်မူသည်မှာ သင်တို့မြောက်မြားစွာယဇ်ပူဇော်ခြင်းကား၊ ငါ၌မည်သို့အကျိုးရှိသနည်း။ မီးရှို့ပူဇော်သော သိုးနှင့်ဆူဖြိုးသောအကောင်၏ဆီဥကိုငါညီး၏။ နွား၊ သိုး၊ ဆိတ်အသွေးကိုလည်းမနှစ်မြို့။ 12 ငါ့မျက်နှာကိုအဖူးလာသောအခါ တံတိုင်းတော်တွင် သင်တို့ခြေနင်းမှုကိုမည်သူလိုသနည်း။ 13 စက်ဆုပ်ရာရနံ့သဖွယ်အချည်းနှီးသောပူဇော်သက္ကာကိုထပ်မံ၍ မဆောင်ခဲ့ကြနှင့်။ လဆန်းနေ့၊ ဥပုသ်နေ့များနှင့်၊ အစုအရုံးမျှစုရုံးခြင်း၊ အဓမ္မပါသောစည်းဝေးခြင်းများ ကို ငါမခံနိုင်။ 14 သင်တို့၏လဆန်းပွဲနှင့် ပြုမြဲပွဲများကိုငါစိတ်ရွံရှာလျက်၊ ငါ့အပေါ်တွင်ဝန်ဖြစ်၍၊ ထမ်းဆောင်ရသဖြင့်ပင်ပန်းလှ၏။ 15 သင်တို့လက်အုပ်ချီသောအခါ၊ ငါမျက်ကွယ်ထားမည်။ များစွာဆုတောင်းသော်လည်း၊ အသွေးသွန်းသောလက်ကြောင့်၊ နားညောင်းမည်မဟုတ်။ ဆိုးသွမ်းမှုကိုငါ့မျက်ေမှာက်မှလွဲ ဖယ်၍ 16 စင်ကြယ်အောင်ဆေးကြောကြလော့။ 17 ဒုစရိုက်ကိုဖြတ်၍ သုစရိုက်ကိုပြုရန်လေ့လာကြလော့။ တရားစောင့်ရန်ရှာကြံလျက်၊ ကြမ်းကြုတ်သူကိုပဲ့ပြင်လျက်၊ ဖသက်ဆိုးကိုငဲ့ညှာစီရင်၍၊ မုဆိုးမအမှုကိုလည်း ရှေ့ဆောင်ကြလော့ဟုမိန့်တော်မူ၏။
18 ထာဝရဘုရားမိန့်တော်မူသည်မှာ လာကြ၊ အချင်းချင်းချေပကြကုန်အံ့။ သင်တို့ဒုစရိုက်များကမ္ပလာထည်နှင့်တူသော်လည်း၊ မိုးပွင့်သဖွယ်ဖြူရလိမ့်မည်။ ပိုးကတ္ထီပါ နှင့်အမျှနီသော်လည်း၊ သိုးမွေးကဲ့သို့ဖြစ်ရလိမ့်မည်။ 19 စိတ်စေတနာပါ၍နာယူလျှင်၊ မြေထွက်အထွဋ်အမြတ်ကို စားရကြလိမ့်မည်။ 20 ငြင်းခုန်၍ ဆန့်ကျင်ဘက်ပြုလျှင်မူကား၊ ဓားစာဖြစ်ကြလိမ့်မည်။ ထိုသို့ငါထာဝရဘုရားမိန့်မြွက်တော်မူသည်ဟူ၍တည်း။
21 သစ္စာတည်ခဲ့သောမြို့၊ ပြည့်စုံစွာတရားစောင့်သောမြို့သည် ပြည်တန်ဆာဖြစ်လေစွ။ ယမန်ဖြောင့်မတ်ခြင်းတည်နေသည်ဖြစ်လျက်၊ ယခုလူသတ်တို့နေကြသည်တကား။။ 22 သင်၏ငွေသည်ချော်ဖြစ်၍၊ အရက်လည်းရေရောလျက်ရှိပြီ။ 23 သင်၏မင်းတို့သည်ဖီဆန်၍ခိုးသူနှင့်ပူးပေါင်းလျက်၊ ရှိသမျှပင်လက်ဆောင်တံစိုးကို ငဲ့ကွက်တပ်မက်ကြ၏။ ဖသက်ဆိုးကိုငဲ့ညှာမစီရင်။ မုဆိုးမအမှုကိုလည်း။ တင်သွင်း ခွင့်မပေးကြ။
24 ထို့ကြောင့်ဗိုလ်ခြေတို့သခင်၊ ဣသရေလ၏တန်ခိုးရှင်ထာဝရဘုရား ထားတော်မူသောဗျာဒိတ်တော်မှာ၊ ရန်သူတို့ကိုငါလက်စားချေရမှ၊ ရန်ဘက်တို့အပေါ်တွင်စိတ်ကြေ နပ်လိမ့်မည်။ 25 သင့်အပေါ်တွင်လည်း လက်တော်တင်ဖိပြီးလျှင် လက်ချားပေါက်၍ ချော်ကိုထုတ်လျက်ခဲကိုချွတ်လိမ့်မည်။ 26 ရှေးလွန်လေပြီးသောအခါကဲ့သို့၊ တရားမင်းနှင့်မင်းတိုင်ပင်တို့ကိုသင်၌ ငါဖြစ်ပြန်စေပြီးလျှင်၊ သင့်ကိုဖြောင့်မတ်သောမြို့၊ သစ္စာစောင့်သောမြို့ဟုသမုတ်ကြလိမ့်သတည်း။ 27 ဇိအုန်မြို့သည် တရားစောင့်ခြင်းအားဖြင့်လည်းေကာင်း၊ ပြောင်းလဲသူတို့သည် ဖြောင့်မတ်ခြင်းအားဖြင့်လည်းေကာင်း၊ ရွေးနုတ်ခွင့်ရကြလျက်။ 28 လွန်ကျူးသူတို့နှင့်ပြစ်မှားသူတို့မှာ၊ တစ်ပြိုင်နက်ကျိုးပျက်၍၊ ထာဝရဘုရားကိုစွန့်ပစ်သူတို့လည်း ပျက်စီးကြလတ္တံ့။ 29 နှစ်သက်သောညန်ပင်များကြောင့် အရှက်ကွဲကြလျက်၊ ရွေးကောက်မြတ်နိုးသောမြိုင်များအတွက် အသရေပျက်ကြလျက်။ 30 အရွက်ညှိုးနွမ်းသောညန်ပင်ကဲ့သို့လည်းေကာင်း၊ ရေမရှိသောခြံကဲ့သို့လည်းေကာင်း၊ ဖြစ်ကြလတ္တံ့။ 31 စွမ်းအားကြီးသူသည် မှို့ဖြစ်လျက်၊ သူ့အမှုလည်းမီးပွားဖြစ်လျက်၊ မည်သူမျှမငြိမ်းရဘဲ၊ အတူကျွမ်းလောင်ကြလိမ့်မည်ဟုမိန့်တော်မူ၏။