7
အချင်းမင်းသမီး၊ ခြေနင်းစီးလျက်၊ သင်၏ခြေများသည် တင့်တယ်လေစွ။ သင်၏ခါးတိုင်သည်၊ ပညာသည်ပြုလုပ်သောရတနာကဲ့သို့ဖြစ်ပါ၏။ သင်၏ချက်လည်း၊ စပျစ်ရည်ထည့်သောဖလားသဖွယ်ဖြစ်လျက်၊ ဝမ်းသည်၊ နှင်းပန်းစီချယ်သောစပါးပုံအဆင်းနှင့်တူ၏။ ရင်သားနှစ်ဘက်သည်၊ နှင်းတောတွင်ကျက်စားသော ဒရယ်ငယ်အစုံနှင့်တူ၏။ လည်တိုင်သည်၊ ဆင်စွယ်ရဲတိုက်နှင့်လည်းေကာင်း မျက်စိတို့သည်၊ ဟေရှဘုန်မြို့၊ ဗာသရဗ္ဗိမ်တံခါးအနီးရှိရေကန်နှင့်လည်းေကာင်း၊ နှာခေါင်းသည်၊ ဒမာသက်မြို့ကို မျက်နှာမူသော လေဗနုန်ရဲတိုက်နှင့်လည်းေကာင်း တူ၏။ ဦးခေါင်းသည် ကရမေလတောင်၊ ဆံလည်းပျားတုံးရောင်နှင့်တူ၍၊ မင်းကြီးပင်ကေသာဖြင့် နှောင်ဖွဲ့လျက်ရှိ၏။ ငါ့ချစ်ခင်သူ၊ သင်သည် မွေ့လျော်ရာ အမျိုးမျိုးထက်လှပ၍၊ နှစ်သက်ဖွယ်ဖြစ်ပေ၏။ သင်၏အရပ်အမောင်းသည် စွန်ပလွံပင်၊ ရင်သားလည်း သီးပြွတ်နှင့်တူ၏။ စွန်ပလွံပင်ကိုတက်၍၊ အခက်အလက်များကိုကိုင်မည်ဟု ငါအောက်မေ့သည့်အလျောက်၊ ရင်သားများသည် စပျစ်သီးပြွတ်ကဲ့သို့လည်းေကာင်း၊ ရှူထုတ်သောလေသည် သစ်သော့သီး ရနံ့ကဲ့သို့လည်းေကာင်း၊ နှုတ်သည် အိပ်ပျော်သူတို့ခံတွင်းသို့ဝင်ရသော၊ ငါ့ချစ်သူသောက်လွယ်သောစပျစ်ရည်အကောင်းဆုံးကဲ့သို့လည်းေကာင်း၊ ဖြစ်ပါစေ။
10 ချစ်သူသည် ကျွန်မပိုင်ဖြစ်သည်နှင့်အညီ၊ အရှင်သည် ကျွန်မကိုနှစ်သက်တတ်၏။ 11 ကြွပါ။ ကျွန်မချစ်သူကြွပါ။ တောသို့သွား၍ ရွာများ၌ တည်းခိုကြကုန်အံ့။ 12 နံနက်အချိန်စပျစ်ဥယျာဉ်သို့သွားပြီးလျှင် စပျစ်ပင်သန်မသန်၊ ဖူးမဖူး၊ သလဲပင်လည်းပွင့်မပွင့် များကိုရှုကြည့်ကြကုန်အံ့။ ထိုအရပ်၌ ကျွန်မ၏မေတ္တာကိုအရှင်အား အပ်နှင်းပါမည်။ 13 အနုဆေးပင်များသည် မွှေးကြိုင်ပါ၏။ ထူးမြတ်သောအသီး၊ အသစ်အဟောင်းအမျိုးမျိုးကို၊ ကျွန်မတို့အခန်းတံခါးအထက်၊ အရှင့်အဖို့ရံထားပါပြီ။ ကျွန်မချစ်သူ။