10
1 ရှမွေလသည် ဆီဘူးကိုယူ၍ ဦးခေါင်းပေါ်၌ သွန်းလောင်းလျက် နမ်းရှုပ်ပြီးမှ ပိုင်တော်မူရာ လူမျိုးအပေါ်တွင် မင်းအဖြစ် ထာဝရဘုရားဘိသိက်ပေးတော်မူသည်မဟုတ်တုံလော။
2 ယခုငါ့ထံမှထွက်သွားသောအခါ ဗင်္ယာမိန်နယ်စွန်း၊ ဇေလဇရွာ၊ ရာခေလသင်္ချၖိုင်းအနီး တွေ့ဆုံ မည့်လူနှစ်ယောက်က၊ လိုက်ရှာသောမြည်းများကို တွေ့ပြီ။ သင့်အဘသည် မြည်းများကို မေ့လျော့လျက် သင့်အတွက်စိုးရိမ်၍ ငါ့သားကို မည်သို့ပြုလုပ်ရမည်နည်းဟု အောက်မေ့နေကြောင်းနှင့် ကြားပြောကြလိမ့်မည်။
3 ထိုအရပ်မှသွား၍ တာဗော်ညန်တောတွင်တွေ့ဆုံမည့် ဗေသလမြို့သို့ဘုရားဖူးသွား၍ ဆိတ်သားငယ်သုံးကောင်၊ မုန့်သုံးလုံးနှင့် စပျစ်ရည်ဘူးကို ဆောင်သောလူသုံးယောက်တို့က သင့်ကိုနှုတ်ဆက်ပြီးလျှင်
4 သင်လက်ခံအပ်သောမုန့်နှစ်လုံးကိုဆက်ကြလိမ့်မည်။
5 ထိုနောက် ဖိလိတ္တိကင်းတပ်ထားရာ ဘုရားသခင့်တောင်တော်အနီးသို့ရောက်သော် မြင့်ရာဌာန မှစောင်း၊ ပတ်သာ၊ တယော၊ ပလွေပါရှိသူတို့ကိုရှေ့ထားလျက် ဆင်းလာဟောပြောသူ ပရောဖက်စုကိုတွေ့လျှင် တွေ့ချင်း
6 ထာဝရဘုရား၏ဝိညာဉ်တော်သည် သင့်အပေါ်သို့အဆောတလျင်သက်ရောက်သဖြင့် လူတဖြစ် ပြောင်းလဲ၍ သူတို့နှင့်အတူ ဟောပြောခွင့်ရလိမ့်မည်။
7 ဤနိမိတ်လက္ခဏာများထင်ရှားသောအခါ သင်နှင့်အတူ ဘုရားသခင်ရှိနေတော်မူသည်ဖြစ်၍ အခွင့်အတိုင်းပြုလေလော့။
8 သင်ကား ဂိလဂါလမြို့သို့ သွားနှင့်ပြီးလျှင်၊ မီးရှို့ရာသက္ကာနှင့် မိတ်သဟာယပူဇော်သက္ကာများကို ဆက်ကပ်ရန်လည်းကောင်း၊ မည်သို့ပြုအပ်ကြောင်း သင်ကြားရန်လည်းကောင်း၊ သင်ရှိရာသို့ ငါဆင်းလာမည်ဖြစ်သောကြောင့် ငါမရောက်မချင်း ခုနစ်ရက်တိုင်တိုင် ဆိုင်းလင့်လော့ဟု မိန့်မှာသည့်အတိုင်း
9 ရှမွေလထံမှထွက်သွားရန်ကျောခိုင်းသည်နှင့်တစ်ပြိုင်နက်၊ ရှောလုအား စိတ်သဘောသစ်ကို ဘုရားသခင်ပေးသွင်းတော်မူ၏။ ထိုနေ့တွင်ပင် ဆိုခဲ့သော နိမိတ်လက္ခဏာအလုံးစုံထင်ရှားလျက်
10 ၁ 10.10 တနည်း၊ ဂိဗာမြို့။တောင်တော်သို့ရောက်ကြလျှင်၊ ပရောဖက်စုတို့ကြိုဆိုကြသည့်အခိုက် ဘုရားသခင့်ဝိညာဉ်တော် သည် ရှောလုအပေါ်သို့အဆောတလျင် သက်ရောက်သဖြင့် သူတို့နှင့်ပါဝင် ဟောပြောရ၏။
11 ထိုသို့ပရောဖက်တို့နှင့် ရှောလုဟောပြောသည်ကို သိကျွမ်းရင်း သူတို့မြင်ကြလျှင် ကိရှ၏သား၌မည်သို့ဖြစ်သနည်း။ ရှောလုလည်း ပရောဖက်တို့အပါအဝင်ဖြစ်ပြီလောဟု အချင်းချင်းမေးမြန်းကြရာ
12 ထိုမြို့သား တစ်ယောက်က ၎င်းတို့၏ဘိုးဘကားမည်သူနည်းဟု ပြန်လှန်မေးလေ၏။ ထိုသို့သော အခြင်းအရာကိုအစွဲပြု၍ ရှောလုလည်း ပရောဖက်တို့အပါအဝင်ဖြစ်ပြီလောဟူ၍ ဆိုရိုးစကားဖြစ်သတည်း။
13 ရှောလုသည် ဟောပြောမှုကို ဆောင်ရွက်ပြီးမှ မြင့်ရာဌာနရောက်တက်သွားလေ၏။
14 ထိုနောက် ရှောလု၏ဘထွေးက၊ အဘယ်ကိုသွားကြသနည်းဟု ရှောလုနှင့်ငယ်သားအား မေးလျှင် မြည်းများကို လိုက်ရှာ၍မတွေ့သဖြင့် ရှမွေလထံဝင်ရောက်ပါသည်ဟု ပြန်ပြောရာ
15 ရှမွေလမိန့်မြွက်သောစကားများကို ငါ့အားပြန်ကြားပါဟု ဘထွေးတောင်းပန်သော်၊
16 မြည်းများတွေ့ကြောင်းကို တပ်အပ်ေဖာ်ပြပါသည်ဟု ဘထွေးအား ပြန်ပြောလေ၏။ ရှမွေလမိန့်မြွက်သော နိုင်ငံရေးကိုကား မပြောမကြားချေ။
17 ထိုနောက် ပြည်သူပြည်သားတို့ကို မိဇပါမြို့၊ ထာဝရဘုရားအထံတော်သို့စုရုံးစေပြီးလျှင်
18 ရှမွေလက၊ ဣသရေလလူမျိုး၏ဘုရားသခင်ထာဝရဘုရားမိန့်တော်မူသည်မှာ ဣသရေလ လူမျိုးဖြစ်သော သင်တို့ကို အိဂျစ်ပြည်မှငါထုတ်ဆောင်သည့်ပြင် ထိုပြည်သားတို့လက်အောက်မှလည်းကောင်း၊ နှိပ်စက်သမျှသောနိုင်ငံများလက်အောက်မှလည်းကောင်း၊ ကယ်နုတ်ခဲ့သည်ဖြစ်လျက်
19 သင်တို့သည်၊ အကျွန်ုပ်တို့အပေါ်တွင် ဘုရင်ခန့်ထားပါဟု တောင်းလျှောက်ခြင်းကြောင့် ဘေးဒုက္ခအမျိုးမျိုးမှကယ်ဆယ်သောသင်တို့ဘုရားသခင်ကို ယနေ့စွန့်ပယ်ရာရောက်ကြပြီတကား။ သို့နှင့်အညီ အနွယ်များ၊ အိမ်ထောင်များအလိုက်၊ ထာဝရဘုရားမျက်မှောက်တော်တွင် ရပ်ကြလော့ဟု ဣသရေလအမျိုးသားတို့အား ဆင့်ဆိုသည့်အတိုင်း
20 အမျိုးအနွယ်ဟူသမျှကို ချဉ်းကပ်စေပြီးလျှင် ဗင်္ယာမိန့်အနွယ်ကိုမဲကျလေ၏။
21 ဗင်္ယာမိန့်အနွယ်ကို အိမ်ထောင်များအလိုက် ချဉ်းကပ်စေပြီးနောက် မာတရိအိမ်ထောင်ကို မဲကျ လေ၏။ မာတရိအိမ်ထောင်ကိုလူသူအလိုက် ချဉ်းကပ်စေပြီးလျှင် ကိရှသား ရှောလုကို မဲကျရာ ရှာ၍မတွေ့ချေ။
22 ထိုသူမလာသေးလောဟု ထာဝရဘုရားအား မေးလျှောက်ကြရာ ဝန်စည်စလယ်တွင်ပုန်းအောင်နေသည်ဟု မိန့်တော်မူသည်နှင့်အညီ
23 အလျင်အမြန်ခေါ်၍ ပရိသတ်အလယ်တွင်ရပ်သော်၊ လူတကာတို့ထက် ပခုံးစွန်းမြင့်လေ၏။
24 ရှမွေလကလည်း၊ ထာဝရဘုရားရွေးချယ်တော်မူသူ့ကိုကြည့်ကြလော့။ တစ်မျိုးလုံးတွင် တူမျှသူ မရှိဟု ပရိသတ်အားပြောဆိုလျှင် ဘုရင်မင်းမြတ်သက်တော်ရှည်ပါစေသောဟူ၍ လူအပေါင်းတို့ကြွေး ကြော်ကြကုန်၏။
25 ထိုနောက် ရှမွေလသည် နိုင်ငံရေးဆိုင်ရာရာဇသတ်ထုံးနည်းကို ပရိသတ်အားထုတ်ဆင့် ရေးသား၍ ထာဝရဘုရားမျက်မှောက်တော်တွင် သိမ်းထားပြီးလျှင် ပရိသတ်ကိုအသီးအသီးအိမ် သို့ပြန်လွှတ်လိုက်၏။
26 ရှောလုမင်းလည်း ဂိဗာမြို့ရှိနေအိမ်သို့ ပြန်သွားရာ ဘုရားသခင်စိတ်စွဲစေတော်မူသော လူစွမ်း ကောင်းတို့သည် နောက်တော်ကလိုက်ကြ၏။
27 တရားမဲ့သူတို့ကမူကား ဤသူသည် ငါတို့ကို မည်သို့ကယ်နိုင်အံ့နည်းဟု အောက်မေ့လျက် မထီမဲ့မြင်ပြု၍ ပဏ္ဏာမဆက်သော်လည်း ရှောလုမင်းချုပ်တည်းလေ၏။