9
ထိုအခါ ဗင်္ယာမိန်အနွယ်၊ အာဖိတီ၊ ဗေခေါရတ်မြစ်၊ ဇေရော့်မြေး၊ အဗျေလသား၊ ကိရှ အမည်ရှိ သောပေါများသူတစ်ယောက်ရှိ၏။ ထိုသူ၌ အဆင်းလှသည့် ရှောလုအမည်ရှိသော သားထူးသားမြတ်တစ်ယောက်ရှိ၏။ ပြည်သူတကာ တို့ထက် ပခုံးစွန်းမြင့်၍ ဣသရေလအမျိုးသားတို့တွင် သူ့ထက်ထူးမြတ်သူမရှိချေ။ ရှောလုအဘကိရှ၏မြည်းများပျောက်လွင့်သောကြောင့် သားရှောလုအား ကိရှက၊ ငယ်သား တစ်ယောက်ကိုခေါ်၍ မြည်းများကိုအရှာထွက်သွားလော့ဟုဆိုသည့်အတိုင်း၊ သူတို့သည် ဧဖရိမ်ခင်တန်းနှင့် ရှလိရှခရိုင်ကိုရှောက်၍ ရှာသော်လည်း မတွေ့လျှင် ရှာလိမ်ခရိုင် နှင့်ဗင်္ယာမိန်နယ်ကိုလည်း ရှောက်၍မတွေ့ကြချေ။ ဇုဖခရိုင်သို့ရောက်သော်၊ ရှောလုက၊ ပြန်ကြစို့။ မပြန်လျှင် အဘသည် မြည်းများကိုမေ့လျော့ လျက် ငါတို့အတွက်စိုးရိမ်လိမ့်မည်ဟု လိုက်ပါသောငယ်သားအားပြောဆိုရာ၊ ငယ်သားက၊ ထိုမြို့တွင် သြဇာကြီးသောဘုရားသခင့်လူယုံတော်တစ်ပါးရှိ၏။ ဟောပြောတိုင်းမှန် သည်နှင့် သူ့ထံဝင်ကြစို့။ ကျွန်တော်တို့သွားရမည့်ခရီးကို ဖော်ပြကောင်းပြလိမ့်မည်ဟု လျှောက်သော်၊ ရှောလုက၊ ဝင်ခဲ့လျှင်သူ့အဖို့မည်သည့်အရာကို ဆောင်ရမည်နည်း။ ခွက်တွင်ပါရှိသော မုန့်ကုန်ခဲ့ပြီဖြစ်၍၊ ဘုရားသခင့်လူယုံတော်အား ဆက်သရန် လက်ဆောင်မရှိ။ တစ်စုံတစ်ရာပါရှိသေး သလောဟု ငယ်သားအား မေးပြန်လျှင်၊ ငယ်သားက၊ ကျွန်တော့်လက်တွင် ငွေတစ်မတ်ရှိသေး၏။ ကျွန်တော်တို့ခရီးကိုဖော်ပြရန်၊ ဘုရားသခင်လူယုံတော်အား ပေးလှူပါမည်ဟု ရှောလုအား ပြန်လျှောက်၏။ ရှေးအခါက၊ ဣသရေလအမျိုးသားတို့သည် ဘုရားသခင်ကိုမေးလျှောက်ရန် သွားလိုလျှင်၊ ပရောဖက်ဟုယခုကာလခေါ်သောသူ့ကို အမျှော်အမြင်ဆရာဟုခေါ်လေ့ရှိသည့်အတိုင်း၊ အမျှော်အမြင်ဆရာ့ထံသွားကြစို့ဟု ဆိုရိုးရှိသတည်း။ 10 ရှောလုကလည်း၊ ကောင်းပါပြီ။ ဝင်ကြစို့ဟုဆိုသည့်အတိုင်း ဘုရားသခင့်လူယုံတော်ရှိရာ မြို့သို့အရောက်တက်သွားကြရာ 11 ရေခပ်ရန်ထွက်လာသော မိန်းမငယ်တို့ကိုတွေ့၍ အမျှော်အမြင်ဆရာရှိသလောဟုမေးလျှင် သင်တို့ရှေ့တွင် ရှိပါသည်။ 12 ယနေ့မြို့တွင်းသို့ ဝင်လာပြီဖြစ်ပါ၍ အလျင်အမြန်ဝင်သွားကြလော့။ မြို့သူမြို့သားတို့သည် မြင့်ရာဌာန၌ ပူဇော်ပွဲယနေ့ပြုလျက်ရှိ၏။ 13 မြို့တွင်းသို့အရှင်တို့ဝင်လျှင်ဝင်ချင်း၊ မြင့်ရာဌာနသို့ဘုန်းပေးရန် မတက်မကြွမီ ဆရာကိုတွေ့ ပါလိမ့်မည်။ ထိုဆရာသည် ပူဇော်ပွဲကို မင်္ဂလာပေးရမည်ဖြစ်၍ သူမရောက်မချင်း စားလေ့မရှိပါ။ ပေးပြီးမှ ခေါ်ဖိတ်ခံရသူတို့သုံးဆောင်တတ်ကြ၏။ သို့ဖြစ်၍ တက်သွားပါ၊ ယခုပင်တွေ့ကြပါလိမ့် မည်ဟု ပြန်ပြောသည်နှင့်အညီ 14 တက်သွား၍ ဝင်ကြသော်၊ ရှမွေလသည် မြင့်ရာဌာနသို့ တက်ကြွရန် ထွက်လာစဉ်တွေ့ကြုံ လေ၏။
15 ရှောလုမရောက်မီတစ်နေ့တွင် ထာဝရဘုရားသည် ရှမွေလအား ဗျာဒိတ်ပေးတော်မူသည်မှာ 16 နက်ဖြန်ဤအချိန်၊ ဗင်္ယာမိန်နယ်သားတစ်ဦးသည် သင်ရှိရာသို့ ငါစေလွတ်သည့်အတိုင်း သင်သည် ဣသရေလလူမျိုးတော့်အပေါ်တွင် မင်းအဖြစ် ဘိသိက်သွန်းရမည်။ ငါ့လူမျိုးတော် ကိုဖိလိတ္တိလူမျိုးတို့လက်တွင်းမှ သူကယ်ဆယ်လတ္တံ့။ ငါ့ထံလူမျိုးတော်အော်ဟစ်သံရောက် သည်ဖြစ်၍၊ ငါကြည့်ရှုသည်ဟု မိန့်တော်မူနှင့်သည့်အလျောက် ရှမွေလတွေ့မြင်လျှင် 17 ထာဝရဘုရားက၊ ငါဗျာဒိတ်ပေးခဲ့သောသူ့ကိုကြည့်လော့။ လူမျိုးတော့်အပေါ်တွင် ထိုသူအာဏာပိုင်ခွင့်ရှိလိမ့်မည်ဟု မိန့်တော်မူပြန်၏။ 18 ထိုအခါ ရှောလုသည် မြို့တံခါးအတွင်းရှိ ရှမွေလထံချဉ်းကပ်၍ အမျှော်အမြင်ဆရာ့အိမ်ကို ညွှန်ပြပါလော့ဟု တောင်းပန်သော်၊ ရှမွေလက၊ ငါသည်အမျှော်အမြင်ဆရာဖြစ်၏။ 19 ငါ့ရှေ့ကမြင့်ရာဌာနသို့တက်သွားလော့။ ငါနှင့်အတူ ယနေ့သုံးဆောင်ရလိမ့်မည်။ နက်ဖြန်သင့် စိတ်တွင်ရှိသမျှကိုငါေဖာ်ပြလျက် သွားခွင့်ပြုပါမည်။ 20 လွန်ခဲ့သောသုံးရက်က ပျောက်သောမြည်းများကိုကား အရေးမယူလင့်။ တွေ့လေပြီ။ ဣသရေလလူမျိုး၏ရတနာမြတ်ရှိသမျှသည် မည်သူ့အဖို့ဖြစ်သနည်း။ သင်မှစ၍ ဆွေရင်းမျိုးသား တို့အဖို့ ဖြစ်သည်မဟုတ်လောဟု ရှောလုအားပြောဆိုလေ၏။ 21 ရှောလုကလည်း၊ ကျွန်တော်သည် ဣသရေလအနွယ်များတွင် အထွေးဆုံးဖြစ်သော ဗင်္ယာမိန့် အနွယ်သားဖြစ်သည်မဟုတ်ပါလော။ အဘအိမ်ထောင်သည် ဗင်္ယာမိန့်အနွယ်အိမ်ထောင်များတွင် အသိမ်အဖျင်းမျှသာဖြစ်သည်မဟုတ်ပါလော။ ကျွန်တော်အားအဘယ်ကြောင့် ထိုစကားမျိုးကိုမိန့်ဆို တော်မူသနည်းဟု ပြန်လျှောက်လေ၏။ 22 ထိုအခါ ရှမွေလသည် ရှောလုနှင့်ငယ်သားကိုဧည့်ခန်းအတွင်းသို့ခေါ်သွင်းသဖြင့် သုံးကျိပ်ခန့် ရှိသောခေါ်ဖိတ်ခံရသူ ပရိသတ်တို့ထက် ထူးမြတ်သောနေရာကို ပေးပြီးနောက် 23 ပွဲတော်ချက်ကိုခေါ်လျက် သိမ်းထားပါဆို၍ ငါအပ်ပေးသောအသားကို ယူဆောင်ခဲ့လော့ဟု မိန့်ဆိုသည့်အတိုင်း 24 ပွဲတော်ချက်သည် တစ်ပေါင်လုံးကိုယူခဲ့ပြီးလျှင် ရှောလုရှေ့တွင် ခင်းတည်လေ၏။ ရှမွေလက လည်း၊ သင့်ရှေ့ခင်းတည်ပြီးသောပွဲတော်ကို သုံးဆောင်လော့။ ပရိသတ်ကိုငါခေါ်ဖိတ်သည်မှန်သော် လည်း၊ မှန်းထားသောအချိန်မတိုင်မီ သိမ်းထားပြီးဟု ပြောဆိုလျက် ထိုနေ့၌ ရှောလုနှင့်အတူ သုံးဆောင်လေ၏။ 25 ထိုသူတို့သည် မြင့်ရာဌာနမှမြို့တွင်းသို့သက်ဝင်ပြီးလျှင် တိုက်မိုးရင်ပြင်တွင် ဆွေးနွေးလျက် နေကြလေ၏။ 26 ညဉ့်သန့်စင်၍ အရုဏ်တက်လုနီးသော် ရှမွေလသည် တိုက်မိုးရင်ပြင်ပေါ်မှ ရှောလုကိုနှိုး၍ ထလော့၊ ငါသွားခွင့်ပြုမည်ဟု ဆိုသောအခါ ရှောလုထပြီးလျှင် နှစ်ဦးလုံးပင် အပြင်သို့ထွက်ကြ၏။ 27 မြို့အစွန်သို့ရောက်လျှင် ရှမွေလက၊ ငယ်သားကိုရှေ့ကသွားနှင့်စေ။ သင်မူကားရပ်နေလော့။ ဘုရားသခင့်ဗျာဒိတ်တော်ကို ငါပြန်မည်ဟု ရှောလုအား ဆိုသည့်အလျောက် ငယ်သားလွန်၍ သွားသော်၊