13
1 ထိုအခါ မကိုဋ်ဆယ်သျှောင်ပါသည့်ဦးချိုဆယ်ချောင်း၊ ပုတ်ခတ်ခြင်းဘွဲ့များပါသည့် ဦးခေါင်းခုနစ်လုံးနှင့် ပြည့်စုံ၍၊
2 ကျားသစ်အဆင်း၊ ဝက်ဝံကဲ့သို့ခြေ၊ ခြင်္သေ့ကဲ့သို့နှုတ်ရှိသောသားရဲတစ်ကောင်သည် သမုဒ္ဒရာကပေါ်လာသည်ကိုငါမြင်ရာ နဂါးသည်ကိုယ့်တန်ခိုး၊ ကိုယ့်ရာဇပလ္လင်နှင့် ကြီးစွာသောအခွင့်အာဏာကိုလွဲအပ်၏။
3 ထိုသားရဲ၏ဦးခေါင်းတစ်လုံးသည် ဒဏ်ချက်ကင်းပျောက်ပြီးဖြစ်သော ကွပ်မျက်ခံခဲ့ဟန်ရှိသဖြင့် တစ်လောကလုံးသည် ထိုသားရဲကိုလိုက်ကာအံ့ဩလျက်။
4 အခွင့်အာဏာလွှဲအပ်ရင်း နဂါးကိုရှိခိုးကြသည့်ပြင် ဤသားရဲမင်းနှင့်မည်သူတူသနည်း။ မည်သူစစ်ပြိုင်နိုင်သနည်းဟုဆိုလျက် သားရဲကိုလည်းရှိခိုးကြ၏။
5 ထိုသားရဲသည်ပုတ်ခတ်ခြင်းစကားလုံးကြီးများကို ပြောဆိုတတ်သောနှုတ်ကိုလည်းေကာင်း၊ လေးဆယ့်နှစ်လတိုင်တိုင် အာဏာဆောင်ခွင့်ကိုလည်းေကာင်း ခံရသဖြင့်၊
6 ဘုရားသခင်မှစ၍ နာမတော်နှင့်ကောင်းကင်ဘုံတွင် စံစားသူတို့တည်းဟူသော စံရာတော်ကို ပုတ်ခတ်ရန်နှုတ်ဖွင့်၏။
7 သီးသန့်ထားသူတို့နှင့်လည်း စစ်ပြိုင်အောင်မြင်ခွင့်၊ ဘာသာစကားအပုံပုံပြောဆိုသော လူအမျိုးမျိုးအနွယ်နွယ်တို့အပေါ်တွင် အာဏာဆောင်ခွင့်ကိုခံရသဖြင့်၊
8 ဤလောကတည်သည့်ကာလက၊ ကွပ်မျက်ခံခဲ့ပြီးသိုးငယ်တော်၏အသက်စာရင်းတွင် အမည်မသွင်းဘဲ မြေကြီးပေါ်မှာနေထိုင်သမျှတို့သည် ထိုသားရဲကိုရှိခိုးကြလိမ့်မည်။
9-10 နားရှိသူမည်သူမဆိုကြားနာစေ။ သုံ့ပန်းခံရသူသည် သုံ့ပန်းခံရမည်။ ဓားဖြင့်ကွပ်မျက်သူသည် ဓားကွပ်မျက်ခံရမည်ဟူသောအချက်၌ သီးသန့်ထားသူတို့ တည်ကြည်ခြင်းနှင့်သစ္စာစောင့်ခြင်းအကြောင်းတည်၏။
11 တစ်ဖန်၊ သိုးသားငယ်ကဲ့သို့ဦးချိုနှစ်ချောင်းနှင့်ပြည့်စုံ၍ နဂါးဟိန်းသံနှင့်ပြောဆိုသော အခြားသားရဲတစ်ကောင်သည် မြေကပေါ်လာသည်ကိုငါမြင်ရာ၊
12 ပထမသားရဲ၏အခွင့်အာဏာရှိသမျှကို သူ့ရှေ့တွင်ဆောင်လျက် သေဒဏ်ချက်ကင်းပျောက်ပြီး ပထမသားရဲကို မြေကြီးနှင့်နေထိုင်သမျှတို့ရှိခိုးကြစေ၏။
13 လူတို့မျက်မှောက်တွင် ကောင်းကင်ကမြေကြီးသို့လောင်မီးကျခြင်းမှစသော မဟာနိမိတ်များကိုပြရာ၊
14 သားရဲရှေ့တွင်ပြရသောနိမိတ်များဖြင့် မြေကြီးပေါ်မှာနေထိုင်သူတို့ကိုလှည့်ဖြား၍ ဓားဒဏ်ချက်ခံပြီး ရှင်သေးသောသားရဲ၏ရုပ်ပုံလုပ်ကြစေဟု အမိန့်ရှိပြီးလျှင်၊
15 ထိုရုပ်ပုံစကားပြောစေရန်လည်းေကာင်း၊ ရှိမခိုးသမျှသောသူတို့ကိုကွပ်မျက်စေရန်လည်းေကာင်း၊ အသက်သွင်းခွင့်ရ၏။
16 သို့နှင့်အညီ ညာလက်တွင်ဖြစ်စေ၊ နဖူးတွင်ဖြစ်စေ၊ သားရဲ၏သညာကို လူယုတ်၊ လူမြတ်၊ သူကြွယ်၊ သူဆင်းရဲ၊ ကျွန်၊ လူလွတ်တို့ခံစေသည့်အလျောက်၊
17 သားရဲ၏အမည်ဂဏာန်းတည်းဟူသော ထိုသညာကင်းသူမည်သူမျှရောင်းဝယ်ခွင့်မရ။
18 ပညာပြရသည်မှာ ဉာဏ်ကောင်းသူသည် လူ၏ဂဏာန်းဖြစ်သောထိုသားရဲ၏ဂဏာန်းကို ရေတွက်စေ။ ခြောက်ရာ့ခြောက်ဆယ့်ခြောက်ဖြစ်သတည်း။