14
1 တစ်ဖန်ငါေမျှာ်ကြည့်ရာ ဇိအုန်တောင်ပေါ်မှာရပ်နေသောသိုးငယ်တော်နှင့်အတူ နဖူးတွင်သိုးငယ်တော်၏နာမ၊ ခမည်းတော်၏နာမ၊ အက္ခရာတင်ခံသူ တစ်သိန်းလေးသောင်းလေးထောင်ကို မြင်၍၊
2 ကောင်းကင်ဘုံမှ သမုဒ္ဒရာဟုန်းသံ၊ ကျယ်စွာသောမိုးချုန်းသံ၊ စောင်းသမားတို့စောင်းတီးသံကဲ့သို့၊
3 ပလ္လင်တော်ရှေ့သတ္တဝါလေးပါးနှင့် အကြီးအကဲတို့ရှေ့တွင် ဧချင်းသစ်ဖွဲ့ဆိုကြသည်ကိုကြားရ၏။ ထိုဧချင်းကိုမြေကြီးမှဝယ်တော်မူပြီးဖြစ်သူ၊ ထိုတစ်သိန်းလေးသောင်းလေးထောင်တို့မှတစ်ပါး မည်သူမျှသင်၍မရနိုင်။
4 ထိုသူတို့ကား မေထုန်နှင့်မညစ်ညူးဘဲ လူပျိုစင်ဖြစ်လျက် သိုးငယ်တော်ကြွတော်မူလေရာရာ လိုက်ပါသူ၊ ဘုရားသခင်နှင့်သိုးငယ်တော့်အဖို့ကောက်ဦးအဖြစ် လူတို့ဘောင်ကဝယ်ယူတော်မူသူ၊
5 မုသာကင်းသောနှုတ်ရှိသူ၊ အပြစ်အနာကင်းစင်သူများဖြစ်ကြသတည်း။
6-7 တစ်ဖန်မြေကြီးပေါ်တွင် နေထိုင်သူ၊ ဘာသာစကားအပုံပုံပြောဆိုသော လူအမျိုးမျိုးအနွယ်နွယ်တို့အား ကြားပြောရန် နိစ္စသတင်းတော်မြတ်ဆောင်သော စေတမန်တော်တစ်ပါးက ဘုရားသခင်ကိုခန့်ညား၍ ဘုန်းတော်ကိုချီးမွမ်းကြလော့။ စီရင်ဆုံးဖြတ်တော်မူချိန်တိုင်ရောက်ပြီ။ မိုးမြေကိုလည်းေကာင်း၊ သမုဒ္ဒရာနှင့်စမ်းပေါက်များကိုလည်းေကာင်း၊ ဖန်ဆင်းတော်မူသောအရှင်အားရှိခိုးကြလော့ဟု ကျယ်သောအသံနှင့်ကြွေးကြော်လျက် ကောင်းကင့်အလယ်တွင်ပျံဝဲသည်ကိုငါမြင်ရ၏။
8 ဒုတိယစေတမန်တော်တစ်ပါးလိုက်လျက် မတရားသော မေထုန်စပျစ်ရည်အရှိန်ကို လူမျိုးခပ်သိမ်းတို့အားတိုက်သောဗာဗုလုန်မြို့ကြီးပြိုပြီ၊ ပြိုပြီဟု ကြွေးကြော်၏။
9 တတိယစေတမန်တော်တစ်ပါးလည်းလိုက်လျက် သားရဲနှင့်ရုပ်ပုံကိုရှိခိုး၍ နဖူးတွင်ဖြစ်စေ၊ လက်တွင်ဖြစ်စေ၊ သညာခံယူသည်။
10 ဘုရားသခင့်အမျက်တော်ဖလား၌ ရေမပါဘဲရောစပ်ထားသော အမျက်တော်စပျစ်ရည်အရှိန်ကိုသောက်လျက် သန့်ရှင်းသောစေတမန်တော်တို့နှင့် သိုးငယ်တော့်ရှေ့၊ ကန့်မီးဖြင့်ညှင်းဆဲခံရသည့်အလျောက်၊
11 သားရဲနှင့်ရုပ်ပုံကိုရှိခိုးလျက် သားရဲအမည်သညာကိုခံသော ထိုသူတို့ညှဉ်းဆဲခြင်းအခိုးသည် နေ့ညဥ့်မစဲကမ္ဘာအဆက်ဆက်တက်လိမ့်မည်။
12 ဤအရာ၌ ဘုရားသခင့်ပညတ်တော်များနှင့် ယေရှုအားယုံကြည်ခြင်းတရားကို စောင့်ရှောက်သောသီးသန့်ထားသူတို့ တည်ကြည်ခြင်းရှိ၏။
13 ထိုအခါ ယခုကစ၍အရှင်ဘုရား၌သေလွန်သူတို့ မင်္ဂလာရှိသည်ကိုရေးသားလော့ဟု ကောင်းကင်ဘုံမှ အမိန့်သံကိုငါကြားရ၏။ ဝိညာဉ်တော်ကလည်း ထိုသူတို့သည် အလုပ်ဝန်ပြီးစီးငြိမ်းချမ်း၍ အကျိုးဆက်ထက်ကြပ်ပါသည့်အရာ၌ ထိုသို့မှန်ပေသည်ဟုမြွက်ဆိုတော်မူ၏။
14 တစ်ဖန်ငါမျှော်ကြည့်ရာ တိမ်တိုက်ဖြူကိုလည်းေကာင်း၊ တိမ်တိုက်ထက်လူ့သားနှင့်တူသောပုဂ္ဂိုလ်တစ်ပါးသည် ရွှေသရဖူကိုဆောင်းလျက်၊ ထက်သောတံစဉ်ကိုကိုင်လျက်ထိုင်နေသည်ကိုလည်းေကာင်း မြင်ရ၏။
15 စေတမန်တော်တစ်ပါးလည်း ဗိမာန်တော်မှထွက်လာလျက် တိမ်တိုက်ထက်ထိုင်နေသောပုဂ္ဂိုလ်အား တံစဉ်တော်ကိုကျော့ရိတ်တော်မူပါ။ မြေကြီးအသီးအနှံမှည့်၍ရိတ်ချိန်တိုင်ရောက်ပါပြီဟု ကျယ်သောအသံနှင့်ကြွေးကြော်ရာ၊
16 တိမ်တိုက်ထက်ထိုင်နေသောပုဂ္ဂိုလ်သည် တံစဉ်ကိုမြေကြီးပေါ်သို့ပစ်လွှတ်သည့်အလျောက် မြေကြီးရိတ်ဖြတ်ခံရ၏။
17 တစ်ဖန်စေတမန်တော်တစ်ပါးသည် ကောင်းကင်ဘုံရှိဗိမာန်တော်မှ ထက်သောတံစဉ်ကိုင်လျက်ထွက်လာသည့်အပြင်၊
18 မီးပေါ်တွင်အာဏာဆောင်စေတမန်တော်တစ်ပါးလည်း ပူဇော်ရာပလ္လင်မှထွက်လာပြီးလျှင် ထက်သောတံစဉ်ကိုင်အား မြေကြီးစပျစ်သီးမှည့်ပြီးဖြစ်၍ အခိုင်များကိုဖြတ်ခူးရန် ထက်သောသင့်တံစဉ်ကျော့လော့ဟု ကျယ်သောအသံနှင့်ကြွေးကြော်ရာ၊
19 ထိုစေတမန်တော်သည် တံစဉ်ကိုမြေပေါ်သို့ပစ်လွှတ်၍ မြေကြီးစပျစ်သီးများကိုဖြတ်ခူးပြီးလျှင် ဘုရားသခင့်အမျက်တော်တည်းဟူသော ဖိနင်းရာကျင်းကြီးထဲသို့ပစ်ချ၏။
20 ထိုကျင်းကိုမြို့တော့်ပြင်တွင်ဖိနင်းရာ ထွက်စီးသောအသွေးသည် မြင်းဇက်သုံးကိုထိ၍ တိုင်ပေါင်းတစ်ရာခန့်ရောက်၏။