7
1 ပညတ်တရားကိုသိကျွမ်းသောညီအစ်ကိုတို့၊ လူ့အသက်ရှင်သမျှကာလ၌သာ ထိုပညတ်တရား အုပ်စိုးသည်ကိုမသိကြလော။
2 ဥပမာဆိုလျှင် လင်အသက်ရှင်စဉ် မိန်းမသည်တရားအတိုင်းလင်၌ချည်နှောင်လျက်ရှိ၏။ လင်သေလျှင်မူကား လင့်ဝတ်တရားနှင့်ကင်းလွတ်၏။
3 သို့ဖြစ်၍ လင်အသက်ရှင်စဉ်အခြားယောက်ျားနှင့်ပေါင်းလျှင် မျောက်မထားမဟု ခေါ်ခံရလိမ့်မည်။ လင်သေလျှင်မူကား လင့်ဝတ္တရားနှင့်ကင်းလွတ်၍ အခြားယောက်ျားနှင့်ပေါင်းသော်လည်း မျောက်မထားမဖြစ်မည်မဟုတ်။
4 ထိုနည်းတူညီအစ်ကိုတို့၊ သင်တို့လည်းခရစ်တော်၏ကိုယ်ခန္ဓာကြောင့် ပညတ်တရားအရာ၌သေပြီးဖြစ်၍ ဘုရားသခင့်အဖို့အကျိုးဖြစ်ပွားစေခြင်းငှါ သူသေတို့အထဲမှရှင်ပြန်ထမြောက်တော်မူသော အရှင်တစ်ပါးနှင့်ပေါင်းရကြလေပြီ။
5 ရုပ်ခန္ဓာအောက်၌ ငါတို့ရှိနေကြစဉ် ပညတ်တရားတော်ကြောင့် အပြစ်ဆိုင်ရာဝါသနာများသည် သေမင်းအဖို့အကျိုးဖြစ်ပွားစေရန် ငါတို့ကိုယ်အၙင်္ဂၙါၙၙများ၌ပြုစုခဲ့သော်လည်း၊
6 ယခုမှာ စွဲကိုင်ခဲ့ရာ၌သေလျက် ပညတ်တရားတော်မှလွတ်ပြီးဖြစ်၍ ပညတ်ဆိုင်ရာနည်း ဟောင်းအတိုင်းမဟုတ်။ နံခန္ဓာဆိုင်ရာ နည်းသစ်အတိုင်းအမှုဆောင်ရကြ၏။
7 သို့ဖြစ်လျှင် မည်သို့ဆိုရအံ့နည်း။ ပညတ်တရားတော်သည်အပြစ်လော။ ထိုသို့မဖြစ်စေရာ။ မုချအားဖြင့် ပညတ်တရားမရှိလျှင် ငါသည်အပြစ်ကိုမသိခဲ့လေ။ အသို့ဆိုသော်၊ တပ်မက်သောစိတ်မရှိစေနှင့်ဟူ၍ ပညတ်တရားတော်မမြစ်တားလျှင် တပ်မက်ခြင်းကိုငါမသိခဲ့လေ။
8 ပညတ်တရားမရှိစဉ် သေလျက်နေရသောအပြစ်တရားကား ပညတ်တော်ကြောင့်အခွင့်ရ သည့်အလျောက် တပ်မက်ခြင်းအမျိုးမျိုးကို ငါ၌ပြုပြင်ခဲ့၏။
9 ပညတ်တရားကင်းလျက်နေစဉ် ငါအသက်ရှင်ရသော်လည်း ပညတ်တော်ရောက်လာသဖြင့် အပြစ်တရားရှင်၍ငါသေရာ။
10 အသက်ရှင်ခြင်းအလို့ငှါ ပေးသောပညတ်တော်သည် သေခြင်းအလို့ငှါဖြစ်ကြောင်းကိုငါတွေ့၏။
11 ပညတ်တော်ကြောင့် အခွင့်ရသောအပြစ်တရားသည် ငါ့ကိုလှည့်ဖြား၍ကွပ်မျက်လေ၏။
12 ထိုကြောင့် ပညတ်တရားတော်သည်သန့်ရှင်း၏။ ပညတ်တော်လည်း သန့်ရှင်းဖြောင့်မတ်ကောင်းမွန်၏။
13 သို့ဖြစ်လျှင် ထိုကောင်းမွန်သောအရာသည် ငါ၌သေခြင်းဖြစ်ရသလော။ ထိုသို့မဖြစ်စေရာ။ အပြစ်တရားမူကား အပြစ်ထင်ရှားရာရောက်လျက် ပြစ်မှားခြင်းနှင့်ပြည့်အံ့သောငှါ ကောင်းမွန်သော ထိုပညတ်တော်ကြောင့်ပြုပြင်လျက် ငါ၌သေခြင်းဖြစ်သတည်း။
14 ပညတ်တရားတော်သည် ဝိညာဉ်တော်နှင့်စပ်ဆိုင်ကြောင်းငါတို့သိကြ၏။ ငါမူကား အပြစ်တရားအောက် ကျွန်ခံသူ၊ ဇာတိသဘောအောက်နေသူဖြစ်လေစွ။
15 ငါသဘောမြတ်ရာကိုမပြုကျင့်ဘဲ ရွံရှာရာကိုပြုရသည်မှာ ပြုလျက်နေသောအရာကို နားမလည်လေစွ။
16 ငါသဘောမမြတ်ရာကိုပြုရလျက်ပင် ပညတ်တရားတော်ကောင်းမွန်သည်ဟု ဝန်ခံရာရောက်၍။
17 ထိုအရာကိုငါမဟုတ်။ ငါ၌တည်နေသောအပြစ်တရားပြု၏။
18 ထိုသို့ကောင်းမွန်ရာကို သဘောမြတ်လျက်ရှိသော်လည်း ပြုနိုင်ခွင့်မရှိသည့်အလျောက် ငါ့အတွင်း ငါ့ရုပ်ခန္ဓာ၌ ပါရမီမတည်ကြောင်းငါသိ၏။
19 သဘောမြတ်ရာအကောင်းကိုမပြုဘဲ သဘောမမြတ်ရာအဆိုးကိုသာပြုကျင့်လေစွ။
20 သို့ရာတွင် သဘောမမြတ်ရာကိုပြုရလျှင် ငါမဟုတ်။ ငါ၌တည်သောအပြစ်တရားပြု၏။
21 သို့ဖြစ်၍ အကောင်းပြုရန်သဘောရှိသော်လည်။ အဆိုးဘက်စပ်လျက်နေသောတရားကိုငါတွေ့သည်မှာ၊
22 အဇ္စျတ္ထလူ့အလိုအတိုင်း ဘုရားသခင်ပညတ်တရား၌မွေ့လျော်လျက်ပင်။ငါ့စိတ်သဘော၌ရှိ သောတရားကိုတိုက်လှန်၍၊
23 ငါ့ကိုယ်အၙင်္ဂၙါၙၙအများ၌ရှိသော အပြစ်တရားအောက်သို့ ငါ့ကိုသုံ့ဘမ်းသောတရားတစ်မျိုးသည် ကိုယ်အၙင်္ဂၙါၙၙများ၌ရှိကြောင်းငါသိ၏။
24 ဪ ဒုက္ခပါတကား။ သေခြင်းဆိုင်ရာဤခန္ဓာမှ ငါ့ကိုမည်သူကယ်နုတ်ပါအံ့နည်း။
25 ငါတို့အရှင်ယေရှုခရစ်အားဖြင့် ဘုရားသခင့်ကျေးဇူးတော်ကြီးမြတ်လေစွ။
ထိုသို့ဉာဏ်သဘောအလျောက် ဘုရားသခင့်ပညတ်တရားအောက် ငါ့ကိုယ်တိုင်ကျွန်ခံသော်လည်း ရုပ်သဘောအလျောက် အပြစ်တရားအောက်ကျွန်ခံရသတည်း။