6
1 သို့ဖြစ်လျှင် မည်သို့ဆိုရအံ့နည်း။ ငါတို့သည် ကျေးဇူးတရားဖောင်းပွစေရန် အပြစ်တရား၌ တည်နေရဦးမည်လော။
2 ထိုသို့မဖြစ်စေရာ။ အပြစ်တရားအရာ၌သေခဲ့သောငါတို့သည် ထိုတရား၌မည်သို့ဆက်လက် နေထိုင်ရဦးမည်နည်း။
3 ခရစ်တော်ယေရှုထဲသို့ ဗတ္တိဇံမင်္ဂလာခံခဲ့သမျှသောငါတို့သည် သေတော်မူခြင်းထဲသို့ခံခဲ့ကြောင်း သင်တို့မသိကြလော။
4 သို့ဖြစ်၍ ခရစ်တော်သည် ခမည်းတော်၏ဘုန်းတန်ခိုးတော်ကြောင့် သူသေတို့အထဲမှရှင်ပြန် ထမြောက်တော်မူသည့်နည်းတူ ငါတို့လည်းအသစ်အသက်ရှင်လျက် ကျင့်ကြံပြုမူအံ့သောငှါ သေတော်မူခြင်းထဲသို့ ဗတ္တိဇံမင်္ဂလာခံခြင်းဖြင့် ကိုယ်တော်နှင့်အတူသင်္ဂြိုဟ်ခံရကြ၏။
5-7 သေတော်မူခြင်းစံတော်နှင့် ပူးစိုက်ခြင်းခံသည်မှန်လျှင် သေလွန်ခဲ့သူသည် အပြစ်နှင့် တရားသေလွတ်ပြီးသည့်အလျောက် အပြစ်တရားတည်ရာခန္ဓာပျက်သဖြင့် ထိုတရားအောက် ဆက်လက်ကျွန်မခံရစေရန် ငါတို့၏လူဟောင်းကို ကိုယ်တော်နှင့်တကွကားတင်ကြောင်း သိမှတ်သောငါတို့သည် ရှင်ပြန်ထမြောက်တော်မူခြင်းစံတော်နှင့် ပူးစိုက်ခြင်းခံကြရလိမ့်မည်။
8-9 ခရစ်တော်နှင့်အတူသေပြီးဖြစ်သည်မှန်လျှင်လည်း သူသေတို့အထဲမှ ရှင်ပြန်ထမြောက်တော်မူသော ခရစ်တော့်အပေါ်တွင် သေခြင်းတရားအုပ်စိုးခွင့်ကိုနောင်မရသဖြင့် နောက်တစ်ဖန် သေတော်မူရမည်မဟုတ်ကြောင်းသိသောငါတို့သည် ကိုယ်တော်နှင့်အတူ ရှင်လိမ့်မည်ဟုယုံကြည်ကြ၏။
10 ကိုယ်တော်အသေခံတော်မူသည်မှာ အပြစ်တရားအရာ၌ တစ်ကြိမ်သာခံတော်မူ၏။ အသက်ရှင်တော်မူသည်မှာ ဘုရားသခင့်အဖို့ရှင်တော်မူ၏။
11 ထိုနည်းတူပင် သင်တို့သည်အပြစ်တရားအရာ၌အသေဖြစ်လျက် ဘုရားသခင့်အဖို့မူကား ခရစ်တော်ယေရှု၌ရှင်နေသည်ဟု မှတ်ယူကြလော့။
12 ထိုကြောင့် ကိုယ်ခန္ဓာ၏တပ်မက်ခြင်းကိုလိုက်နာစေရန် သင်တို့၏အနိစ္စခန္ဓာ၌ အပြစ်တရားမင်းမမူစေလင့်။
13 ကိုယ်အၙင်္ဂၙါၙၙများကိုလည်း ဒုစရိုက်လက်နက်အဖြစ် အပြစ်တရားအားဆက်သလျက် မနေကြလင့်။ သင်တို့ကိုယ်ကို သူသေတို့အထဲမှရှင်ပြန်သူ့အဖြစ်ဖြင့်လည်းကောင်း၊ ကိုယ်အၙင်္ဂၙါၙၙများကို သုစရိုက်လက်နက်အဖြစ်ဖြင့်လည်းကောင်း၊ ဘုရားသခင်အားဆက်သကြလော့။
14 သင်တို့သည် ပညတ်တရားအောက်၌မဟုတ်။ ကျေးဇူးတရားအောက်၌ရှိနေကြသည့်အလျောက် ကိုယ့်အပေါ်တွင်အပြစ်တရားမအုပ်စိုးရ။
15 သို့ဖြစ်လျှင် မည်သို့နည်း။ ပညတ်တရားအောက်၌မဟုတ်။ ကျေးဇူးတရားအောက်၌ရှိသောကြောင့် ငါတို့ပြစ်မှားလျက်နေရကြမည်လော။
16 ထိုသို့မဖြစ်စေရာ။ အကြင်တရားထံလိုက်နာရန် ကျွန်အဖြစ်ကိုယ်ကိုဆက်သလျှင် သေစေတတ်သောပြစ်မှားခြင်းတရားဖြစ်စေ၊ ဖြောင့်မတ်စေတတ်သောနာခံခြင်းတရားဖြစ်စေ၊ လိုက်နာကြသောထိုတရား၏ကျွန်ဖြစ်သည်ကို သင်တို့မသိကြလော။
17-18 သင်တို့သည် အပြစ်တရား၏ကျွန်များဖြစ်ခဲ့သော်လည်း။ သင်ကြားရသောဒေသနာနည်းကို စိတ်စေတနာနှင့်လိုက်နာလျက်၊ အပြစ်တရားမှလွတ်သဖြင့်၊ ဖြောင့်မတ်ခြင်းတရား၏ကျွန်များ ဖြစ်ကြသောကြောင့် ဘုရားသခင့်ကျေးဇူးတော်ကြီးလှပေ၏။
19 ဇာတိသဘောအလိုက် သင်တို့အားနည်းသောကြောင့် လူ့စရိုက်အတိုင်းငါဆိုရလျှင် သင်တို့သည် ကိုယ်အၙင်္ဂၙါၙၙများကိုဒုစရိုက်အလို့ငှါ ညစ်ညှူးခြင်း၊ မတရားခြင်း၏ကျွန်အဖြစ်ဆက်သဖူးကြသကဲ့သို့ပင် ယခုမှာ၊ သန့်ရှင်းခြင်းအလို့ငှါ ဖြောင့်မတ်ခြင်း၏ကျွန်အဖြစ်ဆက်သကြလော့။
20 သင်တို့သည်ဖြောင့်မတ်ခြင်းတရားနှင့်ကင်းလျက် အပြစ်တရား၏ကျွန်ဖြစ်ကြစဉ်ကာလ၊
21 ခံစားရသောအကျိုးကား အသို့နည်း။ သေခြင်း၌အဆုံးရောက်သည့်အလျောက်၊ သင်တို့ ယခုရှက်သောအရာများသာတည်း။
22 ယခုမှာမူ သင်တို့သည်အပြစ်တရားမှလွတ်လျက် ဘုရားသခင်၏ကျွန်အဖြစ်သို့ရောက်သောကြောင့် သန့်ရှင်းခြင်းအလို့ငှါ အကျိုးခံစားရသည်ပြင် အဆုံး၌ထာဝရအသက်ရကြလိမ့်မည်။
23 အပြစ်တရားပေးသောအခသည် သေခြင်းဖြစ်၏။ ဘုရားသခင်သနားတော်မူသော ဆုတော်ကား ငါတို့အရှင်ခရစ်တော်ယေရှု၌ ထာဝရအသက်ပင်တည်း။