3
1 သို့ဖြစ်လျှင် ယုဒလူမျိုး၌လွန်ကဲခြင်း၊ လှီးဖြတ်ရာမင်္ဂလာ၌အကျိုးရှိခြင်းကား အသို့နည်း။
2 အထူးထူးအပြားပြားရှိ၏။ ဦးစွာဆိုသော် ထိုလူမျိုးတို့သည် ဘုရားသခင့်ဗျာဒိတ်တော်များကို လွှဲအပ်ခံရကြ၏။
3 အချို့တို့သစ္စာဖျက်ကြသော်လည်း ထိုသို့ဖျက်ခြင်းအားဖြင့် ဘုရားသခင့်သစ္စာတော်အကျိုးမဲ့ဖြစ်မည်လော။
4 ထိုသို့မဖြစ်စေရာ၊ မိန့်တော်မူရာ၌ဖြောင့်မှန်တော်မူ၍ တရားဆိုင်တော်မူရာ၌အောင်မြင်တော်မူကြောင်း ထင်ရှားသည်ဟူသောကျမ်းလာရှိသည်နှင့်အညီ လူရှိသမျှသည် သစ္စာမတည်သော်လည်း ဘုရားသခင်မူကား သစ္စာတည်တော်မူစေသတည်း။
5 သို့ရာတွင် ငါတို့မတရားမှုဖြင့် ဘုရားသခင်၏ဖြောင့်မတ်တော်မူခြင်းထင်ရှားသည်မှန်က မည်သို့ပြောရအံ့နည်း။ လူ့စရိုက်အလိုက်ငါဆိုလျှင် အမျက်တော်ဒဏ်စီရင်သောဘုရားသခင်သည် မတရားရာရောက်တော်မူသလော။
6 ထိုသို့မဖြစ်စေရာ။ ဖြစ်ခဲ့မူ ဘုရားသခင်သည် ဤလောကကို မည်သို့စီရင်ဆုံးဖြတ်တော်မူနိုင်အံ့နည်း။
7 ၎င်းပြင် ငါ၏သစ္စာဖျက်မှုကြောင့် ဘုရားသခင်၏ဘုန်းတော်ထင်ရှားစေခြင်းငှါ၊ သစ္စာတော် ထွန်းကားသည်မှန်က၊ ငါသည်အပြစ်သားကဲ့သို့အဘယ်ကြောင့် စီရင်ခံရတော့အံ့နည်းဟူ၍လည်းကောင်း၊
8 ကောင်းကျိုးရှိစေရန် မကောင်းပြုကျင့်ကြကုန်အံ့ဟုငါတို့ဆိုကြောင်း အချို့တို့ကုန်းချောလျက် စွဲဆိုကြသည့်အတိုင်းပင် အဘယ်ကြောင့်မပြုအပ်သနည်းဟူ၍လည်းကောင်း၊ အောက်မေ့သောသူတို့သည် အပြစ်စီရင်ခံထိုက်၏။
9 သို့ဖြစ်လျှင်လည်း မည်သို့နည်း။ လူမျိုးခြားတို့သည် ငါတို့ထက်မြတ်သလော။ အလျှင်းမမြတ်။ ယုဒလူမျိုးနှင့်လူမျိုးခြားရှိသမျှတို့သည် အပြစ်တရားအောက်၌ရှိနေကြောင်း အထက်ကဆိုခဲ့ပြီ။
10 ကျမ်းအဆိုမှာလည်း ဖြောင့်မတ်သူတစ်ဦးတစ်ယောက်မျှမရှိ။
11 နားလည်သောသူ၊ ဘုရားသခင်ကိုရှာသောသူမရှိ။
12 ခပ်သိမ်းတို့လမ်းလွဲ၍ အသုံးမဲ့ဖြစ်ကြကုန်ပြီ။ အကောင်းပြုကျင့်သူတစ်ဦးတစ်ယောက်မျှ မရှိချေ။
13 သူတို့လည်ချောင်းသည် ပွင့်နေသောသသင်္ချၖိုင်းဂူသဖွယ်ဖြစ်လျက် လျှာနှင့်လှည့်ဖျားသည့်ပြင် နှုတ်ခမ်းတွင်လည်းမြွေဆိုးအဆိပ်ရှိ၏။
14 သူတို့နှုတ်သည် ကျိန်ဆဲခြင်း၊ သီးရင့်ခြင်းနှင့်ပြည့်လျက်ရှိ၏။
15 သူတို့ခြေများသည် အသွေးကိုသွန်းရန်လျင်မြန်လျက်၊
16 လိုက်သောလမ်းတွင် ဆိတ်ညံပျက်စီးရာကိုထားခဲ့လေ့ရှိကြ၏။
17-18 ချမ်းသာရာလမ်းကိုမသိ။ ဘုရားသခင်အားခန့်ညားရာအကြောင်း မျက်မှောက်မပြုကြ ချေဟူ၍တည်း။
19-20 ငါတို့သိကြသည့်အတိုင်း ပညတ္တိကျမ်းဆိုရှိသမျှသည် ပညတ်တရားတော့်အောက်နေ သောသူတို့နှင့်စပ်ဆိုင်၏။ သို့မှ ပညတ်တရားကြောင့် အပြစ်ကိုသိမြင်သော်လည်း ပညတ်တရား အလိုက်အကျင့်အားဖြင့် လူသတ္တဝါတစ်ဦးမျှဘုရားသခင့်ရှေ့ ဖြောင့်မတ်ရာမရောက်နိုင်သည်ဖြစ်၍ တစ်လောကလုံးသည် ဆင်ချေတက်ရန်မဲ့လျက် ရှေ့တော်တွင်စီရင်ခံထိုက်သတည်း။
21-22 ယခုခေတ်မှာမူ ပညတ္တိကျမ်းနှင့်ပရောဖက်ကျမ်းများသက်သေခံသည့်အတိုင်း ပညတ် တရားနှင့်ကင်းသော ဘုရားသခင်၏ဖြောင့်မတ်ခြင်း၊ ယေရှုခရစ်ကိုယုံကြည်သောအားဖြင့်၊ ယုံကြည်သူအပေါင်းတို့အပေါ်သို့သက်ရောက်သည့် ဘုရားသခင်၏ဖြောင့်မတ်ခြင်းသည် ထင်ရှားလျက်ရှိ၏။
23 ခြားနားခြင်းမရှိ။ လူအပေါင်းတို့သည် ဘုရားသခင်၏ဘုန်းတော်ကိုမမီဘဲ ပြစ်မှားသည့်အလျောက်၊
24-26 ယုံကြည်သောအားဖြင့် အသွေးတော်ကြောင့် အပြစ်ပြေရာပြေကြောင်းအဖြစ် ဘုရား သခင်ဖွင့်ထားတော်မူသည့် ခရစ်တော်ယေရှု၌တည်သောရွေးနုတ်ခြင်းကြောင့် ကျေးဇူးတော်အားဖြင့် အဖိုးမဲ့ဖြောင့်မတ်ရာရောက်ရကြ၏။ ထိုသို့ဖွင့်ထားတော်မူသော် အထက်ပြစ်မှားမိကြသောပြစ်မှုများကို သည်းခံတော်မူရာ၌ ရွှေ့ဆိုင်းသည်ကိုထောက်၍ ဖြောင့်မတ်တော်မူကြောင်း ထင်ပေါ်စေရန်လည်းကောင်း၊ ယခုခေတ်လည်း ကိုယ်တော်တိုင်ဖြောင့်မတ်၍ ယေရှုအားယုံကြည်သူတို့ကို ၁ 3.24-26 ဤအချက်နှစ်ရပ်။ ပါၕၕၕဠိ တူညီ၏။ တ ရားသေလွှတ်လျက်ပင် ဖြောင့်မတ်တော်မူကြောင်းထင်ပေါ်စေရန်လည်းကောင်း ဖြစ်သတည်း။
27 သို့ဖြစ်၍ ဝါကြွားရန်အကြောင်းအဘယ်မှာနည်း။ ပယ်ပလေပြီ။ မည်သို့သောတရားကြောင့်နည်း။ အကျင့်တရားကြောင့်လော။ ယုံကြည်ခြင်းတရားကြောင့်တည်း။
28 လူသည်ပညတ်တရားအလိုက် အကျင့်အားဖြင့်မဟုတ်၊ ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ရာ ရောက်သည်ဟုမှတ်ရ၏။
29 ဘုရားသခင်သည် လူမျိုးခြားတို့၏ဘုရားမဟုတ်ဘဲ ယုဒလူမျိုးတို့၏ဘုရားသာဟုတ်သလော။
30 လှီးဖြတ်ခြင်းမင်္ဂလာခံသူတို့ကို ယုံကြည်ခြင်းအားဖြင့်လည်းေကာင်း၊ မခံသူတို့ကိုယုံကြည်ခြင်းကြောင့်လည်းေကာင်း၊ ဖြောင့်မတ်ရာရောက်စေတော်မူမည့်ဘုရားသခင်သည် တစ်ဆူတည်းဖြစ်တော်မူသည့်အလျောက် လူမျိုးခြားတို့ဘုရားလည်းဟုတ်မှန်၏။
31 သို့ဖြစ်လျှင် ငါတို့သည်ယုံကြည်ခြင်းကြောင့် ပညတ်တရားကိုအကျိုးမဲ့ဖြစ်စေသလော။ ထိုသို့မဖြစ်စေရာ။ သာ၍တည်စေကြ၏။