12
1 ထိုကြောင့် ညီအစ်ကိုတို့၊ ဘုရားသခင့်ကရုဏာတော်ကိုထောက်၍ ငါနှိုးဆော်တိုက်တွန်းသည်မှာ၊ ဘုရားသခင်နှစ်သက်တော်မူဖွယ် သန့်ရှင်းသောသက္ကာ၊ ရှင်သောပူဇော်သက္ကာအဖြစ် သင်တို့ကိုယ်ခန္ဓာများကို ဉာဏ်ဆိုင်ရာဝတ်ဖြစ်သည့်အလျောက် ဆက်ကပ်ကြလော့။
2 ယခုခေတ်ကာလနှင့်အသွင်တူခြင်းမရှိဘဲ မည်သည့်အရာမှာ ဘုရားသခင့်အလိုတော်အတိုင်း ကောင်းမွန်စုံလင်၍ နှစ်သက်တော်မူရာဖြစ်ကြောင်း ပိုင်းခြားသိမြင်ရအံ့သောငှါ စိတ်သဘောအသစ်ရလျက် ပုံသဏ္ဌာန်ပြောင်းခြင်းရှိကြလော့။
3 သင်တို့ဘောင်တွင်လူရှိသမျှအား ငါခံစားရသောကျေးဇူးတော်ကြောင့် ထပ်ဆိုသည်ကား၊ ကိုယ်ကိုထင်သင့်သည်ထက်လွန်၍မထင်ဘဲ အသီးအသီးတို့အား ဘုရားသခင်ဝေမျှတော်မူသော ယုံကြည်ခြင်းပမာဏအတိုင်း သင့်လျော်စွာထင်ကြလော့။
4 တစ်ကိုယ်တည်း၌ အလုပ်ချင်းမတူသောအၙင်္ဂၙါၙၙအများရှိသည့်နည်းတူ၊
5 ခရစ်တော်၌တစ်ကိုယ်တည်းဖြစ်သော ငါတို့အများသည် အသီးအခြားအၙင်္ဂၙါၙၙချင်းဖြစ်ကြ၏။
6 ငါတို့ခံစားရသောကျေးဇူးတော်အလျောက် ကွဲပြားသောဆုတော်များကိုရကြသောကြောင့် ဟောပြောဆုဖြစ်လျှင် ယုံကြည်ခြင်းပမာဏအတိုင်းဟောပြောခြင်း၊
7 အမှုတော်ဆောင်ဆုဖြစ်လျှင် ဆောင်ရွက်ခြင်း၊ သင်ကြားဆုဖြစ်လျှင် သင်ကြားခြင်း၊
8 နှိုးဆော်ဆုဖြစ်လျှင် နှိုးဆော်ခြင်းများကိုပြုကြကုန်အံ့။ ပေးကမ်းသူသည်နှမြောကင်းလျက် ဦးဆောင်သူသည်လုံ့လထုတ်လျက် ထောက်မသူသည်စိတ်ကြည်လင်လျက်ပြုကြစေ။
9 ဟန်မဆောင်ဘဲချစ်ကြလော့။ အဆိုးကိုရွံရှာ၍ အကောင်းကိုမှီဝဲလျက်၊
10 ညီအစ်ကိုချင်းအဖြစ်သင်္ဂဟဝတ်အတိုင်း တစ်ယောက်ကိုတစ်ယောက်ချစ်၍ ကိုယ့်ထက်ဂုဏ်တင်လျက်၊
11 မဖင့်မနွှဲလုံ့လထုတ်လျက်၊ စိတ်စေတနာထက်သန်လျက်၊ အရှင်ဘုရား၏အစေတော်ကိုခံလျက်၊
12-13 ရွှင်လန်းစွာေမျှာ်လင့်လျက်၊ ဒုက္ခရောက်ရာ၌တည်တံ့လျက်၊ အမြဲပဌနာပြုလျက်၊ ဆင်းရဲသောတပည့်တော်တို့အားပေးကမ်းလျက်၊ ဧည့်ဝတ်ပြုလျက်နေကြလော့။
14 သင်တို့ကိုညှဉ်းပန်းသောသူတို့အား၊ မကျိန်ဆဲဘဲမေတ္တာပို့၍ ကောင်းကြီးပေးကြလော့။
15 ရွှင်လန်းသူတို့နှင့်ရွှင်လန်းခြင်း၊ ငိုကြွေးသူတို့နှင့်ငိုကြွေးခြင်းပြုကြလော့။
16 စိတ်ကြီးမဝင်၊ ဉာဏ်ကောင်းသည်ဟုမထင်ဘဲ အနိမ့်အညံ့နှင့်ရောင့်ရဲလျက် အချင်းချင်း တစ်သဘောတည်းရှိကြလော့။
17 အဆိုးအတွက်အဆိုးကိုမတုံ့မပြန်ဘဲ လူခပ်သိမ်းတို့ရှေ့ သင့်လျော်စွာပြုမူကြံစည်ကြလော့။
18 ကိုယ့်တာဝန်အတိုင်း လူခပ်သိမ်းတို့နှင့်အသင့်အတင့်နေကြလော့။
19 လက်စားချေခြင်းသည် ငါပိုင်ဖြစ်သည့်အလျောက် ငါဆပ်ပေးမည်ဟု ထာဝရဘုရားမိန့်တော်မူကြောင်း ကျမ်းချက်ရှိသဖြင့် အိုချစ်သူတို့၊ ကိုယ်တိုင်လက်စားမချေဘဲ အမျက်တော်ဒဏ်ကိုခွင့်ပြုကြလော့။
20 သင်၏ရန်သူသည် ဆာမွတ်လျှင် ကျွေးမွေးလော့။ ငတ်လျှင်လည်း တိုက်လော့။ ထိုသို့ပြုခြင်းအားဖြင့် သူ့ဦးခေါင်းပေါ်မှာ မီးကျီးပုံသကဲ့သို့ဖြစ်စေလိမ့်မည်။
21 အဆိုးပြု၍အရှုံးမခံနှင့်။ အကောင်းပြု၍ အဆိုးကိုအောင်မြင်လော့။