36
1 ပြည်သူပြည် သားတို့သည်၊ ယောရှိမင်းသားတော်ယောခတ်ကိုခေါ်လျက်၊ ခမည်းတော်အရိုက်အရာ၌၊ ယေရုရှလင်မြို့တွင် မင်းမြေှာက်ကြကုန်၏။
2 ယောခတ်မင်းသည်၊ အိမ်နိမ့်နှစ်ဆယ့်သုံးနှစ်ရှိသော်၊ နန်းတက်၍၊ ယေရုရှလင်မြို့၌၊ သုံးလသာနန်းစံရ၏။
3 အိဂျစ်ဘုရင်သည်နန်းချပြီးလျှင်၊ ယုဒပြည်တွင် ငွေချိန်ခွက်သုံးထောင်၊ ရွှေချိန်ခွက်သုံးဆယ်ဒဏ်တပ်လျက်၊
4 နောင်တော်ဧလျာကိမ်ကို၊ ယောယကိမ်အမည်သစ်ပြောင်း၍၊ ယုဒပြည်သူယေရုရှလင်မြို့ သားတို့အပေါ်တွင်နန်းတင်ပြီးမှ၊ ညီတော်ယောခတ်ကိုအိဂျစ်ပြည်သို့သိမ်းသွားလေ၏။
5 ယောယကိမ်မင်းသည်၊ အိမ်နိမ့်နှစ်ဆယ့်ငါးနှစ်ရှိသော်၊ နန်းတက်၍၊ ယေရုရှလင်မြို့၌၊ ဆယ့်တစ်နှစ်စိုးစံရရာ၊ ကိုယ့်ဘုရားသခင်ထာဝရဘုရားမျက်မှောက်တော်တွင် ဆိုးသွမ်းမှုကိုပြုကျင့်နေစဉ်၊
6 ဗာဗုလုန်ဘုရင်နေဗုခဒ်နေဇာမင်းချီလာတိုက်ခိုက်ပြီးလျှင်၊ ထိုမင်းကိုဗာဗုလုန်မြို့သို့ သိမ်းသွားရန်ချည်နှောင်သည့်ပြင်၊
7 ဗိမာန်တော်အသုံးအဆောင်အချို့ကို၊ ဗာဗုလုန်မြို့သို့သိမ်းသွား၍၊ ကိုယ့်နန်းတော်တွင်ထားလေ၏။
8 ယောယကိမ်မင်းပြုမူသောအကြွင်းအကျန်နှင့်၊ ရွံရှာဖွယ်အကျင့်၊ ထင်ရှားသောဒုစရိုက်ပါ၊ ဣသရေလ၊ ယုဒရာဇဝင်တွင်ရေးထားလျက်ရှိ၏။ သားတော်ယေခေါနိသည်၊ အရိုက်အရာ၌နန်းစံလေ၏။
9 ယေခေါနိမင်းသည်၊ အိမ်နိမ့်၁ 36.9 ပါဠိၒ ၒ- ရှစ်နှစ်။ဆယ့်ရှစ်နှစ်ရှိသော်၊ နန်းတက်၍၊ ယေရုရှလင်မြို့၌၊ သုံးလဆယ်ရက်နန်းစံရရာ၊ ထာဝရဘုရားမျက်မှောက်တော်တွင်ဆိုးသွမ်းမှုကိုပြုကျင့်နေစဉ်၊
10 နှစ်ဦးသမယအခါနေဗုခဒ်နေဇာမင်းစေလွှတ်၍၊ ဗိမာန်တော်အဘိုးထိုက်တန်ဆာများနှင့် ထိုမင်းကိုဗာဗုလုန်မြို့သို့သိမ်းသွားလျက်၊ ၂ 36.9 ပါဠိၒ ၒ- ေနာင်ေတာ်။ဘထွေးတော်ဇေဒကိကို၊ ယုဒပြည်သူယေရုရှလင်မြို့သားတို့အပေါ်တွင်နန်းတင်ခဲ့လေ၏။
11 ဇေဒကိမင်းသည်၊ အိမ်နိမ့်နှစ်ဆယ့်တစ်နှစ်ရှိသော်၊ နန်းတက်၍၊ ယေရုရှလင်မြို့၌၊ ဆယ်တစ်နှစ်စိုးစံရရာ၊
12 ထာဝရဘုရားဗျာဒိတ်တော်ခံ၊ ပရောဖက်ယေရမိရှေ့စိတ်မနှိမ့်ချဘဲ၊ ထာဝရဘုရားမျက်မှောက်တော်တွင်ဆိုးသွမ်းမှုကိုပြုကျင့်လျက်၊
13 ဘုရားသခင်ထံတိုင်တည်၍သစ္စာမူစေခဲ့သောနေဗုခဒ်နေဇာမင်းကိုခြားနားသည့်ပြင်၊ ဣသရေလလူမျိုး၏ဘုရားသခင်ထာဝရဘုရားဘက်တော်သို့မပြောင်းလဲဘဲ၊ စိတ်သဘောခဲယဉ်းမြဲခဲယဉ်းလေ၏။
14 ပုရောဟိတ်အကြီးအကဲများနှင့်ပြည်သူပြည်သားတို့လည်း၊ လူမျိုးခြားတို့ရွံရှာဖွယ်ဓလေ့အလိုက်သစ္စာတော်ကိုဖောက်ကျော်၍၊ ယေရုရှလင်မြို့တွင်သီးသန့်ထားတော်မူခဲ့သောဗိမာန်ကိုမသန့်အောင်ပြုကြ၏။
15 ဘိုးဘေးတို့ဘုရားသခင်ထာဝရဘုရားသည်၊ လူမျိုးတော်နှင့်စံရာတော်ကိုထောက်ညှာသည့်အတွက်၊ တမန်တော်တို့ကိုဝိရိယစိုက်၍စေလွှတ်တော်မူသော်လည်း၊
16 လူမျိုးတော်အပေါ်တွင်တင်ထားသောအမျက်တော်မငြိမ်းနိုင်အောင်၊ ဘုရားသခင်တမန်တော်တို့အားကဲ့ရဲ့ခြင်း၊ ဗျာဒိတ်တော်ကိုမထီလေးစားခြင်း၊ ပရောဖက်တို့အားပြောင်လှောင်ခြင်းများကိုပြုကြသည်နှင့်၊
17 လူပျို၊ အပျို၊ အိုမင်းမစွမ်းတို့ကိုမထောက်ညှာဘဲ၊ သန့်ရှင်းသော်ဗိမာန်တော်တွင်လက်ရွေးသူရဲတို့ပါဓားဖြင့်ကွပ်မျက်အံ့သူ၊ ခါလဒဲဘုရင်ကိုချီတက်စေပြီးလျှင်၊ ရှိသမျှကိုပင်လက်တွင်းသို့အပ်နှင်းတော်မူ၏။
18 ထိုမင်းသည်၊ ဘုရားသခင်ဗိမာန်တော်ရှိအသုံးအဆောင်အကြီးအငယ်များမှစ၍၊ ဗိမာန်တော်ဘဏ္ဍာ၊ ဘုရင်မင်းနှင့်မှူးတော်မတ်တော်တို့ဘဏ္ဍာဟူသမျှကို၊
19 ဗာဗုလုန်မြို့သို့ပို့၍၊ ဗိမာန်တော်၊ တိုက်အိမ်အဆောင်ဆောင်ကိုမီးတိုက်လျက်၊ ဆိုင်ရာအဖိုးထိုက်တန်ဆာများကိုဖျက်ဆီးလျက်၊ မြို့ရိုးကိုလည်းဖြိုဖျက်စေပြီးမှ၊
20 ဓားဘေးလွတ်သူတို့ကိုဗာဗုလုန်မြို့သို့သိမ်းသွား၍၊ ပေရသိနိုင်ငံမတည်မချင်း၊ ဘုရင်မင်းနှင့်သားတော်တို့ထံကျွန်ခံရကြ၏။
21 မြေသည်၊ ဖုန်းဆိုးကုန်းဖြစ်သမျှကာလပတ်လုံး၊ ထိုက်သင့်ရာဥပုသ်များအတွက်ဆပ်ခံလှည့်ယူခွင့်မရမချင်း၊ နှစ်ပေါင်းခုနစ်ဆယ်တိုင်တိုင်၊ ယေရမိဆင့်ဆိုသောထာဝရဘုရား၏ဗျာဒိတ်တော်အတည်ဖြစ်ရန်၊ ထိုသို့ခံရကြသတည်း။
22 ယေရမိဆင့်ဆိုသောထာဝရဘုရား၏ဗျာဒိတ်တော်ပြည့်စုံစေခြင်းငှာ၊ ပေရသိဘုရင်ကုရုမင်းနန်းစံတစ်နှစ်တွင်၊ ထိုဘုရင့်စိတ်ကိုထာဝရဘုရားနှိုးဆော်တော်မူသဖြင့်၊ ပေရသိနိုင်ငံတစ်လျှောက်ဖတ်ရွတ်ကြော်ငြာစေသောအမိန့်တော်ကား။
23 ပေရသိဘုရင်ကုရုမင်းမိန့်တော်မူသည်မှာမိုးကောင်းကင်ရှင်ထာဝရဘုရားသည်၊ မြေကြီးနိုင်ငံရှိသမျှကို၊ ငါ့အားပေးသနားတော်မူသည့်အလျောက်၊ ယုဒပြည်၊ ယေရုရှလင်မြို့တွင်၊ ဗိမာန်တော်ကိုတည်ဆောက်ရန်တာဝန်ထားတော်မူလေပြီ။ ထို့ကြောင့်၊ လူမျိုးတော်အနက်မည်သူ မဆို၊ ကိုယ့်ဘုရားသခင်ထာဝရဘုရားတည်လျက် ပြန်သွားကြစေဟုထုတ်ဆင့်သတည်း။