3
1-2 ရှောလမုန်မင်းသည် ခမည်းတော်ဒါဝိဒ်မင်းအား ထာဝရဘုရားထင်ရှားတော်မူဘူးရာ ယေရုရှ လင်မြို့၊ မောရိတောင်ပေါ်၊ ယေဗုသိလူမျိုးသြရနန်၏ ကောက်နယ်တလင်းဝယ်၊ ဒါဝိဒ်မင်းပြင်ဆင် ခဲ့သော ဌာန၌ နန်းစံလေးနှစ်၊ ဒုတိယလ၊ နှစ်ရက်တွင် ထာဝရဘုရား၏ဗိမာန်တော်ကို စတည်သော်၊
3 ဘုရားသခင့်ဗိမာန်တော်ကို တည်ဆောက်ရန် ကျောက်မြစ်ချရသောစနစ်မှာ ရှေးတောင်တာအ တိုင်း၊ အလျားအတောင်ခြောက်ဆယ်၊ အနံအတောင်နှစ်ဆယ်တည်း။
4 ဗိမာန်တော်ဦးမုတ်ဆောင်အလျားမှာ ဗိမာန်တော်အနံနှင့်အမျှ အတောင်နှစ်ဆယ်၊ အမြင့်အတောင်တရာ့နှစ်ဆယ်ရှိလျက် ရွှေစင်ဖြင့် အတွင်းကိုမွမ်းမံစေ၏။
5-6 အခန်းတော်ကြီးကို ထင်းရှူးပျဉ်ဖြင့်ကာလျက် အပေါ်တွင်စွန်ပလွံပင်နှင့် ပန်းကုံးသဏ္ဌာန်ထု၍ ပါရဝိမ်ရွှေဖြင့် မွမ်းမံပြီးလျှင် တင့်တယ်စေခြင်းငှါ ကျောက်မျက်များကို စီချယ်စေ၏။
7 ထိုအခန်းတော်ရှိ ထုပ်လျောက်၊ နံရံ၊ တံခါးခုံ၊ တံခါးရွက်များကို ရွှေဖြင့်မွမ်းမံ၍ နံရံတွင် ခေရုဗပုံများထုထားစေ၏။
8 အထူးသန့်ရှင်းရာအခန်းတော်အလျားကို ဗိမာန်တော်အနံနှင့်အမျှ အတောင်နှစ်ဆယ်၊ အနံကိုလည်း အတောင်နှစ်ဆယ်လုပ်၍ ရွှေစစ်အခွက်တစ်သောင်းရှစ်ထောင်ဖြင့် မွမ်းမံစေ၏။
9 စွဲသောရွှေမှိုအချိန်ကား အကျပ်ငါးဆယ်တည်း။ အထက်ခန်းများကိုလည်း ရွှေဖြင့်မွမ်းမံစေ၏။
10 အထူးသန့်ရှင်းရာအခန်းတော်တွင် ထုလုပ်၍ ရွှေဖြင့်မွမ်းမံသောခေရုဗနှစ်ပါးရုပ်ပုံမှာ
11-12 အတောင်တစ်ဘက်ငါးတောင်စီ၊ အတောင်တစ်ဘက်စီနံရံ၊ တစ်ဘက်စီအတောင်ချင်းထိလျက် နှစ်စုံပေါင်းအတောင်နှစ်ဆယ်ဖြင့် မိုးလျက်
13 ပြင်ခန်းတော်ကိုမျက်နှာမူဟန်ရပ်နေ၏။
14 ပိတ်ချောမှစ၍ အပြာ၊ အမောင်း၊ အနီချည်များနှင့် ခေရုဗပုံပါကန့်လန့်ကာကို ရက်လုပ်စေ၏။
15 ဗိမာန်တော်ဦးတွင် အမြင့်သုံးဆယ့်ငါးတောင်ရှိတိုင်နှစ်တိုင်ကိုလည်းေကာင်း၊ တိုင်ထိပ်ပေါ်တွင် အမြင့်ငါးတောင်ရှိ တိုင်အုပ်နှစ်ခုကိုလည်းေကာင်း၊ သွန်းလုပ်လျက်
16 တိုင်အုပ်ပေါ်တွင် ထုလုပ်သောပန်းကုံးအထက် လုံးရေတစ်ရာရှိသလဲသီးပုံ၊ တစ်ကုံးစီချယ်လှယ် ပြီးနောက်
17 ထိုတိုင်နှစ်လုံးကို ဗိမာန်တော်ဦးဝဲယာတွင် စိုက်ထား၍ လက်ျာတိုင်ကို ၁ 3.17 အနက်ကား၊ၒ တည်မြဲေသာ။ယာခိန်၊ လက်ဝဲတိုင်ကို ၂ 3.17 အနက်ကား၊ၒ ခိုင်ခံ့ေသာ။ဗောဇဟုသမုတ်သတည်း။