4
အလျားအနံ အတောင်နှစ်ဆယ်၊ အမြင့်ဆယ်တောင်ရှိသော ပူဇော်ရာကြေးပလ္လင်ကိုလည်း တည်လုပ်စေ၏။ အကျယ်ဆယ်တောင်၊ စောက်ငါးတောင်၊ လုံးပတ်သုံးဆယ်ရှိသော ကြေးရေကန်ကို သွန်းလုပ်ရာ၊ အောက်ပတ်လည်တွင် တစ်ပြိုင်နက် သွန်းလုပ်သော တစ်တောင်လျှင်ဆယ်လုံးကျ အသီးပုံနှစ်တန်းပါလျက် အရှေ့၊ အနောက်၊ တောင်၊ မြောက်၊ လေးဘက်တွင် တစ်ဘက်လျှင်သုံးကောင်ကျ နောက်ပိုင်း အတွင်း မျက်နှာကားအပြင်သို့မူသော နွားရုပ်ဆယ့်နှစ်ကောင်ပေါ်မှာ တင်ထားစေ၏။ ကြာပွင့်ချပ်သဏ္ဌာန်၊ ဖလားအနားရစ်ပါလျက် ထုလက်တစ်ဝါးဖြစ်သော ထိုရေကန်၌ ရေချိန် ခွက်ခုနစ်သောင်းငါးထောင်ဆံ့ဝင်၏။ အင်တုံဆယ်လုံးသွန်းလုပ်၍ မီးရှို့ရာသက္ကာနှင့် ဆိုင်သောအရာရာကို ဆေးကြောသုတ်သင်ရန် ဝဲယာငါးလုံးစီထားစေ၏။ ရေကန်မူကား ပရောဟိတ်တို့ဆေးကြောရန်ဖြစ်သတည်း။ ရွှေမီးခုံတော်တစ်ဆယ်ကိုလည်း ပုံဟောင်းနှင့်အညီ သွန်းလုပ်၍ ဗိမာန်တော်အတွင်း ဝဲယာငါးခုံစီ၊ ထားစေ၏။ စားပွဲတော်တစ်ဆယ်ကိုလည်းလုပ်၍ ဗိမာန်တော်အတွင်း ဝဲယာငါးခုစီထားလျက် ရွှေဖလား တစ်ရာကိုလည်းလုပ်စေ၏။ ပရောဟိတ်တို့ဆိုင်ရာအတွင်းတံတိုင်း၊ အပြင်မဟာရံတံတိုင်း၊ ဆိုင်ရာကြေးပြားဖုံးအုပ်သော တံခါးများကိုလည်း လုပ်စေ၏။ 10 ရေကန်ကိုကား ဗိမာန်တော်အရှေ့တောင်ထောင့်၌ ထားစေ၏။
11 သူ့ဗိသုကာဟုရံလည်း အိုး၊ ကော်ပြား၊ ဖလားမှစ၍ ရှောလမုန်မင်းအဖို့ ဘုရားသခင့်ဗိမာန်တော်တွင်ပြုရသည်မှာ 12 တိုင်တစ်စုံ၊ အိုးသဏ္ဌာန်ပါတိုင်ထိပ်အုပ်တစ်စုံ၊ အိုးသဏ္ဌာန်တိုင်ထိပ်အုပ်ဖုံးလွှမ်းရန် ကွန်ချာတစ်စုံ၊ 13 အိုးသဏ္ဌာန်တိုင်ထိပ်အုပ်နှစ်ခုကို ဖုံးလွှမ်းသောကွန်ချာအချယ်၊ သလဲသီးပုံနှစ်ကုံးစီ၊ လုံးရေလေးရာ၊ 14 အောက်ခံနှင့်အပေါ်တင်အင်တုံများ 15 ရေကန်နှင့်အောက်ခံနွားရုပ် ဆယ့်နှစ်ကောင်၊ 16 အိုး၊ ကော်ပြား၊ ခရင်းမှစသော ထာဝရဘုရား၏ဗိမာန်တော်အသုံးအဆောင်ရှိသမျှကို ရှောလမုန်မင်းအဖို့စင်ကြယ်ပြီး ကြေးနှင့်လုပ်၍ အပြီးသတ်လေ၏။ 17-18 မြေစေးရှိရာ ယော်ဒန်မြစ်ကမ်းပြင်၊ သုကုပ်မြို့နှင့်ဇေရဒမြို့များကြားတွင် ကြေးချိန်မသိ နိုင်အောင် များပြားသော ဤအသုံးအဆောင်ကိရိယာတန်ဆာများကို ရှောလမုန်မင်းသွန်းလုပ်စေ၏။ 19-21 ရှောလမုန်မင်းလည်း ပူဇော်ရာရွှေပလ္လင်တော် ရှေ့တော်မုန့်တင်စားပွဲတော်များ၊ ဆုံးဖြတ်ချက်အရ အတွင်းခန်းမျက်နှာစာတွင် ထွန်းရန်၊ ရွှေပွင့်၊ ရွှေမီးခွက်များနှင့်ပြည့်စုံသော ရွှေစင်မီးခုံတော်များ၊ ရွှေစစ်ဖြင့်ပြီးသော မီးကော်များ၊ 22 ရွှေစင်ဖြင့်ပြီးသောမီးညှပ်၊ ဖလား၊ ခွက်၊ မီးကျီးခံများတည်းဟူသော ဘုရားသခင့်ဗိမာန်တော်ရှိ အသုံးအဆောင်ဟူသမျှနှင့် အထူးသန့်ရှင်းရာဌာနတော်ဆိုင်ရာ အတွင်းတံခါး၊