2
1 ရှောလမုန်မင်းသည် ထာဝရဘုရား၏နာမတော်အဖို့ ဗိမာန်တော်ကိုလည်းေကာင်း၊ နိုင်ငံအဖို့ နန်းတော်ကိုလည်းေကာင်း၊ တည်ဆောက်မည့်အကြံရှိ၍
2 ကံကျွေးလူခုနစ်သောင်း၊ တောင်ပေါ်တွင်ကျောက်ဆစ်သမား ရှစ်သောင်း၊ ကြီးကြပ်အုပ်ချုပ်သူသုံးထောင်ခြောက်ရာတို့ကိုစီမံပြီးလျှင်
3 တုရုဘုရင်ဟုရံ မင်းထံရာဇသံစေလွှတ်သည်ကား အကြည်တော်သည် ခမည်းတော်ဒါဝိဒ်မင်းအား နန်းတော်ဆောက်ရန် သစ်ကတိုးသစ်ကိုပေးခဲ့သည့်နည်းတူ ကျွန်ုပ်အားလည်း ပေးပါဦး လော့။
4 ဣသရေလလူမျိုး အမြဲထုံးတမ်းအလိုက် ရှေ့တော်တွင်နံ့သာပေါင်းအသင်းအထုံကို တင်ရှို့ရန် လည်းေကာင်း၊ ရှေ့တော်မုန့်ကို အစဉ်တင်ရန်လည်းေကာင်း၊ ညဉ့်ယံ၊ နံနက်ယံ၊ ဥပုသ်နေ့၊ လဆန်းနေ့၊ ကျွန်ုပ်တို့ဘုရား သခင်ထာဝရဘုရားပွဲတော်နေ့များ၌ မီးရှို့ရာသက္ကာကို ပူဇော်ရန်လည်းေကာင်း၊ ကိုယ့်ဘုရားသခင်ထာဝရ ဘုရား၏နာမတော်အဖို့ ဗိမာန်တော်ကို ကျွန်ုပ်တည်ဆောက်၍ လှူဒါန်းပါမည်။
5 ကျွန်ုပ်တို့ဘုရားသခင်သည် ဘုရားတကာတို့ထက် ကြီးမြတ်တော်မူသည်နှင့်အညီ ကျွန်ုပ်တည် ဆောက်အံ့သော ဗိမာန်လည်းကြီးမြတ်သင့်ပါ၏။
6 ဘဝဂ်အထိကောင်းကင်အထပ်ထပ်မှာပင် ထိုဘုရားမဆံ့နိုင်သည်ဖြစ်၍ စံနေတော်မူရန် ဗိမာန်ကိုမည်သူတည်ဆောက်နိုင်အံ့နည်း။ ရှေ့တော်တွင် မီးဖြင့်ပူဇော်ရာ ဗိမာန်တော်ကိုသာ တည်ဆောက် အံ့သော ကျွန်ုပ်ကား မည်သူပါနည်း။
7 ရွှေ၊ ငွေ၊ ကြေး၊ သံမှစသော အမောင်း၊ အနီ၊ အပြာချည်များဖြင့် လက်မြောက်လျက် သတ္တု အမျိုးမျိုးကိုထုလုပ်တတ်သူ တစ်ယောက်ကို ခမည်းတော်ဒါဝိဒ်မင်းစီမံ၍ ယုဒပြည်၊ ယေရုရှလင် မြို့၊ ကျွန်ုပ်ထံရှိသော လက်မြောက်သူတို့နှင့် ဝိုင်းဝန်းစေရန် လွှတ်စေလိုပါကြောင်း
8-9 ၄င်းပြင်၊ အကြည်တော့်အမှုထမ်းတို့သည် လေဗမုန်တောတွင် အခုတ်အလုပ်ကျွမ်းကျင်သည်ဟု ကျွန်ုပ်တို့သိရသည့်အတိုင်း လေဗနုန်တောရှိ သစ်ကတိုး၊ ထင်းရှူး၊ နံ့သာသစ်များကို ပို့စေလိုပါ ကြောင်း၊ ကျွန်ုပ်တည်ဆောက်အံ့သောဗိမာန်သည်ကြီးကျယ်ခမ်းနားမည်ဖြစ်၍ များစွာသော သစ်သားကိုပြင်ဆင်နိုင်ရန် ကျွန်ုပ်အမှုထမ်းတို့လည်း ကူညီစေပါမည်။
10 သစ်ကိုခုတ်လုပ်သောအမှုထမ်းတို့အား ဂျုံဆန်တင်းရေနှစ်သိန်း၊ မုယောဆန်တင်းရေ နှစ်သိန်း၊ စပျစ်ရည်ချိန်ခွက်ငါးသိန်း၊ ဆီချိန်ခွက်ငါးသိန်းများကို ကျွန်ုပ်ပေးပါမည်ဟု အမှာတော်သလိုက်လေ၏။
11 တုရုဘုရင်ဟု ရံမင်းသည် ရှောလမုန်မင်းထံ အမှာတော်စာပြန်ကြားသည်ကား လူမျိုးတော်အား ထာဝရဘုရားမြတ်နိုးသောကြောင့် သူတို့အပေါ်တွင် ဘုရင်အဖြစ် အကြည်တော်ကိုတင်တော် မူပြီ။
12 ဗိမာန်တော်ကိုလည်းေကာင်း၊ နန်းတော်ကိုလည်းေကာင်း၊ တည်ဆောက်ရန် ဒါဝိဒ်မင်းအစား ဉာဏ်ပညာ၊ သတိပညာ၊ ဉာဏ်ပဋိဘာန်နှင့်ပြည့်စုံသော သားကိုပေးသနားတော်မူထသော မိုးမြေကိုဖန်ဆင်း တော်မူထသော ဣသရေလလူမျိုး၏ ဘုရားသခင်ထာဝရဘုရားသည် မင်္ဂလာရှိတော်မူပါစေသော။
13-14 ဒန့်အနွယ်သမီးနှင့် တုရုမြို့သားတို့ရသောသား၊ လက်မှုပညာရှိလျက် ရွှေ၊ ငွေ၊ ကြေး၊ သံ၊ ကျောက်၊ သစ်သားမှစ၍ အမောင်း၊ အပြာ၊ အနီ၊ ပိတ်ချော၊ အထည်များကို လုပ်တတ်သူ၊ သတ္တု အမျိုးမျိုးထုလုပ်ကြံစည်ခြင်းကို တတ်မြောက်သူ၊ ကျွန်ုပ်ဗိဿုကာဟုရံကို အကြည်တော်၏လက် မြောက်သူ၊ ခမည်းတော်အရှင်ဒါဝိဒ်မင်း၏လက်မြောက်သူတို့နှင့်အတူ ရာထူးရစေခြင်းငှာ ကျွန်ုပ် စေလွှတ်ပါ၏။
15 သို့ဖြစ်၍ အကြည်တော်မင်းမြတ်ဂတိထားသောဂျုံ၊ မုယောဆန်၊ စပျစ်ရည်၊ ဆီများကို အကြည်တော့်ကျွန်တို့အား ထောက်မပါလော့။
16 ကျွန်ုပ်တို့သည် အကြည်တော်လိုသမျှသစ်များကို လေဗနုန်တောမှခုတ်ယူ၍ ပင်လယ်လမ်းဖြင့် ယုပ္ပေမြို့ရောက် ဖောင်ဖွဲ့စုံမျောပါစေမည်။ အကြည်တော်မူကား ယေရုရှလင်မြို့ရောက် သယ်ပိုးနိုင် ပါပြီဟု ပြန်ကြားလိုက်၏။
17 ထိုနောက် ခမည်းတော်ဒါဝိဒ်မင်း စာရင်းသွင်းခဲ့သော ဣသရေလပြည်ရှိ ဝင်နေသူတို့ကို ရှောလမုန်မင်းထပ်မံစာရင်းယူပြန်ရာ တစ်သိန်းငါးသောင်းသုံးထောင့်ခြောက်ရာရသတည်း။
18 ထိုသူတို့အနက် ကံကျွေးလူခုနစ်သောင်း၊ တောင်ပေါ်တွင်ကျောက်ဆစ်သမားရှစ်သောင်း၊ ကြီးကြပ်အုပ်ချုပ်သူအလုပ်ခေါင်းသုံးထောင့်ခြောက်ရာတို့ကို စီမံလေ၏။