ဆာလံ။ 82
ဘုရားသခင်သည်၊ ကိုယ်တော်၏ပရိသတ်၌ရပ်တန့်လျက်၊ ဘုရားတို့တွင် စီရင်ဆုံးဖြတ်တော်မူသည်မှာ၊ မည်မျှကြာ၊ လူဆိုးတို့မျက်နှာကိုထောက်၍၊ မတရားသဖြင့်ဆုံးဖြတ်ကြမည်နည်။ အားနည်းသူနှင့်အဘမဲ့သူတို့အမှုကိုဆုံးဖြတ်ခြင်း၊ ညှဉ်းပန်းခံရသူနှင့် ဆင်းရဲသူတို့ကိုဖြောင့်မတ်စွာစီရင်ခြင်း၊ အားနည်းသူနှင့်နွမ်းပါးသူတို့ကိုဆယ်ယူ၍၊ လူဆိုးတို့လက်မှကယ်လွှတ်ခြင်းပြုကြလော့။ သူတို့မသိ၊ နားမလည်ဘဲ၊ မှောင်မိုက်၌သွားလာကြရာ၊ မြေပထဝီအခြေအမြစ်ရှိသမျှလှုပ်ရှားလျက်ရှိ၏။ သင်တို့သည်ဘုရားများ၊ ရှိသမျှသည်မြင့်မြတ်သောဘုရား၏သားများဖြစ်ကြောင်း၊ ငါမိန့်ဆိုခဲ့သော်လည်း၊ လူဘာဝသေခြင်း၊ မင်းတို့ဘာဝကျဆုံးခြင်း၊ ခံရကြလိမ့်မည်ဟူ၍တည်း။
အိုဘုရားသခင်၊ လူမျိုးခြားအပေါင်းတို့ကို၊ အပိုင်ရတော်မူမည်ဖြစ်သောကြောင့်၊ ထရပ်၍မြေကြီးကိုစီရင်ဆုံးဖြတ်တော်မူပါ။