ဆာလံ။ 83
1 အိုဘုရားသခင်၊ ဆိတ်ဆိတ်နေတော်မမူပါနှင့်။ စိတ်ဧလျက် ငြိမ်ဝပ်စွာနေတော်မမူပါနှင့်ဘုရား၊
2 ရန်သူတို့သည် ရုန်းရင်းခတ်ပြု၍၊ မုန်းထားသူတို့လည်း ခေါင်းမော်လျက်၊
3 လူမျိုးတော့်တစ်ဘက်တိုင်ပင်စဉ်းလဲ၍၊ မြတ်နိုးတော်မူသူတို့တစ်ဘက်ကြံစည်လျက်၊
4 ဣသရေလ၏နာမကိုနောက်နောင်အမှတ်မရသည့်တိုင်အောင်၊ ထိုလူမျိုးကိုတိမ်ကောစေကြကုန်အံ့ဟူ၍ဆိုကြသည်တကား။
5 တစ်သဘောတည်းကြံစည်၍၊ ကိုယ်တော့်တစ်ဘက်ပဋိညာဉ်ဖွဲ့ကြသူတို့မှာ၊
6 ဧဒုံ၊ ဣရှမေလ၊ မောဘ၊ ဟာဂရ၁ 83.6 ပါဠိ - ၒ၏တဲများ။ အမျိုးသားတို့မှစ၍၊
7 ဂေဗလ၊ အမ္မုန်၊ အာမလက်လူမျိုးတို့၊ တုရုမြို့သားတို့နှင့်တကွ၊ ဖိလိတ္တိအမျိုးသားတို့တည်း။
8 အာရှုရိလူမျိုးတို့လည်းပါဝင်၍၊ လောတအမျိုးသားတို့ကို စစ်ကူကြပါပြီ။
9 မိဒျန်အမျိုးကိုလည်းေကာင်း၊ ခိရှုန်ချောင်းအနီး၊ သိသရမင်းနှင့် ယာဘိန်မင်းတို့ကိုလည်းေကာင်း၊ ပြုသကဲ့သို့ စီရင်တော်မူပါ။
10 ထိုသူတို့သည်၊ အင်္ဒေါရအရပ်၌ပျက်စီး၍၊ မြေဩဇာဖြစ်ကြပါပြီ။
11-12 ဘုရားသခင်စံတော်မူရာကိုအပိုင်ယူကြကုန်အံ့ဟုဆိုခဲ့ဖူးသူ၊ ဩရဘမင်းနှင့်ဇေဘမင်းကဲ့သို့၊ ဤသူတို့မှူးမတ်များကိုလည်းေကာင်း၊ ဇောဘဟမင်းနှင့် ဇာလမုန္နမင်းကဲ့သို့၊ ဤသူတို့မင်းရှိသမျှကိုလည်းေကာင်း၊ ဖြစ်စေတော်မူပါ။
13 အကျွန်ုပ်၏ဘုရားသခင်၊ လေဗွေ၌ပါသွားသောအမှိုက်ကဲ့သို့လည်းေကာင်း၊ လေလွင့်သောဖွဲကဲ့သို့လည်းေကာင်း၊ ဖြစ်စေတော်မူပါ။
14 တောကိုကျွမ်းသောမီးကဲ့သို့လည်းေကာင်း၊ တောင်ကိုလောင်သောမီးလျှံကဲ့သို့လည်းေကာင်း၊
15 လေပြင်းနှင့်လိုက်လံ၍၊ မုန်တိုင်းတော်အားဖြင့်ခြောက်လှန့်တော်မူပါ။
16 အိုထာဝရဘုရား၊ နာမတော်ကိုရှာကြစေရန်၊ မျက်နှာရှက်စေတော်မူပါ။
17 အစဉ်အရှက်ကွဲ၍ ထိတ်လန့်ခြင်း၊ ကျိုးယုတ်၍ပျက်စီးခြင်းခံရကြသဖြင့်၊
18 ယေဟောဝါဟူ၍နာမတော်ရှိသောကိုယ်တော်သာလျှင်၊ မြေတစ်ပြင်လုံးအထက်၊ မြင့်မြတ်သောဘုရားဖြစ်တော်မူကြောင်း၊ သိကြပါစေသော။