ဆာလံ။ 80
ယောသပ်အမျိုးကိုသိုးစုကဲ့သို့လမ်းပြတော်မူသော၊ ဣသရေလလူမျိုးတို့အထိန်းအကျောင်းတော်၊ နားညောင်းတော်မူပါ။ ခေရုဗတို့အထက်စံနေတော်မူသောအရှင်၊ ရောင်ခြည်တော်ကိုလွှတ်တော်မူပါ။ ဧဖရိမ်၊ ဗင်္ယာမိန်၊ မနာရှေအနွယ်တို့ရှေ့တန်ခိုးတော်ကိုနှိုးဆော်၍၊ ကြွရောက်ကယ်မတော်မူပါ။ အိုဘုရားသခင်၊ အကျွန်ုပ်တို့ကိုပြန်လာစေ၍၊ လွတ်မြောက်ကြရစေခြင်းငှာ မျက်နှာတော်ရောင်ခြည်ကိုလွှတ်တော်မူပါ။
ဗိုလ်ခြေတို့အရှင်ထာဝရဘုရားသခင်၊ လူမျိုးတော်ပဌနာပြုရာတွင်၊ မည်မျှကြာအမျက်ထွက်တော်မူပါမည်နည်း။ ကိုယ်တော်သည်မျက်ရည်မုန့်ကျွေးခြင်း၊ မျက်ရည်များစွာတိုက်ခြင်းပြုလျက်၊ အကျွန်ုပ်တို့ကိုရန်သူတို့လှောင်ပြောင်ရသည့်တိုင်အောင်၊ ပြည်နီးချင်းတို့ရှေ့ဘက်ပြိုင်ရန်အကြောင်းဖြစ်စေတော်မူပါပြီ။ ဗိုလ်ခြေတို့အရှင်ဘုရားသခင်၊ အကျွန်ုပ်တို့ကိုပြန်လာစေ၍၊ လွတ်မြောက်ရစေခြင်းငှာ မျက်နှာတော်ရောင်ခြည်ကိုလွှတ်တော်မူပါ။
ကိုယ်တော်သည်စပျစ်နွယ်ပင်ကိုအိဂျစ်ပြည်ကယူခဲ့၍၊ လူမျိုးခြားတို့ကိုနှင်ထုတ်ပြီးလျှင်၊ စိုက်တော်မူရာ၊ ထိုအပင့်ရှေ့မြေထွင်တော်မူသဖြင့်၊ အမြစ်နက်စွာစွဲ၍ တစ်ပြည်လုံးပြည့်ကြီးပွားသော်၊ 10 အရိပ်သည်တောင်များကိုလည်းေကာင်း၊ အခက်အလက်များသည် မြင့်သောသစ်ကတိုးပင်များကိုလည်းေကာင်း၊ 11 လွှမ်းမိုးလျက်၊ အကိုင်းအခက်များသည်ပင်လယ်တိုင်အောင်လည်းေကာင်း၊ အညွန့်များသည်မြစ်ကြီးတိုင်အောင်လည်းေကာင်း၊ ရောက်ပါ၏။ 12 ယခုမူကား၊ လမ်းဖြင့်သီသွားသူတိုင်းဆွတ်ခူးရအောင်၊ ခြံစည်းများကိုအဘယ့်ကြောင့်ချိုးဖျက်တော်မူပါသနည်း။ 13 တောဝက်များသည်ကိုက်၍ တောသားရဲများလည်းစားကြပါသည်တကား။ 14 ဗိုလ်ခြေတို့အရှင်ထာဝရဘုရားသခင်၊ တစ်ဖန်ကြွလာပြီးလျှင်၊ ကောင်းကင်မှငုံ့ကြည့်လျက်၊ 15 ဤစပျစ်ပင်မှစ၍၊ ညာလက်တော်ဖြင့်စိုက်ပျိုးရာငုတ်၊ ကိုယ်တော်တိုင်အဖို့ခိုင်ခံစေသောအနွယ်ကိုကြည့်ရှုတော်မူပါ။ 16 မီးတိုက်ခြင်း၊ ခုတ်လှဲခြင်းခံရ၍၊ မျက်နှာထားတော်မူသဖြင့်ပျက်စီးပါပြီ။ 17 ညာလက်တော်ဖြင့်ရွေးကောက်သောလူ၊ ကိုယ်တော်တိုင်အဖို့ သန်စွမ်းစေသောလူ့သားအပေါ်မှာ၊ လက်တော်ကိုမိုးထားတော်မူပါ။ 18 သို့ပြုလျှင်၊ အထံတော်မှ ဆုတ်ခွာ၍သွားမည်မဟုတ်ပါ။ အသက်ရှင်စေတော်မူလျှင်၊ နာမတော်အားပဌနာပြုကြပါမည်။ 19 ဗိုလ်ခြေတို့အရှင်ထာဝရဘုရားသခင်၊ အကျွန်ုပ်တို့ကို ပြန်လာစေ၍၊ လွတ်မြောက်ကြရစေခြင်းငှာမျက်နှာတော်ရောင်ခြည်ကိုလွှတ်တော်မူပါ။