ဆာလံ။ 8
1 အကျွန်ုပ်တို့အရှင်၊ အိုထာဝရဘုရား၊ နာမတော်သည်၊ မြေကြီးတစ်ဝှမ်းလုံး၌ အလွန်ထူးမြတ်ပါ၏။ ဘုန်းတော်ကိုကောင်းကင်ထက်၌ ထင်ရှားစေတော်မူ၏။
2 ရန်ဘက်တော်များကြောင့်၊ ရန်သူနှင့်ရန်တုံ့ပြုသူတို့ကိုပယ်ရှားရန်၊ နို့စို့နို့ညှာသူငယ်တို့နှုတ်ဖြင့်စွမ်းအားကိုတည်စေတော်မူပါပြီ။
3 လက်တော်နှင့်စီရင်တော်မူသည့်ကောင်းကင်ကိုလည်းကောင်း၊ စီမံထားတော်မူသည့်လနှင့်ကြယ်နက္ခတ်များကိုလည်းကောင်း၊ အကျွန်ုပ်ဆင်ခြင်သော်၊
4 လူသည်မည်သို့သောသူဖြစ်၍၊ ကိုယ်တော်အရေးယူတော်မူရပါသနည်း။ လူ့သားသည်မည်သို့သောသူဖြစ်၍ ကြည့်ရှုတော်မူရပါသနည်း။
5 လူကို၁ 8.5 သို့မဟုတ်၊ ၒ ေစတမန်တို့ေအာက်ဘုရားသခင်အောက်အနည်းငယ်သာနိမ့်စေပြီးလျှင်၊ ဘုန်းအသရေမကိုဋ်နှင့်ဆင်ယင်တော်မူပါပြီ။
6-8 လက်တော်ဖြစ်ဟူသမျှပေါ်တွင်၊ အုပ်စိုးခွင့်ပြုလျက်၊ သိုးနွားရှိသမျှပြင်၊ သားယဉ်သားရဲမှစ၍၊ လေသတ္တဝါ၊ရေသတ္တဝါ၊ ရေလမ်းသွားလာသမျှသောတိရစ္ဆာန်တို့နှင့်အရာ ခပ်သိမ်းကို၊ သူ့ခြေအောက်ချထားတော်မူပါပြီ။
9 အကျွန်ုပ်တို့အရှင်၊ အိုထာဝရဘုရား၊ နာမတော်သည်၊ မြေကြီးတစ်ဝှမ်းလုံး၌အလွန်ထူးမြတ်ပါ၏။