ဆာလံ။ 7
အကျွန်ုပ်၏ဘုရားသခင်၊ အိုထာဝရဘုရား၊ ကိုယ်တော်၌အကျွန်ုပ်ခိုလှုံပါ၏။ အကျွန်ုပ်ကိုလိုက်လံသူအပေါင်းတို့မှ ကယ်ယူ၍လွတ်မြောက်စေတော်မူပါ။ သို့မဟုတ်လျှင်၊ ကယ်လွှတ်သူမရှိစဉ်၊ အကျွန်ုပ်အသက်ဝိညာဉ်ကို၊ ခြင်္သေ့ကဲ့သို့ရန်သူအပိုင်းပိုင်းဆွဲဖြတ်ပါလိမ့်မည်။ အကျွန်ုပ်၏ဘုရားသခင်၊ အိုထာဝရဘုရား၊ ဤအမှုကို၊ အကျွန်ုပ်ပြုကျင့်မိသော်လည်းေကာင်း၊ အဓမ္မမှုကိုဆုတ်ကိုင်မိသော်လည်းေကာင်း၊ အကြောင်းမဲ့ရန်ဘက်ဖြစ်သူ့ကိုမကယ်ဘဲ၊ သင့်တင့်စွာနေသူ့ကို မကောင်းပြုလုပ်မိသော်လည်းေကာင်း၊ ရန်သူသည် အကျွန်ုပ်ကိုယ်ကိုအမှီလိုက်၍၊ အသက်ကိုမြေကြီးရောက်ဖိနင်းခွင့်၊ ဂုဏ်အသရေကိုမြေမှုန့်၌ ချထားခွင့်ရပါစေ။ အိုထာဝရဘုရား၊ အမျက်တော်နှင့်ထ၍ အကျွန်ုပ်ရန်သူတို့ဒေါသကို ခံရပ်တော်မူပါ။ ဆုံးဖြတ်ခြင်းစီရင်ချက်ကိုစီမံတော်မူပြီးသည့်အလျောက်၊ အကျွန်ုပ်အဖို့နိုးကြား တော်မူပါ။ လူမျိုးအစုအရုံးတို့ကိုခြံရံစေလျက်၊ သူတို့အထက်ဘဝဂ်သို့ပြန်ကြွတော်မူပါ။ ထာဝရဘုရားသည်၊ လူအမျိုးမျိုးတို့ကိုတရားစီရင်တော်မူ၏။ အိုထာဝရဘုရား၊ အကျွန်ုပ်၏ဖြောင့်မတ်ခြင်းနှင့်စုံလင်ခြင်းအတိုင်း၊ အကျွန်ုပ်ကိုစီရင်ဆုံးဖြတ်တော်မူပါ။ လူဆိုးတို့၏ဆိုးသွမ်းခြင်းကိုအဆုံးသတ်၍၊ ဖြောင့်မတ်သူ့ကိုတည်ကြည်စေတော်မူပါ။ ဖြောင့်မတ်တော်မူသောဘုရားသခင်သည်၊ နှလုံးကျောက်ကပ်ကိုပင်စစ်ဆေးတော်မူ၏။ 10 သဘောဖြောင့်သူတို့ကိုကယ်တင်တော်မူသောဘုရားသခင်သည်၊ ငါ့ဒိုင်းလွှားသဖွယ်ဖြစ်တော်မူ၏။ 11 ဘုရားသခင်သည်၊ ဖြောင့်မတ်သောတရားမင်း၊ နေ့စဉ်အမျက်ထားသောဘုရားဖြစ်တော်မူ၏။ 12 လူဆိုးသဘောမပြောင်းလျှင်၊ ဓားတော်ကိုကျင်းလျက်၊ လေးတော်ကိုတင်၍ ရွယ်တော်မူ၏။ 13 ထိုသူ့အား၊ မီးမြှားတော်များကိုပြင်ဆင်လျက်၊ သေဘေးလက်နက်များကိုရွယ်တော်မူ၏။ 14 ကြည့်လော့။ ထိုသူသည် ဒုစရိုက်ဖွားခြင်းဝေဒနာကိုခံစားလျက်၊ မကောင်းသောအကြံကိုသန္ဓေယူ၍၊ မုသာကိုဖွားမြင်ပြီ။ 15 တွင်းကိုတူးဖော်၍ ကိုယ်တူးသောတွင်းထဲသို့ကျလေပြီ။ 16 မကောင်းသောအကြံသည်၊ ကိုယ့်ဦးခေါင်းပေါ်သို့ပြန်ရောက်၍၊ ကြမ်းကြုတ်ခြင်းသည်၊ ကိုယ့်ထိပ်ပေါ်သို့သင့်ရောက်လိမ့်မည်။ 17 ဖြောင့်မတ်တော်မူခြင်းအလျောက်၊ ထာဝရဘုရား၏ကျေးဇူးတော်ကိုချီးမွမ်းမည်။ မြင့်မြတ်သောထာဝရဘုရား၏နာမတော်ဂုဏ်ကိုသီချင်းဖွဲ့ဆိုမည်။