ဆာလံ။ 74
1 အိုဘုရားသခင်၊ အကျွန်ုပ်တို့ကိုအစဉ်စွန့်ပယ်ခြင်း၊ စားကျက်တော်ရှိသိုးများပေါ်မှာဒေါသထားခြင်းကို၊ အဘယ့်ကြောင့်ပြုတော်မူပါသနည်း။
2 ရှေးကာလက၊ ပိုင်တော်မူရာလူမျိုးအဖြစ်၊ ဝယ်ထားရွေးနုတ်သောပရိသတ်တော်ကိုလည်းေကာင်း၊ ကိန်းဝပ်ခဲ့ဖူးသောဇိအုန်တောင်တော်ကိုလည်းေကာင်း၊ သတိရလျက်၊
3 သန့်ရှင်းရာဌာနတော်၌၊ ရန်သူတို့ပြုသမျှသောဘေး၊ တည်မြဲရာဖုန်းဆိုးကုန်းသို့ချီကြွတော်မူပါ။
4 ကိုယ်တော်ကိုရန်ဘက်ပြုသူတို့သည်၊ တွေ့ဆုံတော်မူရာအတွင်းတွင်ဟိန်း၍၊ အမှတ်လက္ခဏာတော်အစား၊ ကိုယ့်အမှတ်လက္ခဏာများကို တင်ထားခြင်း၊
5 ထူထပ်သောတောအုပ်ကို၊ ပုဆိန်နှင့်ထွင်သကဲ့သို့၊
6 ယခုပင်ဗိမာန်တော်တု ပန်းတန်ဆာများကို၊ ပုဆိန်၊ သံတူနှင့်တစ်ပြိုင်နက်ချိုးဖျက်ခြင်း၊
7 သန့်ရှင်းရာဌာနတော်ကိုမီးတိုက်ခြင်း၊ နာမတော်ကိန်းဝပ်ရာကို၊ မြေလှန်သည့်တိုင်အောင်ဖြိုလှဲခြင်း၊
8 တစ်မျိုးလုံးကိုနှိမ်နင်းကြကုန်အံ့ဟု၊ ကြံစည်၍၊ ပြည်တော်ရှိဓမ္မာရုံဟူသမျှကိုမီးရှို့ခြင်းပြုကြလေပြီတကား။
9 အကျွန်ုပ်တို့အမှတ်လက္ခဏာများကား၊ မျက်ကွယ်သည့်အလျောက်၊ အသိပညာမပေါ်ဘဲနေသည်မှာ၊ မည်မျှကြာမည်နည်း။ ပရောဖက်တစ်ပါးမျှမပေါ်မထွန်းပါ။
10 အိုဘုရားသခင်၊ ရန်ဘက်ပြုသူသည်၊ မည်မျှကြာကဲ့ရဲ့ခွင့်ရပါမည်နည်း။ ရန်သူသည်၊ နာမတော်ကိုအစဉ်မထီလေးစားပြုခွင့်ရမည်လော။
11 ညာလက်ရုံးတော်ကို၊ အဘယ့်ကြောင့်ရုပ်သိမ်းတော်မူပါသနည်း။ ရင်ခွင်ထဲကထုတ်၍ ကုန်ခန်းစေတော်မူပါ။
12 ဘုရားသခင်သည်၊ ရှေးကာလမှစ၍၊ ကယ်တင်ရာကယ်တင်ကြောင်းကို၊ မြေပထဝီအတွင်းပြုတော်မူသော၊ ငါ့ဘုရင်မင်းဖြစ်တော်မူ၏။
13 ကိုယ်တော်သည်၊ တန်ခိုးတော်အားဖြင့် ပင်လယ်ကိုခွဲဖြတ်ခြင်း၊ မြစ်ရေအနီး၊ မြွေနဂါးတို့၏ ဦးခေါင်းများကိုချိုးဖြတ်ခြင်း၊ ဖွတ်မိကျောင်း၏ဦးခေါင်းကိုချေမွှ၍၊
14 တောတိရစ္ဆာန်တို့စားရန်အပ်ပေးခြင်း၊
15 စမ်းရေနှင့်ချောင်းရေကိုပေါက်စေသည့်ပြင်၊ မြစ်ကြီးတို့ကိုခန်းစေခြင်းပြုတော်မူပြီ။
16 နေ့နှင့်ညဉ့်သည်ပိုင်ရာတော်ဖြစ်သည့်အလျောက်၊ ၁ 74.16 ပါဠိ - အလင်းအိမ်။လမင်းနှင့်နေမင်းကိုတည်၍၊
17 မြေကြီး၏နယ်နိမိတ်ရှိသမျှကိုလည်းေကာင်း၊ နွေဥတုနှင့်ဆောင်းဥတုကိုလည်းေကာင်း၊ စီရင်တော်မူပြီ။
18 ထာဝရဘုရားကိုရန်သူတို့ကဲ့ရဲ့၍၊ နာမတော်ကိုလူမျိုးယုတ်တို့မထီလေးစားပြုကြကြောင်း၊ သတိရတော်မူပါ။
19 ကိုယ်တော်၏ချိုးငှက်ဇီဝကို၊ သားရဲဘေးသို့အပ်နှင်းခြင်း၊ ကိုယ်တော်၏ဆင်းရဲသူတို့အသက်ကို၊ အစဉ်မေ့လျော့ခြင်းပြုတော်မမူပါနှင့်။
20 မှောင်ကျရာတိုင်းပြည်များတွင်၊ အဓမ္မမှုများပြားသည့်အတွက်၊ ပဋိညာဉ်တော်ကိုထောက်ထားတော်မူပါ။
21 နှိပ်စက်ခံရသူတို့သည် အရှက်ကွဲလျက်မပြန်ရစေဘဲ၊ နာမတော်ကိုထိုဆင်းရဲနွမ်းပါးသူတို့ချီးမွမ်းရကြပါစေသော။
22 အိုဘုရားသခင်၊ ယုတ်မာသူတို့အစဉ်ကဲ့ရဲ့ခြင်းကိုသတိရလျက်၊ ထကြွ၍ကိုယ့်အမှုကိုလဲလျှောက်တော်မူပါ။
23 ကိုယ်တော်ကိုရန်ဘက်ပြုသူတို့ဟိန်းသံ၊ ပုန်ကန်သူတို့ပြုမြဲရာဟုန်းသံကို မေ့လျော့တော်မမူပါနှင့်။