ဆာလံ။ 72
အိုဘုရားသခင်၊ ဘုရင်မင်းအား၊ ကိုယ်တော်စီရင်ဆုံးဖြတ်ပိုင်ခွင့်ကိုလည်းေကာင်း၊ မင်းသားဖြစ်သောထိုသူ့အား၊ ဖြောင့်မတ်ခြင်းကိုလည်းေကာင်း၊ သနားတော်မူပါ။ လူမျိုးတော်ကိုဖြောင့်မတ်စွာစီရင်လျက်၊ ဆင်းရဲသောလူမျိုးကိုတရားသဖြင့် အုပ်စိုးပါစေသော။ တောင်ကြီးတောင်ငယ်များသည်ဖြောင့်မတ်ခြင်းအားဖြင့်၊ လူမျိုးတော်ကိုချမ်းသာခွင့်ပို့ပါစေသော။ ဘုရင်မင်းသည်လူမျိုးတော်အနက် နွမ်းပါးသူ့တို့ကိုစီရင်ခြင်း၊ ဆင်းရဲသားတို့ကိုကယ်မခြင်း၊ ညှဉ်းပန်းသူတို့ကို နှိပ်ကွပ်ခြင်းပြုပါစေသော။ နေမင်း၊ လမင်းတည်နေသမျှအတွင်း၊ ကိုယ်တော်ကိုလူမျိုးအဆက်ဆက်ခန့်ညားကြရပါစေသော။ ယာခင်းပေါ်မှာရွာသောမိုးကဲ့သို့လည်းေကာင်း၊ မြေကိုစိုစွတ်သောမိုးကောင်းကဲ့သို့လည်းေကာင်း၊ သက်ရောက်ပါစေသော။ လက်ထက်တော်၌၊ ဖြောင့်မတ်သူပွင့်လန်း၍၊ လမင်းမပမပျောက်သည့်အတွင်း၊ စည်းစိမ်ချမ်းသာခံစားရပါစေသော။ ပင်လယ်တစ်ပြင်မှ တစ်ပြင်တိုင်အောင်လည်းေကာင်း၊ မြစ်ကြီးမှ မြေစွန်းတိုင်အောင်လည်းေကာင်း၊ အုပ်စိုးရပါစေသော။ သဲကန္တာရရှိလူမျိုးတို့သည်၊ ရှေ့တော်၌ဦးညွှတ်၍၊ ရန်သူတော်တို့လည်း၊ မြေမှုန့်ကိုလျက်ကြရပါစေသော။ 10 တာရှုဘုရင်၊ ကျွန်းငယ်များ၏ဘုရင်တို့သည်၊ လက်ဆောင်တော်ပါလာ၍၊ ရှေဘနှင့်သေဘဘုရင်တို့လည်း၊ အခွန်တော်များကိုဆက်သကြရပါစေသော။ 11 ရှေ့တော်၌ ဘုရင်မင်းရှိသမျှတို့ပျပ်ဝပ်၍၊ ခပ်သိမ်းသောလူမျိုးတို့သည်၊ ဘ၀ါးကျွန်ဖြစ်ကြပါစေသော။ 12 အသို့ဆိုသော်၊ ဟစ်ခေါ်လျက်နွမ်းပါးသူနှင့်၊ ခိုကိုးရာမဲ့ဆင်းရဲသားတို့ကို ကယ်လွှတ်ခြင်း၊ 13 အားနည်းသူနှင့်နွမ်းပါးသူတို့ကို သနားလျက်၊ နွမ်းပါးသူတို့၏အသက်ကိုကယ်မခြင်း၊ 14 သူတို့အသွေးကိုနှမြောသည့်အလျောက်၊ အဓမ္မမှုနှင့်ကြမ်းကြုတ်မှုမှ၊ အသက်ကိုရွေးနုတ်ခြင်းပြုတော်မူလိမ့်မည်။ 15 သက်တော်ရှည်၍ ရှေဘရွှေဆက်ခြင်း၊ အစဉ်မေတ္တာပို့ခြင်း၊ နေ့ရှိသမျှ ဩဘာပြုခြင်းကိုခံရပါစေသော။ 16 နေပြည်၌၊ တောင်ထိပ်အထိစပါးပေါများ၍၊ လေဗနုန်တောကဲ့သို့ အသီးအနှံလှုပ်ရှားလျက်၊ ကောက်ပဲနှင့်အမျှမြို့သူမြို့သားတို့ပွင့်လန်းကြပါစေသော။ 17 အမည်တော်သည် အမြဲတည်လျက်၊ နေမင်းအောက်ထွန်းကားလျက်၊ ထိုမင်းကြောင့်လူမျိုးအချင်းချင်းမင်္ဂလာခံ၍၊ မင်္ဂလာဆက်ကြပါစေသော။ 18 အံ့ဖွယ်ရာများကို၊ တစ်ပါးတည်းသာလျှင် စီရင်တော်မူသောထာဝရအရှင်ဘုရားသခင်၊ ဣသရေလလူမျိုး၏ဘုရားသခင်သည်၊ မင်္ဂလာရှိတော်မူပါစေသော။ 19 ဘုန်းကြီးသောနာမတော်လည်း၊ ကာလအစဉ်မင်္ဂလာတည်လျက်၊ မြေတစ်ပြင်လုံးနှံ့ ဘုန်းတော်ပြည့်ပါစေသော။ အာမင်။ အာမင်။