ဆာလံ။ 71
အိုထာဝရဘုရား၊ ကိုယ်တော်၌ အကျွန်ုပ်ခိုလှုံပါ၏။ မည်သည့်ကာလမျှအရှက်မကွဲစေဘဲ၊ ဖြောင့်မတ်တော်မူသည့်အတိုင်း၊ ကယ်နုတ်ဆယ်ယူခြင်း၊ နားတော်ညောင်း၍ကယ်လွှတ်ခြင်းပြုတော်မူပါ။ အကျွန်ုပ်အစဉ်ခိုဝင်ရာကျောက်တောင်သဖွယ်ဖြစ်တော်မူပါ။ အကျွန်ုပ်ကျောက်တောင်၊ အကျွန်ုပ်ခံတပ်ဖြစ်တော်မူသည့်အလျောက်၊ ကယ်တင်ရန်အမိန့်ရှိတော်မူခဲ့ပါပြီ။ အကျွန်ုပ်၏ဘုရားသခင်၊ လူဆိုး၏လက်ရုံးမှလည်းေကာင်း၊ တရားမဲ့ကြမ်းကြုတ်သူ၏လက်တွင်းမှလည်းေကာင်း၊ ကယ်နုတ်တော်မူပါ။ အိုအရှင်ထာဝရဘုရား၊ ကိုယ်တော်သည်၊ အကျွန်ုပ်မေျှာ်လင့်ရာ၊ ငယ်ရွယ်ကစ၍၊ အကျွန်ုပ်ကိုးစားရာဖြစ်တော်မူပါ၏။ ဖွားစကပင်အကျွန်ုပ်တံကဲပြုရာ၊ အမိဝမ်းတွင်းမှ အကျွန်ုပ်ကိုထုတ်ဆောင်ရာဖြစ်တော်မူသည့်အလျောက်၊ ဂုဏ်တော်ကိုအစဉ်ချီးမွမ်းပါမည်။ ကိုယ်တော်သည်၊ အကျွန်ုပ်အဖို့ခိုင်ခံ့သောခိုလှုံရာဖြစ်တော်မူ၍၊ လူအများတို့ရှေ့နိမိတ်လက္ခဏာသဖွယ်၊ အကျွန်ုပ်ဖြစ်ပါ၏။ အကျွန်ုပ်နှုတ်သည်၊ နေ့ရှိသမျှဂုဏ်တော်ကိုချီးမြှောက်ခြင်း၊ အသရေတော်ကိုချီးမွမ်းခြင်းနှင့်ပြည့်လျက်ရှိပါ၏။ အိုမင်းသောကာလပယ်ခြင်း၊ အားကုန်သောကာလစွန့်ခြင်းပြုတော်မမူပါနှင့်။ 10-11 ရန်သူတို့သည်၊ အကျွန်ုပ်ကိုရည်လျက်၊ အသက်ကိုချောင်းမြောင်းသူတို့လည်း၊ တိုင်ပင်လျက်၊ ဘုရားသခင်စွန့်တော်မူပြီ။ လွတ်မြောက်ခွင့်မဲ့သောထိုသူ့ကို၊ လိုက်လံဖမ်းဆီးကြကုန်အံ့ဟု ပြောဆိုကြပါ၏။ 12 အိုဘုရားသခင်၊ ဝေးကွာစွာနေတော်မမူပါနှင့်။ အကျွန်ုပ်ဘုရားသခင်၊ အမြန်ကြွ၍မစတော်မူပါ။ 13 အကျွန်ုပ်အသက်ကိုရန်ဘက်ပြုသူတို့သည်၊ အရှက်ကွဲ၍ကွယ်ပျောက်ကြပါစေသော။ အန္တရာယ်ကိုရှာကြံသူတို့သည်၊ ကဲ့ရဲ့ခံခြင်း၊ အသရေပျက်ခြင်းနှင့်လွှမ်းခြုံကြပါ စေသော။ 14 အကျွန်ုပ်မူကား၊ အစဉ်မပြတ်စောင့်မေျှာ်လျက်၊ ဂုဏ်တော်ကိုထပ်မံချီးမွမ်းပါမည်။ 15 ဖြောင့်မတ်တော်မူခြင်းနှင့်ကယ်တင်တော်မူခြင်းအကြောင်း၊ ရေတွက်၍မကုန်နိုင်သော်လည်း၊ နေ့ရှိသမျှနှုတ်မြွက်ကြားပြောပါမည်။ 16 အရှင်ထာဝရဘုရား၏ တန်ခိုးတော်များကို ဆက်သွင်း၍၊ ကိုယ်တော်၏ဖြောင့်မတ်တော်မူခြင်းကိုသာအောက်မေ့ပါမည်။ 17 အိုဘုရားသခင်၊ ငယ်ရွယ်စဉ်ကပင်၊ သွန်သင်တော်မူခဲ့သောကိုယ်တော်၏ အံ့ဖွယ်ရာအမှုတော်များကို၊ ယခုတိုင်အောင်အကျွန်ုပ်ဖော်ပြပါသည့်အလျောက်၊ 18 နောင်လာလူမျိုးတစ်ဆက်အား၊ စွမ်းအားတော်နှင့်တန်ခိုးတော်ကိုမဖော်ပြရမီ၊ အိုမင်း၍ဆံဖြူသည့်ကာလတိုင်တိုင် အကျွန်ုပ်ကိုစွန့်တော်မမူပါနှင့်။ 19 အိုဘုရားသခင်၊ တန်ခိုးကြီးစွာစီရင်တော်မူသောကိုယ်တော်၏ ဖြောင့်မတ်ခြင်းသည်၊ ဘဝဂ်အထိမှီပါတကား။ အိုဘုရားသခင်၊ ကိုယ်တော်နှင့်မည်သူတူပါသနည်း။ 20 များပြားစွာပြင်းထန်သောဒုက္ခကို၊ အကျွန်ုပ်တို့အားပြတော်မူခဲ့သောကိုယ်တော်သည်၊ အသက်ရှင်ပြန်စေလျက်၊ မရဏာ့ချိုင့်ထဲကတစ်ဖန်တက်စေတော်မူလိမ့်မည်။ 21 အကျွန်ုပ်ကိုတိုးတက်ကြီးမြတ်စေလျက်၊ တစ်ဖန်လှည့်၍ သက်သာစေတော်မူပါ။ 22 အိုအကျွန်ုပ်ဘုရားသခင်၊ ကိုယ်တော်ကိုလည်းေကာင်း၊ သစ္စာတော်ကိုလည်းေကာင်း၊ တယောထိုး၍ချီးမွမ်းပါမည်။ ဣသရေလလူမျိုး၏သန့်ရှင်းတော်မူသောအရှင်၊ စောင်းတီး၍ ကျူးဧပါ မည်။ 23 ကျူးဧရသောအခါ၊ ရွေးနုတ်တော်မူသောအကျွန်ုပ်အသက်ဝိညာဉ်သည်၊ နှုတ်ခမ်းပါကြွေးကြော်ရပါလိမ့်မည်။ 24 အသက်အန္တရာယ်ကိုရှာကြံသူတို့အရှက်ကွဲ၍၊ အကျိုးယုတ်ကြသည့်အတွက်၊ အကျွန်ုပ်လျှာလည်း၊ ဖြောင့်မတ်တော်မူခြင်းအကြောင်း၊ နေ့ရှိသမျှ မြွက်ဆိုရပါလိမ့်မည်။