ဆာလံ။ 57
အိုဘုရားသခင်၊ အကျွန်ုပ်အပေါ်၌ကရုဏာသက်၍သနားတော်မူပါ။ ကိုယ်တော်၌အကျွန်ုပ်၏အသက်ခိုလှုံပါ၏။ ဘေးဒုက္ခများလွန်သွားသည့်တိုင်အောင်၊ အတောင်တော်အောက်၌အကျွန်ုပ်ခိုလှုံပါမည်။ ငါသည်၊ မြင့်မြတ်သောဘုရားသခင့်ထံ၊ ငါ့အမှုထမြောက်စေတော်မူသောဘုရားထံအော်ဟစ်ပါမည်။ ငါ့ကိုနှိပ်နှင်းလိုသူကဲ့ရဲ့သော်၊ ကောင်းကင်ဘုံကစေလွှတ်ကယ်တင်၍၊ ကရုဏာတော်နှင့်သစ္စာတော်ကို ဘုရားသခင်စေလွှတ်တော်မူမည်။ ငါ့အသက်သည်ခြင်္သေ့ဘောင်တွင်ရှိလျက်၊ ဒေါသမီးတောက်သောလူ့သားတို့တွင်ငါအိပ်ရ၏။ သူတို့အစွယ်သည်လှံနှင့်မြှား၊ လျှာလည်းထက်သောသန်လျက်ဖြစ်၏။
အိုဘုရားသခင်၊ မိုးကောင်းကင်ထက်၊ ချီးမြှင့်ခြင်းခံလျက်၊ မြေကြီးတစ်ပြင်လုံးထက်၊ ဘုန်းတော်ထင်ပေါ်ပါစေသော။
သူတို့သည်၊ စိတ်နှိမ့်ချသောငါ့ခြေလှမ်းရာ၌၊ ပိုက်ကိုပြင်ဆင်လျက်၊ ငါ့ရှေ့၌တွင်းတူးပြီးလျှင်၊ ကိုယ်တိုင်ကျရောက်ကြပြီ။ အိုဘုရားသခင်၊ အကျွန်ုပ်စိတ်နှလုံးတည်ကြည်မြဲမြံပါ၏။ သီချင်းဆိုလျက်ကျူးဧပါမည်။ အိုငါ့ 57.8 ပါဠိ - ဂုဏ်အသေရ။ဝိညာဉ်နိုးထလော့။ အချင်းတယောနှင့်စောင်းများ၊ နိုးကြလော့။ အရုဏ်တက်ချိန်ငါနိုးပါမည်။ အိုအရှင်ဘုရား၊ လူပရိသတ်တို့တွင်၊ ကိုယ်တော်ကိုချီးမွမ်းလျက်၊ လူမျိုးတို့ဘောင်တွင်ကျူးဧပါမည်။ 10 ကရုဏာတော်သည် မိုးကောင်းကင်တိုင်အောင်လည်းေကာင်း၊ သစ္စာတော်သည် အာကာသတိုင်အောင်လည်းေကာင်း၊ မှီပါ၏။ 11 အိုဘုရားသခင်၊ မိုးကောင်းကင်ထက်၊ ချီးမြှင့်ခြင်းခံလျက်၊ မြေတစ်ပြင်လုံးထက်၊ ဘုန်းတော်ထင်ပေါ်ပါစေသော။