ဆာလံ။ 58
အချင်းမှူးမတ်တို့၊ သင်တို့သည်လူသားတို့၌ ဖြောင့်မတ်စွာဆုံးဖြတ်ခြင်း၊ မျှတစွာစီရင်ခြင်းကို၊ စင်စစ်ပြုတတ်ကြသလော။ မုချဆိုသော်၊ ကိုယ့်စိတ်နှင့်မတရားမှုကိုကြံစည်၍၊ ကိုယ့်လက်နှင့်အဓမ္မမှုကို၊ မြေကြီးပေါ်မှ ချင့်ချိန်ဝေဖန်တတ်ကြ၏။ လူဆိုးတို့သည်အမိဝမ်းထဲကပင် စိမ်းကားလျက်၊ မုသာသုံးသူတို့သည်၊ ဖွားကတည်းကပင်လမ်းလွဲလျက်နေကြ၏။ သူတို့၏အဆိပ်သည် မြွေဆိပ်နှင့်တူ၏။ နားပင်းသောမြွေပွေးထပ်တူ နားပိတ်လျက်၊ အလမ္ပါယ်ဆရာတို့လိမ္မာစွာမန်းမှုတ်သံကို၊ နားမထောင်ဘဲနေတတ်ကြ၏။ အိုဘုရားသခင်၊ ကိုယ့်အစွယ်များကိုသူတို့ပါးစပ်တွင် ချိုးတော်မူပါ။ အိုထာဝရဘုရား၊ ခြင်္သေ့ပျိုတို့၏ အစွယ်များကိုဖြတ်တော်မူပါ။ သူတို့သည် သွန်းသောရေကဲ့သို့ ပြယ်ပျောက်လျက်၊ မြှားတော်များကိုမှန်းရွယ်တော်မူသော်၊ ညှိုးနွမ်းတတ်ကြ၏။ ခရုပက်ကျိသည်၊ အရည်ပျော်၍ ကွယ်ပျောက်သကဲ့သို့လည်းေကာင်း၊ လျှောမွေးသည်၊ နေရောင်ကိုမမြင်ရသကဲ့သို့လည်းေကာင်း၊ ဖြစ်ကြပါ၏။ ထင်းမီးရှိန်ကို အိုးများမခံရသေးမီ၊ စိမ်သော်လည်းေကာင်း၊ ပြုတ်သော်လည်းေကာင်း၊ ကွယ်ပျောက်စေတော်မူလိမ့်မည်။ 10 သူတော်ကောင်းသည်၊ ထိုလက်စားချေခြင်းကိုသိမြင်ဝမ်းမြောက်လျက်၊ လူဆိုးတို့အသွေး၌ ခြေဆေးရသဖြင့်၊ 11 လူတို့က၊ သူတော်ကောင်းသည် မုချအကျိုးခံစားရပေမည်။ မြေကြီးပေါ်မှာတရားစီရင်သောဘုရားမုချရှိတော်မူပေသည်ဟု ဝန်ခံကြရလတ္တံ့။