ဆာလံ။ 53
1 ဘုရားသခင်မရှိဟုယုတ်မာသူတို့သည်၊ စိတ်တွင်အောက်မေ့၍၊ ဖောက်ပြန်လျက် စက်ဆုပ်ဖွယ်မတရားမှုများကိုပြုကျင့်ကြပြီ။ အကောင်းပြုကျင့်သူတစ်ယောက်မျှမ ရှိ။
2 နားလည်သောသူ၊ ဘုရားသခင်ကိုရှာသောသူရှိမရှိကို သိမြင်ရန်၊ ဘုရားသခင်သည် ကောင်းကင်ဘုံမှ လူသားတို့ကိုငုံ့ကြည့်တော်မူရာ၊
3 သူခပ်သိမ်းတို့ဆုတ်ယုတ်၍ ညစ်ညမ်းလျက်ရှိနေကြကုန်ပြီ။ အကောင်းပြုကျင့်သူတစ်ဦးတစ်ယောက်မျှမရှိချေ။
4 ငါ့လူမျိုးကိုထမင်းအဖြစ်စားလျက်၊ ဘုရားသခင်ကိုပဌနာမပြုဘဲ၊ ဒုစရိုက်ပြုကျင့်သူတို့သည်၊ အသိပညာမဲ့ကြသလော။
5 သင့်တစ်ဘက်၌ တပ်စွဲသူတို့အရိုးများကို၊ ဘုရားသခင်ကွဲလွင့်စေတော်မူသောကြောင့်၊ ကြောက်ရွံ့ဖွယ်မရှိရာတွင်၊ အလွန်ကြောက်ရွံ့လျက်ရှိနေကြ၏။ ဘုရားသခင် ငြင်းပယ်တော်မူသောကြောင့်၊ ထိုသူတို့ကိုသင်အရှက်ခွဲရလေပြီ။
6 ဣသရေလလူမျိုး၏ကယ်တင်ရာကယ်တင်ကြောင်းသည်၊ ဇိအုန်မြို့တွင်းမှပေါ်လာပါစေသော။ သုံ့ပန်းခံရသောလူမျိုးတော်ကို၊ ဘုရားသခင်ပြန်လာစေတော်မူသောအခါ၊ ယာကုပ်အမျိုးရွှင်လန်း၍၊ ဣသရေလအနွယ်ဝမ်းမြောက်ရလိမ့်မည်။