ဆာလံ။ 52
1 အချင်းတန်ခိုးကြီးသူ၊ အကျိုးဖျက်မှု၌၊ အဘယ့်ကြောင့်ဝါကြွားသနည်း။ ဘုရားသခင့်ကရုဏာတော်သည်၊ နေ့စဉ်မပြတ်တည်မြဲ၏။
2 အချင်းလှည့်စားတတ်သူ၊ သင့်လျှာသည်ထက်သောသင်တုန်းကဲ့သို့၊ ဆိုးယုတ်မှုကိုစီမံတတ်၏။
3 သင်သည်၊ ကောင်းမှုထက်မကောင်းမှုကိုလည်းေကာင်း၊ ဖြောင့်မတ်သောစကားထက်မုသာကိုလည်းေကာင်း၊ နှစ်သက်တတ်၏။
4 သင်သည် ဖျက်ဆီးတတ်သောစကားဟူသမျှနှင့်၊ လိမ်လည်သောလျှာကိုနှစ်သက်တတ်၏။
5 ဘုရားသခင်သည်၊ သင့်ကိုအစဉ်ဖြိုလှဲကော်ချလျက်၊ အိမ်တွင်းမှနှင်ထုတ်ခြင်း၊ အသက်ရှင်သူတို့တိုင်းပြည်မှ နုတ်ပစ်ခြင်းပြုတော်မူလိမ့်မည်။
6 သူတော်ကောင်းတို့လည်း၊ သိမြင်ရိုသေလျက်၊ ဘုရားသခင်ကိုမခိုလှုံဘဲ၊
7 ကိုယ့်ပစ္စည်းကြွယ်ဝခြင်း၌ကိုးစား၍၊ ကိုယ့်အလိုဆန္ဒ၌ ခိုင်ခံ့သောတန်ခိုးကြီးသူပါတကားဟု လှောင်ကြလိမ့်မည်။
8 ငါမူကား၊ ဘုရားသခင့်ဗိမာန်တော်၌၊ စိမ်းလန်းသောသံလွင်ပင်ကဲ့သို့ဖြစ်၍၊ ဘုရားသခင့်ကရုဏာတော်၌၊ ကာလအစဉ်ကိုးစားပါ၏။
9 ထိုသို့စီရင်တော်မူသောကြောင့်၊ ကိုယ်တော်ကိုကာလအစဉ်ချီးမွမ်းပါမည်။ ကောင်းမြတ်တော်မူသောကြောင့်၊ ကြည်ညိုသူတို့ရှေ့၊ နာမတော်ကိုစောင့်မေျှာ်လျက်နေပါ မည်။