ဆာလံ။ 54
အိုဘုရားသခင်၊ နာမတော်အားဖြင့်အကျွန်ုပ်ကိုကယ်တင်၍၊ တန်ခိုးတော်အားဖြင့်စီရင်ဆုံးဖြတ်တော်မူပါ။ အိုဘုရားသခင်၊ အကျွန်ုပ်၏တောင်းလျှောက်ချက်ကိုနားညောင်း၍၊ နှုတ်မြွက်သောပဌနာကိုကြားနာတော်မူပါ။ နိုင်ငံခြားသားတို့သည်၊ အကျွန်ုပ်တစ်ဘက်၌ ထကြွခြင်းကိုလည်းေကာင်း၊ ကြမ်းကြုတ်သူတို့သည် အသက်အန္တရာယ်ရှာကြံခြင်းကိုလည်းေကာင်း၊ ဘုရားသခင်အားဂရုမစိုက်ဘဲပြုကြလေစွတကား။
ဘုရားသခင်သည်၊ ငါ့ကိုကူညီတော်မူသောအရှင်၊ ငါ့အသက်ကို ထောက်မတော်မူသော အရှင်ပေတည်း။ ငါ့ရန်သူတို့အားမကောင်းကျိုးဆပ်ပေး၍၊ သစ္စာတော်အားဖြင့်ပယ်ရှားတော်မူပါ။ အိုထာဝရဘုရား၊ အကျွန်ုပ်သည်၊ စေတနာစိတ်နှင့်ကိုယ်တော်အားပူဇော်လျက်၊ ကောင်းမြတ်သောနာမတော်ကိုချီးမွမ်းပါမည်။ ခပ်သိမ်းသောဒုက္ခတွင်းမှ ကယ်လွှတ်တော်မူသဖြင့်၊ ရန်သူတို့ကို၊ ကိုယ့်မျက်စိနှင့်စီးကြည့်၍အားရလေပြီ။