ဆာလံ။ 22
အကျွန်ုပ်ဘုရားသခင်၊ အကျွန်ုပ်ဘုရားသခင်၊ အကျွန်ုပ်ကိုအဘယ့်ကြောင့်စွန့်ထားတော်မူပါသနည်း။ အကျွန်ုပ်ကိုမကယ်၊ အော်ဟစ်သံကိုမကြားဘဲ အဘယ့်ကြောင့် ဝေးကွာစွာနေတော်မူပါသနည်း။ အိုအကျွန်ုပ်ဘုရားသခင်၊ နေ့ညဉ့်မဟူအကျွန်ုပ်ဟစ်ခေါ်ရာ၊ ကိုယ်တော်မထူး၊ ချမ်းသာမပေးသော်လည်း၊ ဣသရေလလူမျိုးတို့ထောမနာထက်စံတော်မူသော အိုအရှင်၊ ကိုယ်တော်သန့်ရှင်းတော်မူပါ၏။ အကျွန်ုပ်တို့ဘိုးဘေးများသည်၊ ကိုယ်တော်၌ကိုးစားခဲ့ရာ၊ ကိုးစားကြသည့်အတိုင်း၊ ကယ်နုတ်တော်မူပါ၏။ ကိုယ်တော့်ထံဟစ်ခေါ်ရာ၊ လွတ်မြောက်ရလျက်၊ အရှက်မကွဲရဘဲကိုးစားကြပါ၏။ အကျွန်ုပ်မှာမူ၊ လူမဟုတ်၊ ပိုးကောင်မျှဖြစ်ပါ၏။​လူတို့ကဲ့ရဲ့ရာ၊ သူတို့မထီလေးစားပြုရာဖြစ်ပါ၏။ မြင်သမျှသောသူတို့ပြက်ရယ်ပြုကြပါ၏။ နှုတ်ခမ်းစူ၍ဦးခေါင်းခါလျက်၊ ထာဝရဘုရားအားကိုယ်ကိုလွှဲအပ်ပါတော့၊ ကယ်လွှတ်တော်မူပါစေ။ နှစ်သက်သည့်အလျောက်ကယ်လွှတ်တော်မူပါလေစေဟု သ ရော်ကြပါ၏။ ကိုယ်တော်မူကား၊ အကျွန်ုပ်ကို အမိဝမ်းထဲကထုတ်တော်မူ၍၊ ရင်ခွင်၌သိပ်ထားလျက်ပင် ကိုးစားစေတော်မူပါ၏။ 10 ဖွားစကပင်၊ ကိုယ်တော့်ထံအကျွန်ုပ်အပ်နှင်းခံရ၍၊ အမိဝမ်းကပင်၊ အကျွန်ုပ်၏ဘုရားဖြစ်တော်မူပါ၏။ 11 ဒုက္ခရောက်လျှင်၊ ကယ်မည့်သူမရှိသောကြောင့်၊ အကျွန်ုပ်ထံမှဝေးကွာစွာနေတော်မမူပါနှင့်။ 12 နွားလားများစွာဝန်းရံလျက်၊ ဘာရှန်ဥသဘတို့ဝိုင်းမိကြပါပြီ။ 13 ကိုက်ဖြတ်ဟိန်းဟောက်သောခြင်္သေ့ကဲ့သို့၊ ပစပ်ဟလျက်ရှိကြ၏။ 14 အကျွန်ုပ်သည် သွန်လိုက်သောရေကဲ့သို့ဖြစ်နေပါ၏။ အရိုးအဆစ်ရှိသမျှလွဲလျက်၊ နှလုံးသည်ဖေယာင်းကဲ့သို့အတွင်း၌ အရည်ပျော်လျက်၊ ခွန်အားသည် အိုးခြမ်းကဲ့သို့ခန်းခြောက်လျက်၊ 15 လျှာသည် မေးရိုးများကိုကပ်လျက်ရှိနေရာ၊ သေတွင်းသို့အကျွန်ုပ်ကိုရောက်စေတော်မူပါ၏။ 16 ခွေးတို့ဝန်းရံလျက်၊ လူဆိုးတို့အသင်းအပင်းဝိုင်းမိလျက်၊ အကျွန်ုပ်ခြေလက်များကိုထိုးဖောက်ကြပါပြီ။ 17 အကျွန်ုပ်အရိုးရှိသမျှကို ရေတွက်၍ရပါ၏။ သူတို့သည် အကျွန်ုပ်ကိုစိုက်ကြည့်လျက်၊ 18 အကျွန်ုပ်၏အဝတ်များကိုအချင်းချင်းခွဲဝေ၍၊ အတွင်းအင်္ကျီကိုမဲချကောက်ယူကြပါ၏။ 19 အိုထာဝရဘုရား၊ ဝေးကွာစွာနေတော်မမူပါနှင့်။ အကျွန်ုပ်ကိုကယ်တော်မူသောအရှင်၊ အလျင်အမြန်မစတော်မူပါ။ 20 အကျွန်ုပ်၏အသက်ကိုဓားဘေးမှလည်းေကာင်း၊ အကျွန်ုပ်အတ္တဘောကို 22.20 ပါဠိၒ ၒ- ခွေးေခြ။ခွေးဘေးမှလည်းေကာင်း၊ ကယ်လွှတ်တော်မူပါ။ 21 ခြင်္သေ့ခံတွင်းနှင့်စိုင်ဦးချိုဘေးမှအကျွန်ုပ်ကိုကယ်တော်မူပါ။ 22.21 ပါဠိၒ ၒ- ထူး။နားညောင်းတော်မူပါပြီ။ 22 နာမတော်ကိုအကျွန်ုပ်ညီအစ်ကိုတို့အားေဖာ်ပြလျက်၊ ပရိသတ်တော့်အလယ်တွင် ကိုယ်တော့်ကိုချီးမွမ်းမည်မှာ၊ 23 ထာဝရဘုရားကိုခန့်ညားသူတို့၊ ကိုယ်တော်ကိုချီးမွမ်းကြလော့။ ယာကုပ်၏အမျိုးအနွယ်အပေါင်းတို့၊ ဘုန်းတော်ကိုချီးမြှောက်ကြလော့။ ဣသရေလ၏အမျိုးအနွယ်အ ပေါင်းတို့၊ ကိုယ်တော်ကိုရိုသေကြလော့။ 24 ကိုယ်တော်သည်၊ ညှဉ်းပန်းခံရသူ့ဒုက္ခကိုရွံရှာခြင်း၊ မထီမဲ့မြင်ပြုခြင်းကင်းလျက်၊ မျက်နှာလွှဲတော်မမူ။ ခေါ်သည့်ကာလ၊ နာခံတော်မူပြီဟူ၍တည်း။ 25 ပရိသတ်တော်ကြီး၌ အကျွန်ုပ်ချီးမွမ်းရာချီးမွမ်းကြောင်းဖြစ်တော်မူသည့်အလျောက်၊ ခန့်ညားသူတို့ရှေ့သစ္စာဝတ်များကိုအကျွန်ုပ်ဖြေသဖြင့်၊ 26 စိတ်နှိမ့်ချသူတို့သည်ဝပြောစွာစားရခွင့်၊ ထာဝရဘုရားကိုလိုက်ရှာသူတို့သည် ချီးမွမ်းခွင့်ခံရလျက်၊ သင်တို့စိတ်နှလုံးကိုအစဉ်အမြဲအားတက်ပါစေသောဟူသောမင်္ဂလာ ခံရကြလိမ့်မည်။ 27 ထာဝရဘုရားသည်၊ နိုင်ငံတော်၏ဘုရင်၊ လူမျိုးခြားတို့အပေါ်တွင်၊ အုပ်စိုးသောအရှင်ဖြစ်တော်မူသောကြောင့်၊ 28 မြေကြီးအစွန်းအဖျားရှိသမျှပင်သတိရ၍၊ ထာဝရဘုရားအထံတော်သို့ပြန်လာလျက်၊ လူအမျိုးအနွယ်ခပ်သိမ်းတို့သည်၊ ရှေ့တော်၌ရှိခိုးရကြလိမ့်မည်။ 29 ကြွယ်ဝသောမြေကြီးသားရှိသမျှစားသောက်ရှိခိုးရလျက်၊ ကိုယ့်အသက်ကိုအရှင်မထားနိုင်ဘဲ၊ မြေမှုန့်အဖြစ်သို့ဆင်းရသမျှသောသူတို့သည် ရှေ့တော်၌ဦးညွှတ်ရကြလိမ့်မည်။ 30 အနွယ်တစ်ဆက်သည်ဝတ်ပြုရသည့်အလျောက်၊ အရှင်ဘုရားနှင့်စပ်လျဉ်း၍၊ 31 ဖြောင့်မတ်တော်မူခြင်း၊ စီရင်တော်မူခြင်းအကြောင်းကို၊ ပေါ်လာရမည့်အမျိုး၊ ဖြစ်ပွားရမည့်အဆက်အား ဖော်ပြကြလတ္တံ့။