ဆာလံ။ 23
ထာဝရဘုရားသည်၊ ငါ့အပေါ်တွင်အထိန်းအကျောင်းဖြစ်တော်မူ၍၊ ငါ၌လိုလေသေးမရှိရ။ စိမ်းလန်းသောစားကျက်များ၌ ငါ့ကိုဝပ်နေစေ၍၊ ငြိမ်သက်ရာမြစ်ရေချောင်းရေများအနီးဆောင်သွားတော်မူ၏။ ငါ့အသက်ဝိညာဉ်ကိုအားဖြည့်လျက်၊ နာမတော်အတွက် လမ်းဖြောင့်များ၌ဆောင်ယူတော်မူ၏။ သေမင်းအရိပ်ကျရာချိုင့်ကိုပင် ငါလှေျာက်သွားရသော်လည်း၊ ဘေးအန္တရာယ်ကိုကြောက်ရွံ့မည်မဟုတ်။ ကိုယ်တော်သည် အကျွန်ုပ်နှင့်အတူရှိေန၏။ လှံတံတော်၊ တောင်ဝေးတော်ဖြင့်နှစ်သိမ့်စေတော်မူပါ၏။ ရန်သူတို့မျက်မှောက်တွင် အကျွန်ုပ်အဖို့စားပွဲတည်လျက်၊ ဦးခေါင်းကိုဆီနှင့်လိမ်းတော်မူပါပြီ။ အကျွန်ုပ်ခွက်ဖလားပြည့်လျှံလျက်ရှိပါ၏။ သုခချမ်းသာနှင့်ကရုဏာတော်သည်၊ တစ်သက်ပတ်လုံးငါနှင့်မုချထက်ကြပ်ပါလာသဖြင့်၊ ထာဝရဘုရား၏ဗိမာန်တော်တွင် အစဉ်နေထိုင်ခွင့်ကိုငါရပါလိမ့်သတည်း။