ဆာလံ။ 21
1 အိုထာဝရဘုရား၊ ဘုရင်မင်းသည် ကိုယ်တော်၏တန်ခိုးတော်၌ ဝမ်းမြောက်ခွင့်၊ ကယ်တင်တော်မူခြင်း၌အားရရွှင်လန်းခွင့်ရရှိပါမည်။
2 ကိုယ်တော်သည်၊ သူ့နှုတ်ထွက်လျှောက်ချက်ကို မပယ်ဘဲ၊ သဘောမြတ်ရာကိုသနားတော်မူလျက်၊
3 စည်းစိမ်ချမ်းသာနှင့်ကြိုတင်၍၊ ရွှေစင်မကိုဋ်ကို ဆောင်းစေတော်မူပါပြီ။
4 ကိုယ်တော့်ထံအသက်ဆုကိုလျှောက်တောင်းသောအခါ၊ ကာလအစဉ်အသက်တာရှည်ခြင်းကိုပင်သနားတော်မူပါပြီ။
5 ကယ်တင်တော်မူခြင်း၌ သူ့ဘုန်းအသရေကြီးမြတ်လျက်၊ တန်ခိုးအာနုဘော်ကိုကိုယ်တော်တင်တော်မူပါ၏။
6 ကိုယ်တော်သည် အစဉ်မြဲရာမင်္ဂလာပေးလျက်၊ ရှေ့တော်၌အားရရွှင်လန်းစေတော်မူပါပြီ။
7 ဘုရင်မင်းသည်၊ ထာဝရဘုရား၌ကိုးစား၍၊ မြင့်မြတ်သောအရှင်၏မေတ္တာကျေးဇူးတော်ကြောင့် ရွေ့ရမည်မဟုတ်။
8 ရန်သူတော်ရှိသမျှကို လက်ရုံးတော်ဖြင့်လည်းေကာင်း၊ မုန်းထားသောသူတို့ကိုညာလက်တော်ဖြင့်လည်းေကာင်း၊ တင်ဖိလျက်၊
9 မျက်နှာတော်ထားသောအချိန်၌၊ မီးပုံကဲ့သို့ဖြစ်စေမည်။ သူတို့သည် ထာဝရဘုရား၏အမျက်တော်ရှိန်ဖြင့်မျိုစားခြင်းခံ၍၊ မီးကျွမ်းလောင်စားလိမ့်မည်။
10 သူတို့၏သားမြေးကို မြေကြီးပေါ်မှလည်းေကာင်း၊ အမျိုးအနွယ်ကို လူ့သားတို့ဘောင်မှလည်းေကာင်း၊ ကိုယ်တော်ဖျက်ဆီးတော်မူမည်။
11 အကျိုးတော်ယုတ်စေလျက်၊ မမြောက်ရသောအကြံကို၊ သူတို့ကြံစည်ကြရာ၊
12 ကိုယ်တော်သည် မျက်နှာရင်ဆိုင်လေးညှို့တင်လျက် ကျောခိုင်းစေတော်မူမည်။
13 အိုထာဝရဘုရားတန်ခိုးတော်အားဖြင့်၊ မြင့်မြတ်ရာတွင်စံတော်မူပါ။ ထိုသို့နှင့်အညီ၊ အစွမ်းတော်အကြောင်းအကျွန်ုပ်တို့ကျူးဧဖွဲ့ဆိုရကြပါမည်။