ဆာလံ။ 20
1 ဒုက္ခရောက်သောနေ့ရက်၌၊ ထာဝရဘုရားသည် ဘုရင်မင်းအား ထူးတော်မူပါစေသော၊ ယာကုပ်၏ဘုရားသခင့်နာမတော်သည်၊ ကိုယ်တော်ကိုချီးမြှင့်ပါစေသော။
2 သန့်ရှင်းရာဌာနတော်မှ မစခြင်းကိုစေလွှတ်လျက်၊ ဇိအုန်မြို့ထဲမှ ထောက်မတော်မူပါစေသော။
3 ကိုယ်တော့်ဘောဇဉ်သက္ကာဟူသမျှကိုသတိရလျက်၊ မီးရှို့ရာသက္ကာကိုလက်ခံတော်မူပါစေသော၊
4 သဘောမြတ်ရာကို သနားလျက်၊ ကြံတိုင်းအောင်ခွင့်ပြုတော်မူပါစေသော။
5 ကိုယ်တော်၏ကယ်တင်ခြင်းကြောင့်၊ အကျွန်ုပ်တို့အောင်ပွဲခံလျက်၊ ကိုယ့်ဘုရားသခင်၏နာမတော်၌၊ အောင်လံများကို စိုက်ထူကြပါမည်။ ထာဝရဘုရားသည်၊ ကိုယ်တော်၏လျှောက်ထားချက်ရှိသမျှပြည့်စုံခွင့်ပြုတော်မူပါစေသော။
6 ထာဝရဘုရားသည်၊ ဘိသိက်တော်ခံမင်းကို ကယ်တော်မူကြောင်း ယခုငါသိပြီ။ သန့်ရှင်းသောကောင်းကင်ဘုံမှ ညာလက်ရုံးတော်၏ကယ်တင်ခြင်းစွမ်းအားနှင့်ထူးတော်မူလိမ့်မည်။
7 အချို့တို့သည် ရထားတပ်၌လည်းေကာင်း၊ အချို့တို့သည် မြင်းတပ်၌လည်းေကာင်း၊ အားကိုးချီးမွမ်းတတ်ကြ၏။ ငါတို့မူကား၊ ကိုယ့်ဘုရားသခင်ထာဝရဘုရား၏နာမတော်၌ အားကိုးချီးမွမ်းကြမည်။
8 သူတို့ပြိုလဲကျဆုံးကြရာ၊ ငါတို့ထရပ်တည်တံ့ရကြ၏။
9 အိုထာဝရဘုရား၊ ဘုရင်မင်းကိုကယ်တင်၍၊ အကျွန်ုပ်တို့ခေါ်သောအခါ၊ ထူးတော်မူပါ။