ဆာလံ။ 19
1 ဘုရားသခင်၏ဘုန်းတော်ကို မိုးကောင်းကင်ထုတ်ေဖာ်လျက်၊ လက်မှုတော်ကို မိုးပိတာန်ပြသ၏။
2 တစ်နေ့ကတစ်နေ့အားပြန်ကြားလျက်၊ တစ်ညဉ့်ကတစ်ညဉ့်အား အသိပညာထုတ်ပြလျက်နေစဉ်၊
3 မိန့်မြွက်ခြင်း၊ ပြောဆိုခြင်းမဲ့၍၊ ကြားနိုင်ရန်စကားမရှိသော်လည်း၊
4 အတိုင်းအတာသည် မြေတစ်ပြင်လုံးသို့လည်းေကာင်း၊ အမြွက်အဆိုသည် လောကအစွန်းအဖျားတိုင်အောင်လည်းေကာင်း၊ ရောက်ပြီ။ နေဗိမာန်ထားတော်မူသည်နှင့်၊
5 သူရိယသည်၊ အခန်းထဲမှထွက်လာသောမင်္ဂလာဆောင်သတို့သားနှင့်လည်းေကာင်း၊ ရွှင်လန်းစွာပြေးတာဝင်ေသာသူလျင်နှင့်လည်းေကာင်း၊ တူလျက်၊
6 ကောင်းကင်တစ်စွန်းမှထွက်၍ တစ်စွန်းတိုင်အောင်လှည့်လည်သဖြင့်၊ နေ၏အပူအရှိန်မှကွယ်ဝှက်ရာမည်သည်မျှမရှိ။
7 ထာဝရဘုရား၏တရားတော်စုံလင်၍၊ အသက်ဝိညာဉ်ကိုအားဖြည့်တတ်၏။ ထာဝရဘုရား၏သက်သေတော်ဟုတ်မှန်၍၊ မလိမ္မာသူ့ကိုလိမ္မာစေတတ်၏။
8 ထာဝရဘုရား၏နည်းလမ်းတော်များဖြောင့်မတ်၍၊ စိတ်နှလုံးကိုရွှင်လန်းစေတတ်၏။ ထာဝရဘုရား၏ပညတ်တော်စင်ကြယ်၍၊ စက္ခုအာရုံကိုလင်းစေတတ်၏။
9 ထာဝရဘုရား၏၁ 19.9 ပါဠိၒ ၒ- ခန့်ညားဘွယ်ရာ။အမိန့်တော်သည်သန့်စင်၍၊ အမြဲတည်တတ်၏။ ထာဝရဘုရား၏ဥပေဒသေတာ်များဖြောင့်မှန်၍၊ သစ္စာနှင့်ပြည့်စုံလှ၏။
10 ရွှေထက်လည်းေကာင်း၊ ရွှေစင်အများထက်လည်းေကာင်း၊ နှစ်သက်ဖွယ်ဖြစ်လျက်၊ ပျားရည်နှင့်ပျားလပို့များထက်ချိုမြိန်၏။
11 ၎င်းပြင်၊ ထိုအရာများကြောင့် ကျွန်တော်မျိုးသည် အဆုံးအမကိုလည်းေကာင်း၊ စောင့်ရှောက်ခြင်းကြောင့်အကျိုးအမြတ်ကိုလည်းေကာင်း၊ ခံရပါ၏။
12 မတော်တဆပြစ်မှုများကို၊ မည်သူသိမြင်နိုင်ပါအံ့နည်း။ မထင်မရှားသောအပြစ်များမှ၊ အကျွန်ုပ်ကိုလွတ်ကင်းစေတော်မူပါ။
13 တမင်ပြစ်မှား၍၊ အပြစ်တရားကိုအုပ်စိုးခြင်းမခံရစေခြင်းငှာ၊ ကျွန်တော်မျိုးကိုချုပ်တည်းတော်မူပါ။ သို့မှအကျွန်ုပ်စုံလင်၍၊ ကြီးကျယ်သောလွန်ကျူးခြင်းမှလွတ်ကင်းပါလိမ့်မည်။
14 အကျွန်ုပ်၏ကျောက်တောင်တော်၊ ရွေးနုတ်ပိုင်ရှင်၊ အိုထာဝရဘုရား၊ အကျွန်ုပ်၏နှုတ်ထွက်စကားများနှင့်စိတ်ဆင်ခြင်ချက်များသည်၊ မျက်မှောက်တော်၌လက်ခံတော်မူဖွယ်ဖြစ်ပါစေသော။