ဆာလံ။ 134
ထာဝရဘုရား၏ဗိမာန်တော်၌၊ ညဝတ်တက်လျက်နေသောထာဝရဘုရား၏ ကျွန်တော်မျိုးအပေါင်းတို့၊ ထာဝရဘုရားအား ဩဘာဆက်ကြလော့။ သန့်ရှင်းရာဌနာတော်ဘက်သို့လက်အုပ်ချီ၍၊ ထာဝရဘုရားအားဩဘာဆက်ကြလော့။ မိုးမြေကိုဖန်ဆင်းတော်မူသောထာဝရဘုရားသည်၊ ဇိအုန်မြို့ထဲမှသင့်ကိုကောင်းကြီးပေးတော်မူပါစေသော။