ဆာလံ။ 133
1 ညီအစ်ကိုတို့သည်၊ အတူနေထိုင်ခွင့်ရကြသည်မှာ၊ အလွန်ကောင်းမြတ်၍ တင့်တယ်လှပါသည်တကား။
2 အာရုန်၏ဦးခေါင်းပေါ်မှာလောင်းသဖြင့်၊ သူ၏မုတ်ဆိတ်ကစီးဆင်း၍၊ လည်ခွံတိုင်အောင်ကျသောဆီမွေးကဲ့သို့လည်းေကာင်း၊
3 ဟေရမုန်တောင်မှဇိအုန်တောင်တန်းပေါ်သို့ကျသောနှင်းကဲ့သို့လည်းေကာင်း၊ ဖြစ်၏။ ထိုအရပ်၌ပင် ထာဝရဘုရားသည်၊ ကာလအစဉ်အသက်ရှင်ခြင်းအခွင့်တည်းဟူသော ကောင်းကြီးမင်္ဂလာကိုစီရင်တော်မူ၏။