ဆာလံ။ 126
1 သိမ်းသွားရာခံရသောဇိအုန်မြို့သားတို့ကိုထာဝရဘုရားပြန်လာစေတော်မူသော်၊ အိပ်မက်သူတို့ကဲ့သို့ငါတို့ဖြစ်ကြ၏။
2 ထိုကာလ၌ငါတို့နှုတ်သည်ရယ်မောခြင်းနှင့်လည်းေကာင်း၊ လျှာသည်ကြွေးကြော်ခြင်းနှင့်လည်းေကာင်းပြည့်ဝလျက်၊ သူတို့အဖို့တန်ခိုးကြီးသောအမှုများကိုထာဝရဘုရားပြုတော်မူကြောင်း၊ လူမျိုးခြားတို့ဝန်ခံကြသည့်အပြင်၊
3 ငါတို့အဖို့တန်ခိုးကြီးသောအမှုများကိုထာဝရဘုရားပြုတော်မူခဲ့သည့်အလျောက်၊ ငါတို့ဝမ်းမြောက်ရကြ၏။
4 အိုထာဝရဘုရား၊ သိမ်းသွားရာခံရသောအကျွန်ုပ်တို့ကို၊ တောင်မျက်နှာရှိချောင်းများကဲ့သို့ပြန်လာစေတော်မူပါ။
5 မျက်ရည်ကျလျက်မျိုးကြဲသူတို့သည်၊ ကြွေးကြော်လျက်ရိတ်သိမ်းရကြပါစေသော။
6 မျိုးစေ့၏ဝန်ကိုငိုကြွေးလျက်ထမ်းသွားသောသူသည်၊ ကောက်လှိုင်းများကိုကြွေးကြော်လျက်ထမ်းဝင်ရပါစေသော။