ဆာလံ။ 125
1 ထာဝရဘုရား၌ကိုးစားသူတို့သည်၊ မလှုပ်မရှားရဘဲတည်မြဲတည်ရာဇိအုန်တောင်ကဲ့သို့ဖြစ်ကြ၏။
2 ယေရုရှလင်မြို့ကိုတောင်တန်းကာရံသကဲ့သို့၊ လူမျိုးတော်ကိုယခုမှစ၍ကာလအစဉ်၊ ထာဝရဘုရားကာရံတော်မူ၏။
3 အဓမ္မမှုကိုပြုရကြစေရန်၊ ဖြောင့်မတ်သူတို့ဝေပုံအပေါ်တွင်၊ လူဆိုးတို့အာဏာစက်တည်ခွင့်မရှိရာ။
4 အိုထာဝရဘုရား၊ သူတော်ကောင်းနှင့် သဘောဖြောင့်သူတို့အား၊ ကျေးဇူးပြုတော်မူပါ။
5 ကောက်ကျစ်ရာသို့လွှဲသွားသူတို့ကိုဒုစရိုက်ပြုကျင့်သူတို့ပါ၊ ထာဝရဘုရားထုတ်သွားတော်မူ၍၊ ဣသရေလလူမျိုး၌ရန်ငြိမ်းခြင်းတည်ရှိပါစေသော။