ဆာလံ။ 103
1 အိုငါ့အသက်ဝိညာဉ်၊ ထာဝရဘုရားကိုလည်းေကာင်း၊ ငါ့အတွင်း၌ရှိသမျှတို့၊ သန့်ရှင်းသောနာမတော်ကိုလည်းေကာင်း၊ ဩဘာဆက်ကြလော့။
2 အိုငါ့အသက်ဝိညာဉ်၊ ကျေးဇူးတော်အပေါင်းကိုမမေ့ဘဲ၊ ထာဝရဘုရားကိုဩဘာဆက်လော့။
3 ကိုယ်တော်သည် သင့်ဒုစရိုက်ရှိသမျှကိုဖြေလွှတ်၍၊ အနာရောဂါရှိသမျှကိုကင်းပျောက်စေခြင်း၊
4 သင့်အသက်ကိုပျက်စီးရာမှ ရွေးနုတ်၍၊ မေတ္တာကျေးဇူးတော်၊ ကရုဏာတော်နှင့်ဆင်ယင်ခြင်း၊ ကောင်းသောအရာများနှင့် ရောင့်ရဲစေ၍၊
5 ပျိုရွယ်စဉ်ကိုလင်းယုန်ကဲ့သို့တိုးစေခြင်းပြုတော်မူ၏။
6 ထာဝရဘုရားသည်၊ ညှည်းပန်းခံရသမျှသူတို့အဖို့၊ ဖြောင့်မတ်သောအမှု၊ တရားသဖြင့်စီရင်မှုများကိုပြုတော်မူ၏။
7 နည်လမ်းတော်များကို၊ မောရှေအားလည်းေကာင်း၊ အမှုတော်များကို၊ ဣသရေလအမျိုးသားတို့အားလည်းေကာင်း၊ ဖော်ပြတော်မူပြီ။
8 ထာဝရဘုရား၌သနားသောသဘော၊ ကျေးဇူးပြုသောသဘော၊ စိတ်ရှည်သောသဘော၊ ကရုဏာကြွယ်ဝသောသဘောရှိတော်မူ၏။
9 အစဉ်မပြတ်ဘက်ပြိုင်ခြင်း၊ ကာလအစဉ်အမျက်ထားခြင်းပြုတော်မူမည်မဟုတ်။
10 ငါတို့ပြစ်မှုအလျောက်စီရင်ခြင်း၊ ဒုစရိုက်အေလျာက်ဆပ်ပေးခြင်းပြုတော်မမူဘဲ၊
11 မြေကြီးထက်မိုးကောင်းကင်မြင့်သည်နှင့်အမျှ၊ ခန့်ညားသူတို့၌ ကရုဏာတော်ကြီးမြင့်၍၊
12 အနောက်နှင့်အရှေ့ဝေးသည်နှင့်အမျှ၊ ကျူးလွန်မှုများကို ငါတို့နှင့်ဝေး စေတော်မူပြီ။
13 အဘသည်၊ သားသမီးများကိုသနားစုံမက်သည့်နည်းတူ၊ ထာဝရဘုရားသည်၊ ခန့်ညားသူတို့ကို သနားစုံမက်တော်မူ၏။
14 ငါတို့ကိုယ်ခန္ဓာကိုသိကျွမ်း၍၊ မြေမုန့်မျှဖြစ်ကြောင်းသတိရတော်မူ၏။
15 လူ၏ရက်တာသည်၊ မြက်ပင်ကဲ့သို့ဖြစ်လျက်၊ လယ်ပြင်ပန်းကဲ့သို့သူသည် ပွင့်လန်းလျက်၊
16 လေတိုက်သွားသော်ပပျောက်၍၊ နေရာရင်း၌တွေ့တော့မည်မဟုတ်။
17-18 ထာဝရဘုရား၏ကရုဏာတော်သက်ခြင်းနှင့်၊ ဖြောင့်မတ်တော်မူခြင်းမှာမူ၊ ကိုယ်တော်ကိုခန့်ညားလျက်၊ ပဋိညာဉ်တော်ကိုစောင့်ထိန်းလျက်၊ ဥပဒေသတော်များကိုသတိရ၍ လိုက်နာသူတို့အပေါ်၌၊ သားစဉ်မြေးဆက်၊ ရှေးကာလက နောင်ကာလတိုင်အောင်၊ တည်လျက်ရှိပေ၏။
19 ထာဝရဘုရားသည်၊ ကောင်းကင်ဘုံ၌ပလ္လင်တော်ကိုတည်၍၊ အာဏာစက်တော်လည်း၊ ရှိသမျှအပေါ်တွင်အုပ်စိုးတော်မူ၏။
20 မိန့်တော်မူသံကိုနာခံ၍၊ အမိန့်တော်မြတ်အတိုင်းဆောင်ရွက်သောသူရဲကောင်းစေတမန်တော်တို့၊ ထာဝရဘုရားကိုဩဘာဆက်ကြလာ့။
21 အလိုတော်ကိုဆောင်ရွက်သောအမှုတော်ထမ်းဗိုလ်ခြေတော်အပေါင်းတို့၊ ထာဝရဘုရားကိုဩဘာဆက်ကြလော့။
22 နိုင်ငံတော်အရပ်ရပ်၌ဖန်ဆင်းထားတော်မူလေသမျှတို့၊ ထာဝရဘုရားကိုဩဘာဆက်ကြလော့။ အိုငါ့အသက်ဝိညာဉ်၊ ထာဝရဘုရားကိုဩဘာဆက်လော့။