2
1-2 ငါ့သား၊ သင်သည် ဉာဏ်ပညာကိုနာယူ၍၊ ဉာဏ်ပဋိဘာန်ကိုစွဲလမ်းသည့်တိုင်အောင်၊ ငါ့စကားကိုနာခံလျက်၊ ငါပညတ်များကို ပိုက်ကျုံးလျှင်လည်းေကာင်း၊
3 ဉာဏ်ပဋိဘာန်နှင့် အသိဉာဏ်ကို တသဟစ်ခေါ်လျှင်လည်းေကာင်း၊
4 သိုက်ကို စူးစမ်း၍ ငွေကို ရှာဖွေသကဲ့သို့၊ ပညာကိုရှာေဖွလျှင်လည်းေကာင်း၊
5 သင်သည် ထာဝရဘုရားအား ခန့်ညားရခြင်းကိုလည်း နားလည်၍၊ ဘုရားသခင်အားသိကျွမ်းရခြင်းကို တွေ့ခွင့်ရှိလိမ့်မည်။
6 အသို့ဆိုသော်၊ ထာဝရဘုရားသည် ဉာဏ်ပညာကိုသနားတော်မူ၏။ အသိပညာနှင့် ဉာဏ်ပဋိဘာန်သည် နှုတ်တော်မှထွက်၏။
7-8 တရားနည်းလမ်းကိုကြည့်ရှု၍၊ ကြည်ညိုသူတို့၏အလေ့အလာကိုစောင့်ထိန်းရန်၊ ဖြောင့်မှန်သူတို့အဖို့အမျှော်အမြင်ပညာကိုသိမ်းဆည်းလျက်၊ ရိုးသားသူတို့အတွက် ဒိုင်းလွှားသဖွယ်ဖြစ်တော်မူ၏။
9 သို့မှသာသင်သည် ဖြောင့်မတ်ခြင်း၊ တရားသဖြင့်စောင့်ခြင်း၊ တော်မှန်ညီညွတ်ခြင်းမှစ၍၊ ကောင်းမြတ်သောအလေ့အလာရှိသမျှကို နားလည်ခွင့်ရှိလိမ့်မည်။
10 အသို့ဆိုသော်၊ ဉာဏ်ပညာသည် သင့်နှလုံးထဲသို့ဝင်၍၊ အသိပညာကိုလည်း သင်နှစ်သက်သဖြင့်၊
11-17 ဆိုးသောလမ်းမှ ကယ်လွှတ်သည့်ပြင်၊ ကောက်ကျစ်သောစကားကိုပြောသောသူ၊ မှောင်သောလမ်းသို့လိုက်ရန် ဖြောင့်သောလမ်းကိုစွန့်သောသူ၊ စဉ်းလဲသောအကျင့် နှင့်လိမ်လည်သော အလေ့အလာရှိသဖြင့်၊ အဆိုးပြု၍ ရွှင်လန်းလျက်၊ ဆိုးသွမ်းကောက်ကျစ်ခြင်း၌ မွေ့လျော်သောသူတို့မှလည်းေကာင်း၊ ငယ်ပေါင်းကြီးေဖာ်ကိုစွန့်၍ကိုယ့်ဘုရားသခင်၏ ပဋိညာဉ်ကိုမေ့လျော့သောမိန်းမပေါ့၊ စကားဖြင့် မြှောက်ပင့်တတ်သောမိန်းမရွှင်မှလည်းေကာင်း၊ ကယ်လွှတ်စေရန်၊ ပညာသတိသည် သင့်ကိုစောင့်ရှောက်၍၊ ဉာဏ်ပဋိဘာန်လည်းကွယ်ကာ စောင့်ထိန်းလိမ့်မည်။
18 ထိုမိန်းမ၏အိမ်သည် သေခြင်းသို့လည်းေကာင်း၊ အလေ့အလာများသည် သုဿာန်သို့လည်းေကာင်း၊ ရောက်စေတတ်၏။
19 ထိုသူ့ထံဝင်ရောက်သောသူမည်သည်ကား၊ မပြန်မလာ။ အသက်လမ်းကိုမမှီရ။
20 သင်သည် သူတော်ကောင်းတို့ လမ်းသို့လိုက်၍၊ ဖြောင့်မတ်သူတို့အလေ့အလာများကို စောင့်ရှောက်ရလိမ့်မည်။
21 ဖြောင့်မှန်သောသူတို့သည်၊ နေပြည်တွင်တည်လျက်၊ စုံလင်သူတို့လည်း၊ မြဲကြလိမ့်မည်။
22 လူဆိုးတို့မူကား၊ ထိုပြည်မှပယ်ရှားခြင်းခံရ၍၊ သစ္စာမဲ့သောသူတို့လည်း၊ နုတ်ပယ်ခြင်းကို ခံရကြလိမ့်မည်။