နယပုံပြင်ကျမ်း
1
1-6 ဉာဏ်ပညာနှင့် ဆုံးမသွန်သင်ခြင်းကို သိကျွမ်း၍၊ ဉာဏ်ပဋိဘာန်စကားကိုနားလည်စေရန်လည်း‌ေကာင်း၊ ပညာသတိရှိခြင်း၊ ဖြောင့်မတ်ခြင်း၊ တရားစောင့်ခြင်း၊ တော်မှန်ညီညွတ် ခြင်းများဆိုင်ရာ ဆုံးမသွန်သင်ခြင်းကို ခံယူစေရန်လည်း‌ေကာင်း၊ မလိမ္မာသောသူသည်၊ လိမ္မာသောဉာဏ်၊ ပျိုရွယ်သောသူလည်း၊ အသိပညာနှင့်ကြံစည်သော ဉာဏ်ကို ရစေရန်လည်း‌ေကာင်း၊ ပညာ ရှိသောသူသည်၊ နာခံသဖြင့် အသိအမြင်တိုးပွားလျက်၊ ဉာဏ်ကောင်းသောသူလည်း၊ ပဲ့ပြင်နိုင်စေရန်လည်း‌ေကာင်း၊ နယပုံပြင်မှစသော၊ ဥပမာစကားများနှင့်၊ ပညာရှိတို့စကားနက်စကား ဝှက်များကို နားလည်ကြစေရန်လည်း‌ေကာင်း၊ ဒါဝိဒ်မင်းသားတော် ဣသရေလလူမျိုး ရှောလမုန်ဘုရင်မင်းစီရင်သောနယပုံပြင်ကျမ်း။
ထာဝရဘုရားကို ခန့်ညားသောသဘောသည်၊ အသိပညာ၏စတည်ရာဖြစ်၏။ သူမိုက်တို့မူကား၊ ဉာဏ်ပညာနှင့်ဆုံးမသွန်သင်ခြင်းကို မထီလေးစားပြုတတ်ကြ၏။ ငါ့သား။ အဘ၏ဆုံးမခြင်းကို နာခံလော့။ အမိပြသောတရားကိုလည်း မစွန့်နှင့်။ ထိုတရားများသည် သင်၌ တင့်တယ်သောဦးရစ်၊ လည်ဆွဲတန်ဆာများဖြစ်လိမ့်မည်။ 10 ငါ့သား၊ သင့်ကိုအပြစ်သားတို့သွေးဆောင်လျင်၊ မလိုက်လျောနှင့်။ 11 ထိုသူတို့က၊ အသွေးသွန်းရန် ငါတို့နှင့်အတူလိုက်၍ ချောင်းမြောင်းလျက်၊ အပြစ်ကင်းသူကိုအကြောင်းမဲ့ချောင်းကြည့်ကြကုန်အံ့။ 12 သင်္ချၖိုင်းတွင်းထဲသို့ဆင်းရသောသူတို့ကို မရဏာ့နိုင်ငံ မျိုစားသကဲ့သို့၊ ထိုသူတို့ကို အသက်ရှင်လျက်ပင်၊ တစ်ကိုယ်လုံးမျိုစားကြကုန်အံ့။ 13 အဖိုးထိုက်သောဘဏ္ဍာအမျိုးမျိုးတွေ့သဖြင့်၊ ငါတို့အိမ်များကိုလက်ရ ဥစ္စာနှင့် အပြည့်ရှိစေကြမည်။ 14 ငါတို့နှင့်အတူပါဝင်၍၊ ရှိသမျှတို့၌ ငွေတစ်အိတ်တည်းရှိလိမ့်မည်ဟု ဆိုကြသော်၊ 15 ငါ့သားထိုသူတို့နှင့်အတူ မလိုက်မသွားနှင့်။ သူတို့လမ်းမှလည်း ခြေဦးလှည့်လော့။ 16 သူတို့ခြေသည်၊ အဆိုးသို့ပြေးလိုက်၍၊ အသွေးသွန်းရန်လျင်မြန်၏။ 17 မည်သည့်ငှက်ကိုမဆို၊ ရှေ့တွင်ပိုက်ကွန်ထောင်ထားလျှင်၊ အချည်းနှီးဖြစ်ချေ၏။ 18 ထိုသူတို့မူကား၊ ကိုယ့်အသွေးကိုသွန်းရန် ချောင်းမြောင်း၍၊ ကိုယ့်အသက်အန္တရာယ်ကို ချောင်းကြည့်ရာရောက်ကြ၏။ 19 လောဘကြီးသူရှိသမျှတို့၏ နည်းလမ်းများမှာ၊ ထိုသို့ဖြစ်လျက်ရသောဥစ္စာသည်၊ ဥစ္စာရှင်တို့၏အသက်ကိုသတ်တတ်၏။
20 ဉာဏ်ပညာသည် ပြင်ပမှာ ကြွေးကြော်၍၊ လမ်းမများတွင် စကားသံလွှင့်တတ်၏။ 21 စည်ပင်သောလမ်းဆုံးများတွင် အော်ဟစ်၍၊ တံခါးဝများ၌လည်း‌ေကာင်း၊ မြို့တွင်း၌လည်း‌ေကာင်း၊ မြွက်ဆိုသောစကားဟူမူကား၊ 22 အချင်းတို့၊ မလိမ္မာသူသည် မလိမ္မာခြင်းကိုနှစ်သက်လျက်၊ မထီလေးစားပြုသူသည် မထီလေးစားပြုခြင်း၌ မွေ့လျော်လျက်၊ မိုက်မဲသူသည် အသိပညာကို မုန်းထားလျက်၊ မည်မျှကြာနေကြမည်နည်း။ 23 ငါ့ဆုံးမပဲ့ပြင်ခြင်းကြောင့်ပြောင်းလဲကြလော့။ ငါ့ဝိညာဉ်ကို သင်တို့အပေါ်သို့သွန်းလောင်းသဖြင့်၊ ငါ့စကားများကို နားလည်စေမည်။
24-25 ငါအကြံပေးသမျှကိုသင်တို့မထီမဲ့မြင်ပြုလျက်၊ ဆုံးမပဲ့ပြင်သည်ကိုအလိုမရှိ။ ခေါ်သည်ကိုလည်းငြင်းဆန်သည့်ပြင်၊ ငါလက်ကမ်းသည်ကိုမည်သူမျှအမှတ်မပြု သောကြောင့်၊ 26 သင်တို့၌ ကပ်သင့်သောအခါ၊ ငါပြုံးရယ်၍၊ ကြောက်မက်ဖွယ်အရေးရောက်သော်၊ ကဲ့ရဲ့လိမ့်မည်။ 27 ထိုကြောက်မက်ဖွယ်အရေးသည်၊ မုန်တိုင်းကဲ့သို့လည်း‌ေကာင်း၊ ကပ်လည်း၊ လေပြင်းကဲ့သို့လည်း‌ေကာင်း၊ သင့်၍၊ ဒုက္ခဆင်းရဲခြင်းနှင့် တွေ့ကြုံသောအခါ၊ 28 ၎င်းတို့ခေါ်သော်လည်း၊ ငါထူးမည်မဟုတ်။ စိတ်ဇောနှင့်ရှာဖွေသော်လည်း၊ ငါ့ကိုတွေ့ရကြမည်မဟုတ်။ 29 အသို့ဆိုသော်၊ အသိပညာကိုမုန်းထားလျက်၊ ထာဝရဘုရားကို ခန့်ညားသောသဘောမရှိ။ 30 ငါအကြံပေးသည်ကို မလိုက်လို။ ဆုံးမပဲ့ပြင်ခြင်းရှိသမျှကိုလည်းမထီမဲ့မြင်ပြုခဲ့ကြပြီ။ 31 ထို့ကြောင့်၊ ၎င်းတို့သည် ကိုယ့်အလေ့အကျင့်၏ အသီးကို စား၍၊ ကိုယ့်အကြံအစည်များနှင့်သာ ရောင့်ရဲကြရမည်။ 32 မလိမ္မာသူတို့၏လမ်းလွဲခြင်းသည်၊ ကိုယ်ကိုသတ်၍။ လူမိုက်တို့၏ကောင်းစားခြင်းလည်း၊ ကိုယ်ကိုဖျက်ဆီးလိမ့်မည်။ 33 ငါ့စကားကိုနာခံသောသူမူကား၊ စိုးရိမ်ခြင်းကင်းလျက်၊ ဘေးရန်ကို မကြောက်ဘဲ ငြိမ်သက်စွာနေရလိမ့်မည်။