3
1 ငါ့သား၊ ငါပြသောတရားကို မမေ့မလျော့ဘဲ၊ ပညတ်များကိုလည်းစိတ်နှလုံး၌ စောင့်ရှောက်လော့။
2 သို့ပြုလျှင်၊ ပညတ်တရားသည် အသက်ရှည်သော နှစ်ပေါင်းကိုလည်းေကာင်း၊ ငြိမ်သက်ခြင်းကိုလည်းေကာင်း၊ သင်၌ထပ်ဆင့်တိုးပွားစေမည်။
3 မေတ္တာကျေးဇူးနှင့် သစ္စာတရားကို မစွန့်မကွာစေဘဲ၊ လည်၌ဆွဲချည်၍၊ နှလုံးတည်းဟူသော ပုရပိုက်ပေါ်တွင် ရေးသားလော့။
4 သို့မှ ဘုရားသခင်ရှေ့၊ လူ့ရှေ့မှာ၊ မျက်နှာသာရ၍၊ ဂုဏ်အသရေရှိလိမ့်မည်။
5 ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ကိုးစားလျက်၊ ကိုယ့်ဉာဏ်ကို တံကဲမပြုနှင့်။
6 ကျင့်ကြံသမျှ၌ ကိုယ်တော်ကိုအာရုံပြုလျှင်၊ သင်သွားရာလမ်းကို ညီညွတ်စေတော်မူမည်။
7 ဉာဏ်ကောင်းသည်ဟု အထင်အမြင်မရှိစေနှင့်။ ထာဝရဘုရားကိုခန့်ညား၍ ဒုစရိုက်ကို ကြဉ်ရှောင်လော့။
8 သင်၏ချက်တိုင်အဖို့ သန်မာခြင်း၊ အရိုးများအဖို့အားပြည့်ခြင်းဖြစ်လိမ့်မည်။
9 ကိုယ့်ဘဏ္ဍာရင်းမှလည်းေကာင်း၊ အမြတ်စွန်းရှိသမျှ၏ အဦးအဖျားကိုလည်းေကာင်း၊ ထာဝရဘုရားအားဆက်ကပ်လော့။
10 သို့ပြုလျှင် သင်၏ကျီကျများသည် ကုန်လုံကြွယ်ဝ၍၊ ဖိနင်းရာကျင်းများလည်း စပျစ်ရည်ဖြင့် ပြည့်လျှံလိမ့်မည်။
11 ငါ့သား၊ ထာဝရဘုရား၏ဆုံးမခြင်းကို ပေါ့ပေါ့ဆဆမပြုဘဲ၊ ပဲ့ပြင်ခြင်းကိုလည်း၊ ရွံ့ရှာဖွယ်မမှတ်နှင့်။
12 အဘသည် နှစ်သက်သောသားကိုဆုံးမသည့်နည်းတူပင်၊ ထာဝရဘုရားလည်း၊ ချစ်တော်မူသောသူ့ကိုဆုံးမတော်မူ၏။
13 ဉာဏ်ပညာကိုရှာတွေ့၍၊ ဉာဏ်ပဋိဘာန်ကိုရသူ၌ မင်္ဂလာရှိ၏။
14 ဉာဏ်ပညာကိုကုန်သွယ်ခြင်းသည်၊ ငွေကုန်သွယ်ခြင်းထက်လည်းေကာင်း၊ အမြတ်လည်း၊ ရွှေထက်လည်းေကာင်း၊ သာ၍ကောင်း၏။
15 ဉာဏ်ပညာသည် ပတ္တမြားထက်သာ၍ မြင့်မြတ်သဖြင့်၊ သင်နှစ်သက်သမျှ အခြားအရာများလည်း၊ မပြိုင်မနှိုင်းရာ၊
16 ဉာဏ်ပညာ၏ယာလက်တွင် အသက်ရှည်ခြင်း၊ ဝဲလက်တွင် ဂုဏ်သရေနှင့်ကြွယ်ဝခြင်းတည်၏။
17 ဆိုင်ရာလမ်းများသည်၊ တင့်တယ်လျက်၊ ခရီးရှိသမျှလည်း၊ ငြိမ်သက်ရာဖြစ်၏။
18 ကိုင်စွဲသူတို့အဖို့ ဉာဏ်ပညာသည် အသက်ပင်သဖွယ်ဖြစ်၍၊ စွဲမြဲသူတို့၌လည်း မင်္ဂလာရှိ၏။
19 ထာဝရဘုရားသည် ဉာဏ်ပညာတော်အားဖြင့် မြေပထဝီကိုတည်စေ၍၊ ဉာဏ်ပဋိဘာန်တော်အားဖြင့်၊ မိုးကောင်းကင်ကို မြဲစေတော်မူပြီ။
20 အသိပညာတော်အားဖြင့်၊ ရေထုများကိုပေါက်ထွက်စေလျက်၊ မိုးကောင်းကင်မှလည်း၊ နှင်းကိုကျစေတော်မူ၏။
21 ငါ့သား၊ အေမျှာ်အမြင် ပညာနှင့်ကြံစည်သောဉာဏ်ကို စောင့်ထိန်း၍၊ သင့်မျက်မှောက်နှင့်မကွာစေလင့်။
22 သို့ပြုလျှင်၊ သင့်ဝိညာဉ်၌ အသက်၊ လည်၌အဆင်တန်ဆာဖြစ်လိမ့်မည်။
23 သွားရာလမ်းတွင် စိတ်ချစွာေလျှာက်လိုက်ရ၍၊ ခြေသည် ခလုတ်တိုက်မိမည်မဟုတ်။
24 အိပ်သောအခါ၊ ကြောက်မက်ဖွယ်မရှိရဘဲ၊ ကောင်းမွန်စွာအိပ်ပျော်ရလိမ့်မည်။
25 ရုတ်တရက်ကြောက်ရွံ့ဖွယ်ရာကိုလည်းေကာင်း၊ လူဆိုးတို့၌သင့်ရောက်သောဘေးကိုလည်းေကာင်း၊ မစိုးရိမ်နှင့်။
26 အသို့ဆိုသော်၊ ထာဝရဘုရားသည်သင်၏ကိုးစားရာဖြစ်၍၊ ခြေကိုမကျော့မိစေရန် စောင့်ထိန်းတော်မူလိမ့်မည်။
27 ကျေးဇူးခံသင့်သူတို့အား ကျေးဇူးပြုခွင့်ရှိလျှင်၊ မတွန့်တိုနှင့်။
28 လက်ဝယ်ပေးရန် ရှိလျက်၊ သွားတော့နက်ဖြန်ပြန်လာမှပေးမည်ဟု၊ အပေါင်းအဖော်အားမပြောနှင့်။
29 သင့်နှင့်အတူ စိတ်ချစွာနေထိုင်သူအပေါင်းအဖော်အား၊ အဆိုးကိုမကြံနှင့်။
30 သင်၌အဆိုးမပြုသူ့ကို၊ အကြောင်းမဲ့ခိုက်ရန်မပြုလင့်။
31 ကြမ်းကြုတ်သူကို မငြူစူဘဲ၊ သူ့အကျင့်တစ်စုံတစ်ရာကိုလည်းမရွေးမလိုက်နှင့်။
32 လိမ်လည်သောသူတို့သည်၊ ထာဝရဘုရား၏ မျက်မှောက်တော်တွင် စက်ဆုပ်ရွံရှာဖွယ်ဖြစ်လျက်၊ ဖြောင့်မှန်သောသူတို့ကား၊ ကိုယ်တော်နှင့်အကျွမ်းဝင်ကြ၏။
33 ဆိုးသွမ်းသူတို့၏အိမ်၌ထာဝရဘုရားထံမှ အမင်္ဂလာတည်၏။ ဖြောင့်မတ်သူတို့၏ နေထိုင်ရာကိုကား၊ မင်္ဂလာပေးတော်မူ၏။
34 မထီလေးစားပြုသူတို့အား၊ လေးစားတော်မမူ။ စိတ်နှိမ့်ချသူတို့ကိုကား၊ ကျေးဇူးသနားတော်မူ၏။
35 ပညာရှိတို့သည် ဘုန်းအသရေကို အပိုင်ရ၍၊ လူမိုက်တို့၌ ချီးမြှောက်ခြင်းကား၊ ရှုတ်ချခြင်းသာဖြစ်ရလိမ့်မည်။