ဆာလံ။ 150
1 ဟာလေလုယ၊ သန့်ရှင်းရာဌာနတော်၌ ဘုရားသခင်ကိုချီးမွမ်းကြလော့။ တန်ခိုးတော်ဆိုင်ရာမိုးပိတာန်၌ကိုယ်တော်ကိုချီးမွမ်းကြလော့။
2 တန်ခိုးကြီးသောအမှုတော်များအတွက်ချီးမွမ်းကြလော့။ လွန်ကဲသောဂုဏ်တော်အလျောက်ချီးမွမ်းကြလော့။
3 တံပိုးမှုတ်သံပြုလျက် ချီးမွမ်းကြလော့။ တယောနှင့်စောင်းတီးလျက်ချီးမွမ်းကြလော့။
4 ပတ်သာတီးလျက်ကခုန်လျက်ချီးမွမ်းကြလော့။ ကြိုးတပ်တူရိယာမျိုးများကိုတီး၍၊ နှဲခရာမှုတ်လျက်ချီးမွမ်းကြလော့။
5 အသံကျယ်သောလင်းကွင်းကိုတီးလျက် ချီးမွမ်းကြလော့။ အသံစူးသောသံလွင်ကိုတီးလျက်ချီးမွမ်းကြလော့။
6 ထွက်သက်ဝင်သက်ရှိသမျှသတ္တဝါတို့သည်၊ ထာဝရဘုရားကိုချီးမွမ်းကြစေ။ ဟာလေလုယ။