5
1 ထိုကြောင့်ခရစ်တော်ခံရသော ဒုက္ခများကို မျက်မြင်သက်သေဖြစ်လျက် ထင်ရှားမည့်ဘုန်းတော်ကို ဆက်ဆံသောဥက္ကဋ္ဌဖြစ်သူငါက သင်တို့ဘောင်တွင် ဥက္ကဋ္ဌချင်းတို့အား နှိုးဆော်လိုက်သည်မှာ၊
2 သင်တို့တွင်ရှိသော ဘုရားသခင့်သိုးတော်စုကို ဘုရားသခင့်အလိုတော်နှင့်အညီ မလွှဲမရှောင်သာ စိတ်ကင်း၍ စေတနာရှိသူအနေနှင့်လည်းေကာင်း၊ လောဘကင်း၍ စိတ်ထက်သန်သူအနေနှင့်လည်းကောင်း၊
3 ကိုယ့်ဆိုင်ရာသိုးတော်စုကို အစိုးတရပြုခြင်းကင်း၍ ပုံစံထားသူ အနေနှင့်လည်းေကာင်း ထိန်းကျောင်းကြလော့။
4 သို့ပြုလျှင် မဟာသိုးထိန်းတော် ပေါ်တော်မူသည့်ကာလ သင်တို့သည် မညှိုးမနွမ်းသောဘုန်းသရဖူကို ရကြလိမ့်မည်။
5 ထိုနည်းတူလူငယ်တို့၊ လူကြီးဖြစ်သူတို့အနော်အတာကို ခံလျက်နေကြလော့။ ဘုရားသခင်သည် မာနကြီးသူတို့ကိုခုခံ၍ စိတ်နှိမ့်ချသူတို့အား ကျေးဇူးသနားတော်မူသောကြောင့် စိတ်နှိမ့်ချခြင်းတန်ဆာကို အချင်းချင်းတို့ရှေ့ ရှိသမျှတို့ဆင်ကြလော့။
6 သို့နှင့် အညီအချိန်တန်သော် ဘုရားသခင်သည် သင်တို့ကိုချီးေမြှာက်တော်မူစေရန် တန်ခိုးကြီးသောလက်တော့်အောက် ကိုယ်ကိုနှိမ့်ချလျက်၊
7 သင်တို့အတွက် ကြောင့်ကြတော်မူသောကြောင့် သင်တို့စိုးရိမ်ခြင်းရှိသမျှကို ကိုယ်တော့်အပေါ်သို့လွှဲတင်ကြလော့။
8 သတိရှိလျက်စောင့်နေကြလော့။ သင်တို့ရန်ဘက်မာရ်နတ်သည် ဟောက်လျက်နေသော ခြင်္သေ့ကဲ့သို့ ဖမ်းစားရမည့်သူကို ရှာဖွေလှည့်လည်၍နေသဖြင့်၊
9 ဤလောကရှိ ညီအစ်ကိုချင်းများလည်း ထိုသို့သောဒုက္ခခံရကြောင်းသိသည့်အလျောက် ယုံကြည်ခြင်းတရား၌ တည်ကြည်လျက်ရပ်ခံကြလော့။
10 ခရစ်တော်အားဖြင့် ထာဝရဘုန်းတော်ကို ဝင်စားစေရန် သင်တို့ကိုခေါ်ထားတော်မူသော ကျေးဇူးအမျိုးမျိုးအရှင် ဘုရားသခင်သည် တစ်ခဏမျှဒုက္ခခံပြီးသောသင်တို့ကို ကိုယ်တော်တိုင်စုံလင်တည်ကြည်စေ၍ အားဖြင့်တည်ထောင်တော်မူလိမ့်မည်။
11 ထိုအရှင်သည် ကမ္ဘာအဆက်ဆက် တန်ခိုးတော်ကြီးပါစေသတည်း အာမင်။
12 ဘုရားသခင့်ကျေးဇူးတော်စစ်သည် ဤသို့ဖြစ်ကြောင်း နှိုးဆော်သက်သေခံလျက် ငါထင်မှတ်သည့်အတိုင်း သစ္စာရှိသူညီအစ်ကိုသိလွာနုလက်ဖြင့် ငါအတိုကောက်ရေးပို့လိုက်သတည်း။ ထိုကျေးဇူးတော်၌ တည်နေကြလော့။
13 ငါ့သားမာကုမှစ၍ သင်တို့ကဲ့သို့ရွေးကောက်တော်မူပြီးသော ဗာဗုလုန်မြို့ရှိ အသင်းတော်က သင်တို့ကိုနှုတ်ဆက်လိုက်၏။
14 တစ်ယောက်ကိုတစ်ယောက်မေတ္တာဖြင့် နမ်းရှုတ်လျက် နှုတ်ဆက်ကြလော့။
ခရစ်တော်၌ ရှိနေသောသင်တို့အပေါင်းတွင် ငြိမ်သက်ခြင်းတည်စေသတည်း။