33
1 မောရှေ၊ အာရုန်တို့လက်အောက်တွင် ဣသရေလအမျိုးသားတို့သည် အိဂျစ်ပြည်မှတပ်စဉ်အလိုက် ထွက်လာကြသည့်ကာလ၊
2 ထာဝရဘုရားမိန့်မှာတော်မူချက်အရ မောရှေရေးထားသောတပ်ချခြင်း၊ တပ်ချီခြင်းများကား၊
3-5 ဣသရေလအမျိုးသားတို့သည် ပထမလဆယ့်ငါးရက်နေ့၊ ပသခါပွဲလွန်တစ်ရက်တွင် အိဂျစ်ဘုရားများအား ဒဏ်စီရင်တော်မူသော ထာဝရဘုရားဒဏ်ခတ်တော်မူသည့် သားဦးဟူသမျှကို ပြည်သူပြည်သားတို့ သင်္ဂြိုဟ်ကြသည့်အတွင်း မောက်မာသောလက်ရုံးရည်ဖြင့် ထိုလူအပေါင်းတို့ရှေ့၊ ရာမသက်မြို့မှထွက်ချီပြီးလျှင် သုကုတ်မြို့၌စွဲရပ်ကြ၏။
6 သုကုတ်မြို့မှချီပြန်၍ သဲတောစ၊ ဧသံမြို့၌စွဲရပ်ကြ၏။
7 ဧသံမြို့မှချီပြန်၍ ဗာလဇေဖုန်မြို့ရင်ဆိုင်၊ ပိဟဟိရုတ်မြို့ကိုလှည့်လျက် မိဂဒေါလမြို့ရှေ့တွင် စွဲရပ်ကြ၏။
8 ဟဟိရုတ်မြို့ရှေ့မှချီပြန်၍ ပင်လယ်တွင်လျှောက်သွားလျက် သဲတောသို့ရောက်သော် ဧသံတော၌သုံးရက်ခရီးချီပြီးလျှင် မာရစခန်း၌စွဲရပ်ကြ၏။
9 မာရစခန်းမှချီပြန်၍ စမ်းရေတွင်းတစ်ဆယ့်နှစ်၊ စွန်ပလွံပင်ခုနစ်ဆယ်ရှိသော ဧလိမ်မြိုင်သို့ရောက်ရာ၊ စွဲရပ်ကြ၏။
10 ဧလိမ်မြိုင်မှချီပြန်၍ ပင်လယ်နီကမ်းခြေတွင်စွဲရပ်ကြ၏။
11 ပင်လယ်နီမှချီပြန်၍ သိန်တော၌စွဲရပ်ကြ၏။
12 သိန်တောမှချီပြန်၍ ဒေါဖကာစခန်း၌စွဲရပ်ကြ၏။
13 ဒေါဖကာစခန်းမှချီပြန်၍ အာလုရှစခန်း၌စွဲရပ်ကြ၏။
14 အာလုရှစခန်းမှချီပြန်၍ လူမျိုးတော်တို့သောက်ရန် ရေမရှိသောရေဖိဒိမ်စခန်း၌ စွဲရပ်ကြ၏။
15 ရေဖိဒိမ်စခန်းမှချီပြန်၍ သိနာတော၌စွဲရပ်ကြ၏။
16 သိနာတောမှချီပြန်၍ ကိဗြုတ်ဟတ္တဝါစခန်း၌စွဲရပ်ကြ၏။
17 ကိဗြုတ်ဟတ္တဝါစခန်းမှချီပြန်၍ ဟာဇရုတ်စခန်း၌စွဲရပ်ကြ၏။
18 ဟာဇရုတ်စခန်းမှချီပြန်၍ ရိသမစခန်း၌စွဲရပ်ကြ၏။
19 ရိသမစခန်းမှချီပြန်၍ ရိမ္မုန်ဖာရက်စခန်း၌စွဲရပ်ကြ၏။
20 ရိမ္မုန်ဖာရက်စခန်းမှချီပြန်၍ လိဗနစခန်း၌စွဲရပ်ကြ၏။
21 လိဗနစခန်းမှချီပြန်၍ ရိဿစခန်း၌စွဲရပ်ကြ၏။
22 ရိဿစခန်းမှချီပြန်၍ ကေဟလာသစခန်း၌စွဲရပ်ကြ၏။
23 ကေဟလာသစခန်းမှချီပြန်၍ ရှာဖာတောင်၌စွဲရပ်ကြ၏။
24 ရှာဖာတောင်မှချီပြန်၍ ဟာရဒစခန်း၌စွဲရပ်ကြ၏။
25 ဟာရဒစခန်းမှချီပြန်၍ မက္ကလုတ်စခန်း၌စွဲရပ်ကြ၏။
26 မက္ကလုတ်စခန်းမှချီပြန်၍ တာဟတ်စခန်း၌စွဲရပ်ကြ၏။
27 တာဟတ်စခန်းမှချီပြန်၍ တာရစခန်း၌စွဲရပ်ကြ၏။
28 တာရစခန်းမှချီပြန်၍ မိသကာစခန်း၌စွဲရပ်ကြ၏။
29 မိသကာစခန်းမှချီပြန်၍ ဟာရှ မောနစခန်း၌စွဲရပ်ကြ၏။
30 ဟာရှမောနစခန်းမှချီပြန်၍ မောသရုတ်စခန်း၌စွဲရပ်ကြ၏။
31 မောသရုတ်စခန်းမှချီပြန်၍ ဗင်္ယာကန်စခန်း၌စွဲရပ်ကြ၏။
32 ဗင်္ယာကန်စခန်းမှချီပြန်၍ ဟောရဂိဒ်ဂဒ်စခန်း၌စွဲရပ်ကြ၏။
33 ဟောရဂိဒ်ဂဒ်စားခန်းမှချီပြန်၍ ယုမ္ဘာသစခန်း၌စွဲရပ်ကြ၏။
34 ယုမ္ဘာသစခန်းမှချီပြန်၍ ဧဗြောနစခန်း၌စွဲရပ်ကြ၏။
35 ဧဗြောနစခန်းမှချီပြန်၍ ဧဇယုန်ဂါဗာမြို့၌စွဲရပ်ကြ၏။
36 ဧဇယုန်ဂါဗာမြို့မှချီပြန်၍ ဇိနတော၊ ကာဒေရှမြို့၌စွဲရပ်ကြ၏။
37 ကာဒေရှမြို့မှချီပြန်၍ ဧဒုံပြည်နယ်စပ်၊ ဟောရတောင်၌စွဲရပ်ကြ၏။
38 ပရောဟိတ်အာရုန်သည် ထာဝရဘုရားအမိန့်တော်အတိုင်း ဟောရတောင်ပေါ်သို့တက်ပြီးလျှင် အိဂျစ်ပြည်မှ ဣသရေလအမျိုးသားတို့ထွက်လာကြပြီးနောက် လေးဆယ်မြောက်သောနှစ်၊ ပဥ္စမလ၊ ပထမနေ့၌၊
39 အသက်တစ်ရာ့နှစ်ဆယ့်သုံးနှစ်တွင် ထိုတောင်ပေါ်မှာသေလွန်လေ၏။
40 ထိုကာလ ခါနာန်ပြည်၊ နေဂပ်ခရိုင်၌စံနေသော၊ ခါနာန်လူမျိုး၊ အာရဒ်ဘုရင်သည် ဣသရေလအမျိုးသားတို့ချီလာကြသောသတင်းကို ကြားလေ၏။
41 လူမျိုးတော်တို့လည်း ဟောရတောင်မှချီပြန်၍ ဇာလမောနစခန်း၌စွဲရပ်ကြ၏။
42 ဇာလမောနစခန်းမှချီပြန်၍ ပုနုန်စခန်း၌စွဲရပ်ကြ၏။
43 ပုနုန်စခန်းမှချီပြန်၍ သြဗုတ်စခန်း၌စွဲရပ်ကြ၏။
44 သြဗုတ်စခန်းမှချီပြန်၍ မောဘပြည်နယ်စွန်းရှိ ဣဇာဗာရိမ်စခန်း၌စွဲရပ်ကြ၏။
45 ဣဇာဗာရိမ်စခန်းမှချီပြန်၍ ဒိဘုန်ဂဒ်မြို့၌စွဲရပ်ကြ၏။
46 ဒိဘုန်ဂဒ်မြို့မှချီပြန်၍ အာလမုန်ဒိဗလသိမ်မြို့၌စွဲရပ်ကြ၏။
47 အာလမုန်ဒိဗလသိမ်မြို့မှချီပြန်၍ နေဗောတောင်ရင်ဆိုင်၊ အာဗာရိမ်တောင်တန်း၌စွဲရပ်ကြ၏။
48-49 အာဗာရိမ်တောင်တန်းမှချီပြန်၍ ယေရိခေါမြို့တစ်ဘက်၊ ယော်ဒန်မြစ်အနီး၊ မောဘလွင်ပြင်၊ ဗက်ယေရှိမုတ်မြို့မှ အာဗေလရှိတ္တိမ်မြို့ထိ စွဲရပ်ကြသတည်း။
50 ယေရိခေါမြို့တစ်ဘက်၊ ယော်ဒန်မြစ်အနီး၊ မောဘလွင်ပြင်၌မောရှေအား ထာဝရဘုရားက၊
51 ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ ယော်ဒန်မြစ်ကိုကူးချီ၍ ခါနာန်ပြည်သို့ရောက်ကြသည့်ကာလ၊
52 သင်တို့ရှေ့က တိုင်းရင်းသားအပေါင်းတို့ကိုနှင်ထုတ်လျက် ချင်းတို့ရုပ်လုံးပေါ်ကျောက်များနှင့် ဆင်းတုရှိသမျှကိုဖျက်ဆီးခြင်း၊ မြင့်ရာဌာနရှိသမျှကိုဖြိုဖျက်ခြင်းပြုပြီးလျှင်၊
53 ပိုင်ရာအဖြစ်ငါပေးသောတစ်ပြည်လုံးကို ပိုင်ယူလျက်နေရာကျကြလော့။
54 သင်တို့အဆက်အနွယ်များအလိုက် မဲချ၍အပိုင်ရကြစေ။ ဦးရေများလျှင် အပိုင်းကျယ်ကိုလည်းကောင်း၊ ဦးရေနည်းလျှင်အပိုင်းကျဉ်းကိုလည်းကောင်း မဲကျသည်နှင့်အညီ ပေးဝေကြလော့။ လူအသီးအသီးတို့သည် အနွယ်များအတိုင်း အပိုင်ရကြစေ။
55 သင်တို့ရှေ့က တိုင်းရင်းသားတို့ကို အကြွင်းမဲ့မနှင်ထုတ်ဘဲနေလျှင်မူကား ချန်ထားသောသူတို့သည်၊ သင်တို့မျက်စိများ၌ငြောင့်၊ နံဘေးများ၌ဆူးသဖွယ်ဖြစ်လျက် နေပြည်တွင် သင်တို့ကိုရန်မူကြသည့်ပြင်၊
56 ငါလည်း ထိုသူတို့အပေါ်တွင် စီရင်မည့်အကြံအတိုင်း သင်တို့၌စီရင်မည့်အကြောင်း ဆင့်ဆိုလော့ဟု မိန့်တော်မူ၏။