30
ဣသရေလအမျိုးအနွယ်အသီးအသီး၏ အအုပ်အချုပ်တို့အား မောရှေက၊ ထာဝရဘုရားမိန့်မှာတော်မူချက်မှာ ယောက်ျားတစ်ဦးသည်၊ ထာဝရဘုရားအဖို့သစ္စာဝတ်ထားသော်လည်းကောင်း၊ ကိုယ်ကိုချုပ်တည်းရန်ကျိန်ဆိုသော်လည်းကောင်း၊ မဖောက်မကျော်ဘဲ နှုတ်ထွက်သမျှအတိုင်းပြုစေ။ အဘအုပ်ထိန်းသောပျိုရွယ်သူမိန်းမလည်း ထာဝရဘုရားအဖို့သစ္စာဝတ်ထားခြင်း၊ ကိုယ်ကိုချုပ်တည်းရန်ဝန်ခံခြင်းပြုသော်၊ ထိုသို့ပြုသည်ကိုအဘကြားလျက် ဆိတ်ဆိတ်နေလျှင် သစ္စာဝတ်ထားသမျှ၊ ချုပ်တည်းရန်ဝန်ခံသမျှအတိုင်းတည်စေ။ အဘသည်ကြားသောနေ့၌ မြစ်တားလျှင်မူကား သစ္စာဝတ်ထားသမျှ၊ ချုပ်တည်းရန်ဝန်ခံသမျှမတည်။ အဘမြစ်တားသည့်အတွက် ထာဝရဘုရားချမ်းသာပေးတော်မူမည်။ ထိုသို့သောမိန်းမသည် သစ္စာဝတ်ထားချက်၊ ချုပ်တည်းရန်ဝန်ခံမိချက်များအရ ပြုရသည့်အတွင်း လင်ရ၍၊ လင်ကြားသိသောနေ့၌ ဆိတ်ဆိတ်နေလျှင် သစ္စာဝတ်ထားချက်၊ ချုပ်တည်းရန်ဝန်ခံချက်များအတိုင်းတည်စေ။ လင်သည်ကြားသိသောနေ့၌ မြစ်တားလျှင်မူကား သစ္စာဝတ်ထားချက်၊ ချုပ်တည်းရန်ဝန်ခံမိချက်များကိုဖျက်စေ။ ထာဝရဘုရားလည်း ချမ်းသာပေးတော်မူမည်။ လင်သေ၊ လင်ကွာမိန်းမမှာမူ ချုပ်တည်းရန်ဝန်ခံသမျှအတိုင်းတည်စေ။ 10 လင်ရှိသောမိန်းမကား သစ္စာဝတ်ထားခြင်း၊ ချုပ်တည်းရန်ကျိန်ဆိုခြင်းပြုသည်ကို၊ 11 လင်ကြားလျက် မမြစ်တားဘဲဆိတ်ဆိတ်နေလျှင် သစ္စာဝတ်ထားသမျှ ချုပ်တည်းရန်ဝန်ခံသမျှအတိုင်းတည်စေ။ 12 လင်သည်ကြားသောနေ့၌ ပယ်ဖျက်လျှင်မူကား၊ နှုတ်ထွက်သမျှသောသစ္စာဝတ်ထားချက် ချုပ်တည်းရန်ဝန်ခံချက်များမတည်။ လင်ဖျက်သည်နှင့် အညီ၊ ထာဝရဘုရားချမ်းသာပေးတော်မူမည်။ 13 လင်သည် သစ္စာဝတ်ထားသမျှ၊ ခြိုးခြံရန်ကျိန်ဆိုသမျှကိုတည်စေခွင့်၊ ပယ်ဖျက်ခွင့်ရှိ၏။ 14 အကယ်၍ လင်သည်နေ့တိုင်းဆိတ်ဆိတ်နေလျှင် သစ္စာဝတ်ထားသမျှ၊ ဝန်ခံသမျှကိုတည်စေရာရောက်၏။ 15 ကြားသောနေ့၌ဆိတ်ဆိတ်နေခဲ့သည်နှင့်အညီ တည်စေပြီးသည့်နောက် ပယ်ဖျက်လျှင်၊ မယားအတွက်ဒုစရိုက်ဝန်ကိုထမ်းစေဟု မိန့်တော်မူကြောင်းဆင့်ဆိုလေ၏။ 16 လင်နှင့်မယားကိုစပ်လျဉ်း၍လည်းကောင်း၊ အဘအုပ်ထိန်းသောပျိုရွယ်သူသမီးနှင့် အဘကိုစပ်လျဉ်း၍လည်းကောင်း၊ မောရှေအားထာဝရဘုရားမိန့်မှာတော်မူသော ထုံးဖွဲ့ချက်များကားထိုသို့တည်း။ ္ယ