29
သတ္တမလပထမနေ့၌လည်း တံပိုးမှုတ်ရာပွဲနေ့ဖြစ်၍ ကြိုးကြိုးပန်းပန်းမလုပ်ဘဲ ဓမ္မအစည်းအဝေးပြုရာတွင်၊ စိတ်တော်ပြေဖွယ်ရနံ့၊ မီးရှို့ရာသက္ကာအဖြစ်၊ ကြန်အင်စုံသောနွားပေါက်တစ်ကောင်၊ သိုးထီးတစ်ကောင်၊ အခါလည်သောသိုးသားငယ်အထီး ခုနစ်ကောင်ကိုလည်းကောင်း၊ ဘောဇဉ်သက္ကာအဖြစ်၊ နွားပေါက်နှင့်တကွ ဆီရောပြီးမုန့်ညက်သုံးစရွတ်၊ သိုးထီးနှင့်တကွနှစ်စရွတ်၊ သိုးသားငယ်ခုနစ်ကောင်အသီးအသီးနှင့်တကွ၊ တစ်စရွတ်စီကိုလည်းကောင်း၊ သင်တို့အပြစ်အဖို့ဖြေခြင်းကိုပြုရန် အပြစ်ဖြေရာသက္ကာအဖြစ် ဆိတ်ထီးတစ်ကောင်ကိုလည်းကောင်း၊ လဆန်းနေ့မီးရှို့ရာသက္ကာ၊ ဆက်မြဲမီးရှို့ရာသက္ကာ၊ ဆုံးဖြတ်ချက်အရအသီးအသီးဆိုင်ရာဘောဇဉ်သက္ကာနှင့် သွန်းလောင်းရာသက္ကာများပြင်၊ စိတ်တော်ပြေဖွယ်ရနံ့၊ မီးပူဇော်ရာအဖြစ် ထာဝရဘုရားထံပူဇော်ကြလော့။
ထိုသတ္တမလတွင် ဒသမနေ့၌လည်း အမှုအရေးမည်သည်ကိုမျှမလုပ်ဆောင်ဘဲ ခြိုးခြံစွာပြုလျက်ဓမ္မအစည်းအဝေးပြုရာ၊ စိတ်တော်ပြေဖွယ်ရနံ့၊ မီးရှို့ရာသက္ကာအဖြစ် ကြန်အင်စုံသောနွားပေါက်တစ်ကောင်၊ သိုးထီးတစ်ကောင်၊ အခါလည်သောသိုးသားငယ် ခုနစ်ကောင်ကိုလည်းကောင်း၊ ဘောဇဉ်သက္ကာအဖြစ်၊ နွားပေါက်နှင့်တကွ ဆီရောပြီးမုန့်ညက်သုံးစရွတ်၊ သိုးထီးနှင့်တကွ နှစ်စရွတ်၊ 10 သိုးသားငယ်ခုနစ်ကောင်အသီးအသီးနှင့်တကွ တစ်စရွတ်စီကိုလည်းကောင်း၊ အပြစ်ဖြေရာသက္ကာအဖြစ် ဆိတ်ထီးတစ်ကောင်ကိုလည်းကောင်း၊ 11 အပြစ်အဖို့ဖြေခြင်းကိုပြုသော အပြစ်ဖြေရာသက္ကာ၊ ဆက်မြဲမီးရှို့ရာသက္ကာ၊ ဆိုင်ရာဘောဇဉ်သက္ကာနှင့်သွန်းလောင်းရာသက္ကာများပြင် ထာဝရဘုရားထံဆက်ကပ်ကြလော့။
12 သတ္တမလဆယ့်ငါးရက်နေ့ကစ၍ ထာဝရဘုရားရှေ့ခုနစ်ရက်ပတ်လုံးပူဇော်ပွဲကျင်းပကြရာ ပထမနေ့တွင်ကြိုးကြိုးပန်းပန်းမလုပ်ဘဲ ဓမ္မအစည်းအဝေးပြုရာ၌၊ 13 စိတ်တော်ပြေဘွယ်ရနံ့၊ မီးပူဇော်ရာ၊ မီးရှို့ရာသက္ကာအဖြစ် ကြန်အင်စုံသောနွားပေါက်ဆယ့်သုံးကောင်၊ သိုးထီးနှစ်ကောင်၊ အခါလည်သောသိုးသားငယ်အထီး ဆယ့်လေးကောင်ကိုလည်းကောင်း၊ 14 ဘောဇဉ်သက္ကာအဖြစ်၊ နွားပေါက်ဆယ့်သုံးကောင်အသီးအသီးနှင့်တကွ ဆီရောပြီးမုန့်ညက်သုံးစရွတ်စီ၊ သိုးထီးနှစ်ကောင်အသီးအသီးနှင့်တကွ နှစ်စရွတ်စီ။ 15 သိုးသားငယ်ဆယ့်လေးကောင် အသီးအသီးနှင့်တကွ တစ်စရွတ်စီကိုလည်းကောင်း၊ 16 အပြစ်ဖြေရာသက္ကာအဖြစ်၊ ဆိတ်ထီးတစ်ကောင်ကိုလည်းကောင်း၊ ဆက်မြဲမီးရှို့ရာသက္ကာ၊ ဆိုင်ရာဘောဇဉ်သက္ကာနှင့်သွန်းလောင်းရာသက္ကာများပြင် ထာဝရဘုရားထံဆက်ကပ်ကြလော့။
17 ဒုတိယနေ့၌ ကြန်အင်စုံသောနွားပေါက်ဆယ့်နှစ်ကောင်၊ သိုးထီးနှစ်ကောင်၊ အခါလည်သောသိုးသားငယ်အထီး ဆယ့်လေးကောင်ကိုလည်းကောင်း၊ 18 ကောင်ရေအလိုက် နွားပေါက်၊ သိုးထီး၊ သိုးသားငယ်များနှင့်တကွ ဆုံးဖြတ်ချက်အရ ဆိုင်ရာဘောဇဉ်သက္ကာ၊ သွန်းလောင်းရာသက္ကာများကိုလည်းကောင်း၊ 19 အပြစ်ဖြေရာသက္ကာအဖြစ် ဆိတ်ထီးတစ်ကောင်ကိုလည်းကောင်း၊ ဆက်မြဲမီးရှို့ရာသက္ကာ၊ ဆိုင်ရာဘောဇဉ်သက္ကာနှင့် သွန်းလောင်းရာသက္ကာများပြင် ဆက်ကပ်ကြလော့။
20 တတိယနေ့၌ ကြန်အင်စုံသောနွားပေါက်ဆယ့်တစ်ကောင်၊ သိုးထီးနှစ်ကောင်၊ အခါလည်သောသိုးသားငယ်အထီး ဆယ့်လေးကောင်ကိုလည်းကောင်း၊ 21 ကောင်ရေအလိုက် နွားပေါက်၊ သိုးထီး၊ သိုးသားငယ်များနှင့်တကွ ဆုံးဖြတ်ချက်အရ ဆိုင်ရာဘောဇဉ်သက္ကာ၊ သွန်းလောင်းရာသက္ကာများကိုလည်းကောင်း၊ 22 အပြစ်ဖြေရာသက္ကာအဖြစ်၊ ဆိတ်ထီးတစ်ကောင်ကိုလည်းကောင်း၊ ဆက်မြဲမီးရှို့ရာသက္ကာ၊ ဆိုင်ရာဘောဇဉ်သက္ကာနှင့်သွန်းလောင်းရာသက္ကာများပြင် ဆက်ကပ်ကြလော့။
23 စတုတ္ထနေ့၌ ကြန်အင်စုံသောနွားပေါက်ဆယ်ကောင်၊ သိုးထီးနှစ်ကောင်၊ အခါလည်သောသိုးသားငယ်အထီး ဆယ့်လေးကောင်ကိုလည်းကောင်း၊ 24 ကောင်ရေအလိုက် နွားပေါက်၊ သိုးထီး၊ သိုးသားငယ်များနှင့်တကွ၊ ဆုံးဖြတ်ချက်အရဆိုင်ရာဘောဇဉ်သက္ကာ၊ သွန်းလောင်းရာသက္ကာများကိုလည်းကောင်း၊ 25 အပြစ်ဖြေရာသက္ကာအဖြစ် ဆိတ်ထီးတစ်ကောင်ကိုလည်းကောင်း၊ ဆက်မြဲမီးရှို့ရာသက္ကာ၊ ဆိုင်ရာဘောဇဉ်သက္ကာနှင့်သွန်းလောင်းရာသက္ကာများပြင် ဆက်ကပ်ကြလော့။
26 ပဥ္စမနေ့၌ ကြန်အင်စုံသောနွားပေါက်ကိုးကောင်၊ သိုးထီးနှစ်ကောင်၊ အခါလည်သောသိုးသားငယ်အထီး ဆယ့်လေးကောင်ကိုလည်းကောင်း၊ 27 ကောင်ရေအလိုက် နွားပေါက်၊ သိုးထီး၊ သိုးသားငယ်များနှင့်တကွ၊ ဆုံးဖြတ်ချက်အရဆိုင်ရာဘောဇဉ်သက္ကာ၊ သွန်းလောင်းရာသက္ကာများကိုလည်းကောင်း၊ 28 အပြစ်ဖြေရာသက္ကာအဖြစ်၊ ဆိတ်ထီးတစ်ကောင်ကိုလည်းကောင်း၊ ဆက်မြဲမီးရှို့ရာသက္ကာ၊ ဆိုင်ရာဘောဇဉ်သက္ကာနှင့်သွန်းလောင်းရာသက္ကာများပြင် ဆက်ကပ်ကြလော့။
29 ဆဌမနေ့၌ ကြန်အင်စုံသောနွားပေါက်ရှစ်ကောင်၊ သိုးထီးနှစ်ကောင်၊ အခါလည်သောသိုးသားငယ်အထီး ဆယ့်လေးကောင်ကိုလည်းကောင်း၊ 30 ကောင်ရေအလိုက် နွားပေါက်၊ သိုးထီး၊ သိုးသားငယ်များနှင့်တကွ ဆုံးဖြတ်ချက်အရဆိုင်ရာဘောဇဉ်သက္ကာ၊ သွန်းလောင်းရာသက္ကာများကိုလည်းကောင်း၊ 31 အပြစ်ဖြေရာသက္ကာအဖြစ် ဆိတ်ထီးတစ်ကောင်ကိုလည်းကောင်း၊ ဆက်မြဲမီးရှို့ရာသက္ကာ၊ ဆိုင်ရာဘောဇဉ်သက္ကာနှင့်သွန်းလောင်းရာသက္ကာများပြင် ဆက်ကပ်ကြလော့။
32 သတ္တမနေ့၌ ကြန်အင်စုံသောနွားပေါက်ခုနစ်ကောင်၊ သိုးထီးနှစ်ကောင်၊ အခါလည်သောသိုးသားငယ်အထီး ဆယ့်လေးကောင်ကိုလည်းကောင်း၊ 33 ကောင်ရေအလိုက် နွားပေါက်၊ သိုးထီး၊ သိုးသားငယ်များနှင့်တကွ ဆုံးဖြတ်ချက်အရဆိုင်ရာဘောဇဉ်သက္ကာ၊ သွန်းလောင်းရာသက္ကာများကိုလည်းကောင်း၊ 34 အပြစ်ဖြေရာသက္ကာအဖြစ်၊ ဆိတ်ထီးတစ်ကောင်ကိုလည်းကောင်း၊ ဆက်မြဲမီးရှို့ရာသက္ကာ၊ ဆိုင်ရာဘောဇဉ်သက္ကာနှင့်သွန်းလောင်းရာသက္ကာများပြင် ဆက်ကပ်ကြလော့။
35 အဌမနေ့၌ ကြိုးကြိုးပန်းပန်းမလုပ်ဘဲ အစုအရုံးကြီးပြုရာတွင်၊ 36 စိတ်တော်ပြေဖွယ်ရနံ့၊ မီးပူဇော်ရာ၊ မီးရှို့ရာသက္ကာအဖြစ် ကြန်အင်စုံသောနွားပေါက်တစ်ကောင်၊ သိုးထီးတစ်ကောင်၊ အခါလည်သောသိုးသားငယ် အထီးခုနစ်ကောင်ကိုလည်းကောင်း၊ 37 ကောင်ရေအလိုက် နွားပေါက်၊ သိုးထီး၊ သိုးသားငယ်များနှင့်တကွ ဆုံးဖြတ်ချက်အရဆိုင်ရာဘောဇဉ်သက္ကာ၊ သွန်းလောင်းရာသက္ကာများကိုလည်းကောင်း၊ 38 အပြစ်ဖြေရာသက္ကာအဖြစ်၊ ဆိတ်ထီးတစ်ကောင်ကိုလည်းကောင်း၊ ဆက်မြဲမီးရှို့ရာသက္ကာ၊ ဆိုင်ရာဘောဇဉ်သက္ကာနှင့်သွန်းလောင်းရာသက္ကာများပြင် ထာဝရဘုရားထံဆက်ကပ်ကြလော့။
39 ပြုမြဲပွဲများ၌ သစ္စာဝတ်အလျောက်၊ စေတနာအလျောက်အလှူဒါနများပြင် မီးရှို့ရာသက္ကာ၊ ဘောဇဉ်သက္ကာ၊ သွန်းလောင်းရာသက္ကာ၊ မိတ်သဟာယသက္ကာများအဖြစ် ထိုအရာများကို ထာဝရဘုရားထံပူဇော်ကြရမည့်အကြောင်း ဆင့်ဆိုလော့ဟု 40 ထာဝရဘုရားမိန့်မှာတော်သမျှအတိုင်း ဣသရေလအမျိုးသားတို့အား မောရှေဆင့်ဆိုလေ၏။